Connect with us

China

အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် စီနှင့် အန်တို့ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၉ ရက်က ကျင်းပသော ၂၀၂၆ မလေးရှားအိုးပင်း ကြက်တောင်ပြိုင်ပွဲတွင် တရုတ် (ဟောင်ကောင်) မှ Lee Cheuk Yiu နှင့် ယှဉ်ပြိုင်ကစားသည့် အမျိုးသားတစ်ဦးချင်း ကွာတားဖိုင်နယ်ပွဲစဉ်၌ တရုတ်နိုင်ငံမှ စီယွီချီ၏ တန်ပြန်ရိုက်ချက်အား တွေ့ရစဉ် (ဆင်ဟွာ)

နင်းပေါ၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ဧပြီ ၈ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲတွင် တရုတ်နိုင်ငံမှ စီယွီချီနှင့် တောင်ကိုရီးယားနိုင်ငံမှ အန်ဆေယောင်းတို့က အဖွင့်ပွဲစဉ်များတွင် ဆက်တိုက်အနိုင်ရရှိပြီးနောက် အမျိုးသားနှင့် အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များတွင် နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
ဆီဒင်-၂ ကြက်တောင်ကစားသမား စီက တည်ငြိမ်သည့် လက်စွမ်းကို ပြသကာ တရုတ် (ထိုင်ပေ) မှ လီကျားဟောင် ကို ၂၁-၁၅၊ ၂၁-၁၇ မှတ်ဖြင့် အနိုင်ယူခဲ့သည်။
“ကျွန်တော် အာရှချန်ပီယံရှစ်မှာ ဗိုလ်မစွဲဖူးသေးပါဘူး။ ဒီတစ်ကြိမ်တော့ ကျွန်တော် ထိုးဖောက်အောင်မြင်မှုရအောင် လုပ်နိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့ကာ မကြာမီက လေ့ကျင့်ရေးလုပ်ဆောင်ရာတွင်လည်း ပုံစံကောင်းရရှိခဲ့သည်ဟု ဆိုသည်။
“ကျွန်တော် Thomas Cup ပြိုင်ပွဲအတွက် ကစားအားချွေတာဖို့ ဒီပြိုင်ပွဲမှာ လုံးဝထိန်းကစားမှာ မဟုတ်ပါဘူး။ ဒီပြိုင်ပွဲက ကျွန်တော်တို့လို အမျိုးသားတစ်ဦးချင်း ကစားသမားတွေအတွက်တင်မကဘဲ ကျွန်တော်တစ်ဦးတည်းအတွက်လည်း သိပ်ကိုအရေးပါတယ်” ဟု ၎င်းက ပြောသည်။
အခြားသော အမျိုးသားတစ်ဦးချင်း ပွဲစဉ်များတွင် လက်ရှိချန်ပီယံ Kunlavut Vitidsarn က တရုတ် (ဟောင်ကောင်) မှ ဝူကျားလန် ကို ၂၁-၁၄၊ ၂၁-၁၈ မှတ်ဖြင့် အနိုင်ရရှိခဲ့ပြီး လီရှီးဖုန်း ကမူ အိန္ဒိယနိုင်ငံမှ အာယုရှ် ရှက်တီကို အံ့အားသင့်ဖွယ် နှစ်ပွဲပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခွာခဲ့ရသည်။
အမျိုးသမီး တစ်ဦးချင်းပွဲစဉ်များတွင် ဆီဒင်-၁ နှင့် ကမ္ဘာ့အဆင့်တစ် ကစားသမား အန်က စင်ကာပူနိုင်ငံမှ Yeo Jia Min ကို မိနစ် ၄၀ အတွင်း ၂၁-၁၅၊ ၂၁-၁၀ မှတ်ဖြင့် အနိုင်ယူကာ ၎င်း၏အရှိန်အဝါကို ပြသခဲ့သည်။
တရုတ်နိုင်ငံမှ ဝမ်ကျစ်ရီက တရုတ် (ထိုင်ပေ) မှ ချိုးဖျင်ချန့်ကို ၂၁-၁၆၊ ၂၁-၁၂ မှတ်ဖြင့် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့သော်လည်း ဟန်ယွဲ့မှာမူ တောင်ကိုရီးယားမှ ဆင်ယူဂျင်ကို သုံးပွဲအကြိတ်အနယ်ကစားကာ အရေးနိမ့်ခဲ့သည်။
“ကျွန်မ ဒူးဒဏ်ရာရထားလို့ စနစ်တကျနဲ့ မလေ့ကျင့်နိုင်ခဲ့သလို ကျွန်မရဲ့အမြန်နှုန်းကလည်း အရင်လိုအခြေအနေမျိုးမှာ ရှိမနေခဲ့ပါဘူး” ဟု ဟန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။ “ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီနေ့ သူနဲ့ရင်ဆိုင်ရတာ သိပ်ကောင်းပါတယ်။ သူနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ဒီပွဲစဉ်ကနေရခဲ့တဲ့ ခံစားချက်က လာမယ့် Uber Cup အတွက် ပိုကောင်းအောင်ပြင်ဆင်တဲ့နေရာမှာ အထောက်အကူပြုပါလိမ့်မယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ဂျပန်နိုင်ငံမှ နာမည်ကျော် ကြက်တောင်အားကစားမယ် အာခါနဲ ယာမာဂုချိက မော်လ်ဒိုက်နိုင်ငံမှ ဖာသီမက် နာဘာဟာ အဗ္ဗဒူ ရက်ဇာကို ၂၁-၅၊ ၂၁-၉ မှတ်ဖြင့် အနိုင်ရရှိခဲ့သလို တောင်ကိုရီးယားနိုင်ငံမှ ကင်ဂါအွန်းကလည်း ထိုင်းနိုင်ငံမှ ရက်ချာနော့ အင်တာနွန်ကို နှစ်ပွဲပြတ်အနိုင်ယူကာ နောက်ဆုံး ၁၆ ဦးအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
နှစ်ယောက်တွဲပွဲစဉ်များတွင် တရုတ်နိုင်ငံမှ အမျိုးသမီးနှစ်ယောက်တွဲ လျိုစိန့်စူး/ထန်နင် နှင့် မလေးရှားနိုင်ငံမှ အမျိုးသားနှစ်ယောက်တွဲ Aaron Chia/Soh Wooi Yik တို့ အပါအဝင် နာမည်ကျော် ကစားသမားအတွဲအဖက်များက နှစ်ပွဲပြတ်အနိုင်ရလဒ်ဖြင့် နောက်တစ်ဆင့်သို့ သက်သောင့်သက်သာ တက်ရောက်နိုင်ခဲ့ကြသည်။ (Xinhua)

တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် နင်းပေါမြို့တွင် ၂၀၂၆ ခုနှစ် ဧပြီ ၉ ရက်က အိန္ဒိယနိုင်ငံမှ ပူဆာလာ ဗီ ဆင်ဒူနှင့် ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ အာရှချန်ပီယံရှစ် ကြက်တောင်ပြိုင်ပွဲ အမျိုးသမီးတစ်ဦးချင်း ၁၆ ဦးအဆင့် ပွဲစဉ်၌ တရုတ်နိုင်ငံမှ ဝမ်ကျစ်ရီ အမှတ်ရပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

……………………………………………………
(English Version)
Shi, An into last 16 at Badminton Asia Championships
NINGBO, April 8 (Xinhua) — China’s Shi Yuqi and South Korea’s An Se-young cruised into the men’s and women’s singles last 16 at the Badminton Asia Championships on Wednesday, winning their opening matches in straight games.
Second-seeded Shi delivered a composed performance to defeat Lee Chia-hao of Chinese Taipei 21-15, 21-17.
“I’ve never won the Asia Championships before, and I hope to make a breakthrough this time,” said Shi, adding that his recent training form has been strong.
“I won’t hold anything back here to save energy for the Thomas Cup. This tournament matters a great deal, both for our men’s singles players and for me personally,” he said.
Elsewhere in men’s singles, defending champion Kunlavut Vitidsarn beat Angus Ng Ka Long of Hong Kong, China, 21-14, 21-18, while Li Shifeng crashed out in a surprise straight-game defeat to India’s Ayush Shetty.
In women’s singles, top seed and world No. 1 An showed her dominance by beating Singapore’s Yeo Jia Min 21-15, 21-10 in just 40 minutes.
China’s Wang Zhiyi eased past Chinese Taipei’s Chiu Pin-chian 21-16, 21-12, but Han Yue lost to South Korea’s Sim Yu-jin in a tight three-game battle.
“I haven’t trained systematically because of a knee injury, and my speed isn’t where it was before,” Han said after the loss. “But honestly, it was good to face her today. Getting a feel for her game will help me prepare better for the upcoming Uber Cup.”
Japanese star Akane Yamaguchi beat the Maldives’ Fathimath Nabaaha Abdul Razzaq 21-5, 21-9, and South Korea’s Kim Ga-eun defeated Thailand’s Ratchanok Intanon in straight games to reach the last 16.
In doubles action, several high-profile pairs advanced comfortably, including local women’s duo Liu Shengshu/Tan Ning and Malaysian men’s doubles favorites Aaron Chia/Soh Wooi Yik, who both won in straight games.
English Caption 1
Shi Yuqi of China hits a return during the men’s singles quarterfinal match against Lee Cheuk Yiu of China’s Hong Kong at the Malaysia Open 2026 badminton tournament in Kuala Lumpur, Malaysia, Jan. 9, 2026. (Photo by Chong Voon Chung/Xinhua)
English Caption 2
Wang Zhiyi of China celebrates a score during the women’s singles round of 16 match against Pusarla V. Sindhu of India at Badminton Asia Championships 2026 in Ningbo, east China’s Zhejiang Province, April 9, 2026. (Xinhua/Sun Fei)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.