China
ပါကစ္စတန်တွင် ပြုလုပ်သည့် အမေရိကန်-အီရန် ဆွေးနွေးပွဲက အခြေအနေတင်းမာမှုများ လျှော့ချရေးအတွက် ခြေလှမ်းအစဖြစ်ဟု တရုတ်နိုင်ငံ ပြောကြား
ပေကျင်း၊ ဧပြီ ၁၃ ရက် (ဆင်ဟွာ)
ပါကစ္စတန်နိုင်ငံတွင် ပြုလုပ်ခဲ့သည့် အမေရိကန်-အီရန် ဆွေးနွေးပွဲမှာ အခြေအနေတင်းမာမှုများကို လျှော့ချရေးအတွက် ခြေလှမ်းအစဖြစ်သည်ဟု ဧပြီ ၁၃ ရက် သတင်းစာရှင်းလင်းပွဲ၌ ယင်းနှင့်သက်ဆိုင်သည့် မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။
“ပါရှန်ပင်လယ်ကွေ့ဒေသမှာ တိုက်ပွဲတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးဖို့နဲ့ တည်ငြိမ်အေးချမ်းမှုတွေ စောစီးစွာ ပြန်လည်ရရှိနိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးဖို့အတွက် သက်ဆိုင်တဲ့နိုင်ငံအားလုံးအနေနဲ့ ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီမှုကို လိုက်နာဆောင်ရွက်ပြီး ပဋိပက္ခတွေကို နိုင်ငံရေးနဲ့ သံတမန်ရေးလမ်းကြောင်းတွေကနေ အဖြေရှာဖို့ ဆက်လက်ကတိကဝတ်ပြုသွားမယ်လို့ တရုတ်နိုင်ငံက မျှော်လင့်ပါတယ်” ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက နေ့စဉ်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ (Xinhua)
……………………………………………
(English Version)
China says U.S.-Iran talks in Pakistan a step towards deescalation of situationBEIJING,
April 13 (Xinhua) — The U.S.-Iran talks held in Pakistan are a step towards the deescalation of the situation, a Chinese foreign ministry spokesperson said on Monday in response to a related query.”China hopes that all relevant parties will follow the temporary ceasefire arrangement and stay committed to political and diplomatic channels in settling disputes, so as to avoid flare-ups of fighting again and create conditions for the early restoration of peace and tranquility in the Gulf region,” spokesperson Guo Jiakun said at a daily press briefing. English CaptionThis photo taken on April 11, 2026 shows an interior view of the press center for the talks between the United States and Iran in Islamabad, Pakistan. (Xinhua/Wang Shen)
