Politics, Law & Military
တရုတ်နိုင်ငံသို့ ဘိုလီးဗီးယားနိုင်ငံ သမ္မတ ချစ်ကြည်ရေးခရီး လာရောက်ရန်ရှိ

ပေကျင်း၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
ဘိုလီဗီးယားနိုင်ငံ သမ္မတ Juan Evo Morales Ayma သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်ဖြင့် တရုတ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဇွန်လ ၁၈ ရက်မှ ၂၀ ရက်အထိ လာရောက်ရန်ရှိကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လုခန်းက ဇွန်လ ၁၂ ရက်တွင် ကြေညာလိုက်ကြောင်း သိရသည်။ (Xinhua)