Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် နယူးဇီလန်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး နက်ရှိုင်းစေရန် သဘောတူ

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန် (ယာ) နှင့် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန်တို့အား ပေကျင်းမြို့ရှိ ပြည်သူ့ခန်းမကြီး၌ ဧပြီလ ၁ ရက်က တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဧပြီ ၂ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဂျာဆင်ဒါ အာဒန် (Jacinda Ardern) အား ဧပြီလ ၁ ရက်က ပေကျင်းမြို့၌ လက်ခံတွေ့ဆုံပြီး အပြန်အလှန် ယုံကြည်မှုနှင့် အပြန်အလှန် အကျိုးကျေးဇူးရှိမှု စည်းမျဉ်းအပေါ် အခြေခံ၍ တရုတ်-နယူးဇီလန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး စဉ်ဆက်မပြတ် တိုးတက်ရန် သဘောတူခဲ့ကြကြောင်း သိရသည်။

တရုတ်နိုင်ငံက နယူးဇီလန်နိုင်ငံအား ရိုးသားသည့် မိတ်ဆွေနှင့် မိတ်ဖက်များအဖြစ်ရှုမြင်ပါကြောင်း၊ လွန်ခဲ့သည့် ၄၇ နှစ်အကြာက တည်ထောင်ခဲ့သော တရုတ်-နယူးဇီလန် ဆက်ဆံရေးက တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးမှာ အမြဲတစေ ရှေ့တန်းမှ ရှိနေမည် ဖြစ်ကြောင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် အနောက်နိုင်ငံများအကြား ဆက်ဆံရေးတွင် ရှေ့တန်းမှပါဝင်သူအဖြစ် နှစ်နိုင်ငံ ဆက်ဆံရေးအား ထိန်းသိမ်းရန် နယူးဇီလန်နိုင်ငံနှင့်အတူ လုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိကြောင်း ရှီက ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် အာဒန်ကလည်း နှစ်နိုင်ငံအကြား ဆက်ဆံရေးအပေါ် သမ္မတ ရှီ၏ မှတ်ချက်များအား သဘောတူပါကြောင်း၊ နယူးဇီလန်-တရုတ် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး ခိုင်မာရန်၊ ဤ ခရီးစဉ်ပြီးနောက် နှစ်နိုင်ငံ စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုနှင့် မျှော်လင့်ကြောင်း၊ ပြည်သူအချင်းချင်း ဖလှယ်ရေး ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် တရုတ်တစ်နိုင်ငံတည်းဝါဒအား နယူးဇီလန်၏ လိုက်နာစောင့်ထိန်းမှုများ ထပ်လောင်း ပြောကြားခဲ့သည်။

ယခုလအတွင်း ပေကျင်းမြို့တွင် ပြုလုပ်မည့် ဒုတိယအကြိမ်မြောက် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ခေတ်သစ်ပိုးလမ်းမကြီး ဖိုရမ်သို့ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့အား နယူးဇီလန်မှ စေလွှတ်မည် ဖြစ်ကြောင်း အာဒန်က ပြောကြားခဲ့သည်။

နယူးဇီလန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ရာသီဥတုပြောင်းလဲမှု အပါအဝင် အဓိက နိုင်ငံတကာ ရေးရာများ၌ ပူးပေါင်းဆောင်ရွက်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှု တိုးမြှင့်ရန် အသင့်ရှိပါကြောင်း အာဒန်က ဆိုသည်။

အာဒန်သည် တရုတ်နိုင်ငံသို့ နှစ်ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် မတ်လ ၃၁ ရက်က ရောက်ရှိလာခဲ့သည်။ ဤခရီးစဉ်သည် ၂၀၁၇ ခုနှစ် အောက်တိုဘာလတွင် နယူးဇီလန် ဝန်ကြီးချုပ်ဖြစ်လာချိန်ကစ၍ တရုတ်နိုင်ငံသို့ ပထမဆုံး တရားဝင်ချစ်ကြည်ရေးခရီးစဉ်လည်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.