China
တရုတ်ပြည်မကြီးသို့ ၆ ရက်ကြာ ခရီးစဉ်လာရောက်ပြီးနောက် KMT ပါတီ ဥက္ကဋ္ဌ ပြန်လည်ထွက်ခွာ
ပေကျင်း၊ ဧပြီ ၁၂ ရက် (ဆင်ဟွာ)
တရုတ်ကူမင်တန် (KMT) ပါတီ ဥက္ကဋ္ဌ ကျိန့်လိဝန် ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်မကြီးသို့ ၆ ရက်ကြာ ခရီးစဉ်လာရောက်မှု ပြီးဆုံးပြီးနောက် ဧပြီ ၁၂ ရက် မွန်းလွဲပိုင်းတွင် ပေကျင်းမြို့မှ ထိုင်ဝမ်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ထိုင်ဝမ်ရေးရာရုံး အကြီးအကဲ စုန့်ထောင်းက အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပေကျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လိုက်လံပို့ဆောင် နှုတ်ဆက်ခဲ့သည်။ကျိန့်နှင့် ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၁၂ ရက် နံနက်ပိုင်းက Xiaomi မော်တော်ယာဉ်ထုတ်လုပ်ရေးစက်ရုံသို့ သွားရောက်လေ့လာစဉ် တရုတ်ပြည်မကြီး၌ စွမ်းအင်သစ်အသုံးပြု မော်တော်ယာဉ်များ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ ထုတ်လုပ်မှုတို့တွင် လတ်တလော တိုးတက်မှုများနှင့် စပ်လျဉ်း၍ ၎င်းတို့အား ရှင်းလင်းပြောဆိုခဲ့ကြောင်း သိရသည်။
ကျိန့်က မော်တော်ယာဉ်တစ်စီး၏ ယာဉ်မောင်းထိုင်ခုံတွင် ထိုင်ကာ ထိုမော်တော်ယာဉ်၏ ဉာဏ်ရည်ရှိ၍ အသုံးပြုရလွယ်ကူသော ဒီဇိုင်းပုံစံတို့ကို ချီးကျူးပြောဆိုခဲ့သည်။အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် ဧပြီ ၇ ရက်မှ ၁၂ ရက်အထိ ကျန်းဆူးပြည်နယ်၊ ရှန်ဟိုင်းနှင့် ပေကျင်းမြို့များသို့ သွားရောက်လည်ပတ်ခဲ့သည်။ ယခုခရီးစဉ်သည် KMT ပါတီဥက္ကဋ္ဌ ဦးဆောင်သည့် ပါတီကိုယ်စားလှယ်အဖွဲ့က ဆယ်စုနှစ်တစ်ခုအတွင်း တရုတ်ပြည်မကြီးသို့ ပထမဆုံးအကြိမ် ခရီးစဉ်လာရောက်ခြင်းလည်းဖြစ်သည်။ (Xinhua)
…………………………………………………
(English Version)KMT chairwoman leaves mainland after 6-day visitBEIJING, April 12 (Xinhua) — A delegation led by Cheng Li-wun, chairwoman of the Chinese Kuomintang (KMT) party, wrapped up its six-day visit to the Chinese mainland and departed Beijing for Taiwan on Sunday afternoon.Song Tao, head of the Taiwan Work Office of the Communist Party of China Central Committee, saw the delegation off at the Beijing Capital International Airport.On Sunday morning, Cheng and her delegation visited a Xiaomi auto factory, where they were briefed on the latest developments in the production and R&D of new energy vehicles on the mainland.Cheng also sat in the driver’s seat of a vehicle, praising its intelligent and user-friendly design.From Tuesday to Sunday, the delegation toured Jiangsu Province, Shanghai and Beijing. This marks the first visit in a decade of a KMT delegation led by its chairperson to the mainland.English CaptionA delegation of the Chinese Kuomintang (KMT) party, led by its chairwoman Cheng Li-wun for a mainland visit, arrives at Shanghai Hongqiao International Airport, in Shanghai, east China, April 7, 2026. (Xinhua/Xing Guangli)
