Connect with us

China

ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ကမ္ဘာ့စမတ်စက်မှုလုပ်ငန်းပြပွဲသို့ ဂုဏ်ပြုသဝဏ်လွှာပေးပို့

၂၀၂၅ ခုနှစ် ကမ္ဘာ့စမတ်စက်မှုလုပ်ငန်းပြပွဲကျင်းပရာ နေရာအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ၂၀၂၅ ခုနှစ် ကမ္ဘာ့စမတ်စက်မှုလုပ်ငန်းပြပွဲသို့ စက်တင်ဘာ ၅ ရက်က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။

ထိုဂုဏ်ပြုသဝဏ်လွှာတွင် ရှီကျင့်ဖိန်က လက်ရှိအချိန်တွင် ဉာဏ်ရည်တု (AI) နည်းပညာသည် အရှိန်မြှင့် ထပ်တလဲလဲ ဆင့်ကဲပြောင်းလဲ တိုးတက်လျက်ရှိပြီး လူသားမျိုးနွယ် ကုန်ထုတ်လုပ်ရေးလူနေမှုဘဝပုံစံကို နက်ရှိုင်းစွာ ပြောင်းလဲကာ ကမ္ဘာ့စက်မှုလုပ်ငန်း အခင်းအကျင်းကို ပြန်လည်ပုံသွင်းလျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် AI ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေးကို အထူးအလေးထားပြီး AI သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုနှင့် စက်မှုလုပ်ငန်းဆန်းသစ်တီထွင်မှုကို နက်ရှိုင်းစွာ ပေါင်းစည်းရန် တက်ကြွစွာတွန်းအားပေးကာ စီးပွားရေး၊ လူမှုရေး အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို စွမ်းဆောင်ရည်မြှင့်တင်ပေး၍ ပြည်သူများ၏ လူနေမှုအဆင့်အတန်း မြှင့်တင်ရန် ကူညီပေးလျက်ရှိကြောင်း ထောက်ပြခဲ့သည်။
AI သည် လူသားတစ်ရပ်လုံးအား အကျိုးပြုသည့် နိုင်ငံတကာ အများပြည်သူဆိုင်ရာ ထုတ်ကုန်တစ်ခု ဖြစ်သင့်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ AI နယ်ပယ် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုကို ကျယ်ပြန့်စွာ ဆောင်ရွက်လိုပြီး ဖွံ့ဖြိုးတိုးတက်ရေး မဟာဗျူဟာ၊ စီမံခန့်ခွဲမှု စည်းမျဉ်းများနှင့် နည်းပညာစံချိန်စံညွှန်းများ စသည့် ကဏ္ဍများ၌ ချိတ်ဆက်ညှိနှိုင်းမှုကို အားဖြည့်ကာ စမတ်စက်မှုလုပ်ငန်း ကောင်းမွန်စွာ အရှိန်မြှင့် ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်၍ စမတ် အောင်မြင်မှုလဒ်များက နိုင်ငံအသီးသီး၏ ပြည်သူများအား ပိုမိုအကျိုးခံစားရစေရန် ဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။

“AI +” နှင့် “စမတ်နည်းပညာချိတ်ဆက်ထားသော စွမ်းအင်သစ်သုံး မော်တော်ယာဉ်” ခေါင်းစဉ်ဖြင့် ၂၀၂၅ ခုနှစ် ကမ္ဘာ့စမတ်စက်မှုလုပ်ငန်းပြပွဲကို အဆိုပါနေ့တွင် တရုတ်နိုင်ငံ ချုံချင့်မြို့၌ ဖွင့်လှစ်ခဲ့ပြီး ချုံချင့်မြို့ ပြည်သူ့အစိုးရနှင့် ထျန်းကျင်းမြို့ ပြည်သူ့အစိုးရတို့မှ ပူးတွဲ ကြီးမှူးကျင်းပခြင်း ဖြစ်ကြောင်း သိရသည်။ (Xinhua)

စမတ်စက်ရုပ်ပြသရာနေရာတွင် လူပုံစံ စက်ရုပ် လက်ဝှေ့ပြိုင်ပွဲကြည့်ရှုနေကြသည့် လာရောက်လည်ပတ်သူများအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လျှပ်စစ်ဝေဟင်တက္ကစီ “VoloCity” ကို လာရောက်ကြည့်ရှုခံစားကြသူများအား စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
习近平向2025世界智能产业博览会致贺信
新华社北京9月5日电 9月5日,国家主席习近平向2025世界智能产业博览会致贺信。   习近平指出,当前,人工智能技术加速迭代演进,正在深刻改变人类生产生活方式、重塑全球产业格局。中国高度重视人工智能的发展和治理,积极推动人工智能科技创新与产业创新深度融合,赋能经济社会高质量发展,助力提升人民群众生活品质。
习近平强调,人工智能应该是造福全人类的国际公共产品。中国愿同世界各国广泛开展人工智能领域国际合作,加强发展战略、治理规则、技术标准等方面的对接协调,促进智能产业健康蓬勃发展,让智能成果更好惠及各国人民。
2025世界智能产业博览会当日在重庆市开幕,主题为“人工智能+”和“智能网联新能源汽车”,由重庆市人民政府和天津市人民政府共同主办。(完)
1. 这是9月5日拍摄的2025世界智能产业博览会现场。新华社记者 黄伟 摄
2. 9月5日,观众在智能机器人展区观看机器人拳击赛。新华社记者 黄伟 摄
3. 9月5日,观众参观体验电动空中出租车“VoloCity”。 新华社记者 唐奕 摄