Connect with us

China

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တရုတ်ဒိုင်လူကြီးသုံးဦး ရွေးချယ်ခံရ

ကာတာနိုင်ငံ လူဆာအီလ်မြို့ရှိ လူဆာအီလ် အားကစားကွင်း၌ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က ဂျော်ဒန်နှင့် ကာတာအသင်းတို့ ယှဉ်ပြိုင်ကစားသည့် အေအက်ဖ်စီ အာရှဖလား ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ အမှတ်တရဓာတ်ပုံရိုက်နေသော ဒိုင်လူကြီးများဖြစ်သည့် ဖုမင် (ဝဲ-ပထမ)၊ မာနင်း (ယာ-ဒုတိယ) တို့ကို တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၁၀ ရက် (ဆင်ဟွာ)

တရုတ်ဒိုင်လူကြီးများဖြစ်သည့် မာနင်း၊ ဖုမင်၊ ကျိုးဖေးတို့မှာ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဒိုင်လူကြီးများအဖြစ် တာဝန်ပေးခံရကြောင်း တရုတ်ဘောလုံးအဖွဲ့ချုပ်က ဧပြီ ၉ ရက်၌ အတည်ပြုခဲ့သည်။
မာမှာ ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူဆောင်ရွက်မည်ဖြစ်ကာ ကျိုးမှာ အကူဒိုင်အဖြစ်လည်းကောင်း၊ ဖုမှာ ဗီဒီယိုအကူဒိုင်အဖြစ်လည်းကောင်း အသီးသီးဆောင်ရွက်သွားမည်ဟု သိရသည်။
မာအနေဖြင့် ကာတာနိုင်ငံတွင် ကျင်းပသည့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် စတုတ္ထဒိုင်အဖြစ် ဆောင်ရွက်ခဲ့သလို ဘောလုံးပွဲစဉ် အများအပြားတွင် တာဝန်ယူဆောင်ရွက်ခဲ့ပြီးနောက် ဖီဖာကမ္ဘာ့ဖလား ဒိုင်လူကြီးစာရင်း၌ ဒုတိယအကြိမ် ပါဝင်လာခြင်းလည်းဖြစ်သည်။ သို့ဖြစ်၍ အသက် ၄၆ နှစ်အရွယ် မာသည် ကမ္ဘာ့ဖလားပြိုင်ပွဲနှစ်ခုတွင် ပါဝင်သည့် ပထမဆုံး တရုတ်ဒိုင်လူကြီး ဖြစ်လာမည်ဖြစ်သည်။

ဖုနှင့် ကျိုးတို့မှာမူ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပထမဆုံးအကြိမ် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။
လွန်ခဲ့သောနှစ်များအတွင်း တရုတ်ဒိုင်လူကြီးများသည် အထင်ကရ နိုင်ငံတကာ ပြိုင်ပွဲကြီးများတွင် မကြာခဏ ပါဝင်လာခဲ့သည်။ မာနှင့် ဖုတို့မှာ ၂၀၂၅ ခုနှစ်က ပြိုင်ပွဲဝင်အသင်းအရေအတွက် တိုးချဲ့ကာ အသွင်သစ်ဖြင့် ပထမဆုံးကျင်းပခဲ့သည့် ဖီဖာကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲတွင်လည်း ပွဲကြီးကြပ်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
မာနင်း၊ ဖုမင်၊ ကျိုးဖေးနှင့် ကျန်းချိန် တို့ ပါဝင်သည့် တရုတ်ဒိုင်အဖွဲ့သည် ကာတာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ၂၀၂၃ အေအက်ဖ်စီ အာရှဖလား ဗိုလ်လုပွဲတွင် တာဝန်ယူဆောင်ရွက်ခဲ့ရာ အဆိုပါပြိုင်ပွဲ၏ ဗိုလ်လုပွဲတွင် တရုတ်ဒိုင်လူကြီးများ ပထမဆုံးအကြိမ် တာဝန်ယူခဲ့ခြင်းလည်းဖြစ်သည်။

၂၀၂၆ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲအား အမေရိကန်၊ ကနေဒါနှင့် မက္ကဆီကိုနိုင်ငံတို့တွင် ဇွန် ၁၁ ရက်မှ ဇူလိုင် ၁၉ ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ အသင်းပေါင်း ၄၈ သင်း တိုးမြှင့်ပါဝင်သည့် ပုံစံဖြင့် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ (Xinhua)

ကာတာနိုင်ငံ အယ်လ် ဝါကရာမြို့ရှိ အယ်လ် ဂျာနော့ဘ် အားကစားကွင်း၌ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၂၈ ရက်က ဆားဘီးယားအသင်းနှင့် ကင်မရွန်းအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၂ ဖီဖာကမ္ဘာ့ဖလား အုပ်စု-G ပွဲစဉ်မတိုင်မီ မာနင်းအား တွေ့ရစဉ် (ဆင်ဟွာ)

ဖီဖာကမ္ဘာ့ဖလား ဆုဖလားအား တွေ့ရစဉ် (ဓာတ်ပုံ- Photo courtesy of FIFA)

………………
(English Version)
Three Chinese referees selected for 2026 FIFA World Cup
BEIJING, April 9 (Xinhua) — The Chinese Football Association confirmed Thursday that referees Ma Ning, Fu Ming and Zhou Fei have been appointed as referees for the 2026 FIFA World Cup.
Ma will serve as a referee, Zhou as an assistant referee, and Fu as a video assistant referee.
It will mark the second time Ma has been included on the FIFA World Cup referee list after serving as a fourth official at the 2022 FIFA World Cup in Qatar and officiating in several matches. The 46-year-old is set to become the first Chinese referee to take part in two editions of the World Cup.
Fu and Zhou, meanwhile, will both make their FIFA World Cup debuts.
In recent years, Chinese referees have made frequent appearances at major international competitions. Ma and Fu officiated at the inaugural expanded FIFA Club World Cup in 2025.
A Chinese refereeing team consisting of Ma Ning, Fu Ming, Zhou Fei and Zhang Cheng also took charge of the final of the 2023 AFC Asian Cup in Qatar, marking the first time Chinese referees had officiated the final of the tournament.
The 2026 FIFA World Cup will be held June 11-July 19 across the United States, Canada and Mexico, and will feature an expanded 48-team format.
English Caption 1
Referee Fu Ming (1st L) and Ma Ning (2nd R) pose for photographs during the awarding ceremony after the final between Jordan and Qatar at AFC Asian Cup Qatar at Lusail Stadium in Lusail, Qatar, Feb. 10, 2024. (Xinhua/Jiang Han)
English Caption 2
Ma Ning before the Group G match between Serbia and Cameroon at the 2022 FIFA World Cup at Al Janoub Stadium in Al Wakrah, Qatar on Nov. 28, 2022. (Xinhua/Xu Zijian)
English Caption 3
The FIFA World Cup trophy. (Photo courtesy of FIFA)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.