Connect with us

Politics, Law & Military

ကွမ်တုံး ရဲတပ်ဖွဲ့များက တရုတ်ယွမ် သန်း၅၀ တန်ဖိုးရှိ မှောင်ခို တင်သွင်းလာသည့် စီးကရက်များ ဖမ်းဆီးရမိ

တရုတ်နိုင်ငံ ကမ်းခြေစောင့် တပ်ဖွဲ့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ကွမ်ကျိုး၊ မေ ၁၃ ရက် (ဆင်ဟွာ)

ကွမ်တုံး ကမ်းခြေစောင့် တပ်ဖွဲ့သည် ဈေးကွက်အတွင်း တရုတ်ယွမ် သန်း၅၀ (အမေရိကန် ဒေါ်လာ ၇.၇သန်း) တန်ဖိုးရှိ တရားမဝင် မှောင်ခို တင်သွင်းလာသည့် စီးကရက်များ နှင့်အတူ Beibu ပင်လယ်ကွေ့၌ အမျိုးအမည် မသိ ပြည်ပသင်္ဘော တစ်စီးဖြင့် ရောက်ရှိလာသည့် မှောင်ခိုသမား ၁၃ ဦး ကိုလည်း ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

ကမ်းခြေစောင့် တပ်ဖွဲ့၏ပြောကြားချက်အရ အရာရှိများက သင်္ဘော တစ်စီးသည် Beibu ပင်လယ်ကွေ့ကို ဖြတ်၍ တရားမဝင် ပစ္စည်းများ သယ်ဆောင်လာမည်ဟု မေလ ၈ ရက်က သတင်း ရရှိခဲ့ကြောင်း သိရသည်။
နောက်ပိုင်း သတင်း ရရှိချက်များအရ အဆိုပါ သံသယရှိ ပြည်ပသင်္ဘောသည် တရုတ် ပင်လယ်ပြင် အစပ်တွင် သာ သွားလာနေကြောင်း သိရှိပြီးနောက် ဖမ်းဆီးခဲ့ရာ သင်္ဘောပေါ်၌ စီးကရက် အတောင့် ၃၀၀,၀၀၀ ထက် မနည်း ပါဝင်သည့် သေတ္တာပေါင်း ၇,၅၈၃ ဘူးကို ဖမ်းဆီး ရမိခဲ့ပြီး စီးကရက် တံဆိပ်များတွင် OX3 ၊ OX5 နှင့် DUDANG GARAM တို့ ပါဝင်ကြောင်း သိရသည်။
စုံးစမ်း စစ်ဆေးမှုများကို ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.