Connect with us

Politics, Law & Military

ပဉ္စမ အကြိမ်မြောက် တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျုဟာ ဆွေးနွေးပွဲ ဝါရှင်တန် တွင်ကျင်းပ

စတုတ္ထ အကြိမ်မြောက် တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲကို ၂၀၁၄ ခုနှစ် ဇူလိုင်လတွင် ပေကျင်းမြို့၌ ကျင်းပနေစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)

သတ္တမ အကြိမ်မြောက် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွားရေး ဆွေးနွေးပွဲ၏ မဟာဗျူဟာ မူဘောင်အောက်ရှိ ပဉ္စမ အကြိမ်မြောက် တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲ ကို ဇွန်လ ၂၂ ရက်နေ့က ဝါရှင်တန် မြို့တွင် ကျင်းပ ခဲ့သည်။ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ကျန်ယဲ့ဆွေ့ (Zhang Yesui ) နှင့် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး Bulin Ken တို့မှ ဆွေးနွေးပွဲ အား ပူးတွဲ သဘာပတိ အဖြစ် ဆောင်ရွက်ခဲ့သည်။

ဆွေးနွေးပွဲသို့ တရုတ် ပြည်သူ့ လွတ်မြောက်ရေး တပ်မတော် ဒုတိယ ဗိုလ်ချုပ်ကြီး စွမ်းကျန်ကော (Sun Jianguo) ၊ အမေရိကန် နိုင်ငံ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Wo Musi နှင့် တရုတ် နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး Bocas တို့ တက်ရောက်ခဲ့ကြသည်။

တရုတ်-အမေရိကန် နှစ်နိုင်ငံမှ အတူတကွ စိတ်ဝင်စားသော လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာနှင့် ဘက်စုံ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ် များကို ပွင့်လင်း စွာဖြင့် လက်တွေ့ကျပြီး အပြုသဘော ဆောင်သည့် အခြေအနေ အောက်တွင် သဘောထား အမြင် များကို ဖလှယ် ခဲ့ကြသည်။

သက်ဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးမှုနှင့် ဆက်သွယ်မှု များအား ထိန်းသိမ်း သွားရန်နှင့် မဟာဗျူဟာ အပြန်အလှန် ယုံကြည်မှု တိုးပွားရန် နှင့် တည်ငြိမ်သည့် တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆက်ဆံရေး တည်ဆောက်မှု အား တွန်းအား ပေးသွားရန် ဆုံးဖြတ်ချက် ချခဲ့သည်။

နှစ်နိုင်ငံမှ တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲ၏ အရေးပါပုံကို ပြောကြားခဲ့ကြပြီး နှစ်နိုင်ငံမှ နောက်တစ်ကြိမ် တရုတ်-အမေရိကန် မဟာဗျူဟာနှင့် စီးပွားရေး ဆွေးနွေးပွဲ မတိုင်မီ တရုတ်-အမေရိကန် လုံခြုံရေး ဆိုင်ရာ မဟာဗျူဟာ ဆွေးနွေးပွဲကို သတ်မှတ် ချိန်အတွင်း ကျင်းပ သွားမည် ဖြစ်ကြောင်း သဘောတူ ခဲ့ကြသည်။ (Xinhua)