Politics, Law & Military
တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုလွှတ်တော် အမတ် ကျန်းတယ်ကျန်း မှ ဘယ်လာရုစ် နိုင်ငံ သို့ ချစ်ကြည်လည်ပတ်ရေး ခရီးသွားရောက်လည်ပတ်
မင့်စ်ခ် ၊ ဧပြီ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ အဆင့်မြင့် ဥပဒေပြုလွှတ်တော် အမတ် ကျန်းတယ်ကျန်း (Zhang Dejiang) သည် ဧပြီလ ၁၆ ရက်နေ့မှ ၁၈ ရက်နေ့ အထိ ဘယ်လာရုစ် နိုင်ငံ သို့ ဖိတ်ကြားချက်အရ သွားရောက်လည်ပတ်ခဲ့ပြီး ဘယ်လာရုစ် နိုင်ငံ သမ္မတ Lukashenko နှင့် ဝန်ကြီးချုပ် Kobyakov တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း လက်ရှိဘယ်လာရုစ် အထက်လွှတ်တော် ဥက္ကဋ္ဌ Myasnikovich နှင့် အောက်လွှတ်တော် ဥက္ကဋ္ဌ Andreichenko တို့နှင့်လည်း တွေ့ဆုံ ခဲ့ကြောင်း သိရှိရသည်။
ကျန်းတယ်ကျန်း က ဘယ်လာရုစ် နိုင်ငံ သမ္မတ နှင့် တွေ့ဆုံစဉ်တွင် ၂၀၁၆ ခုနှစ်တွင် နှစ်နိုင်ငံ သမ္မတ တို့မှ အပြန်အလှန်ယုံကြည်သော ၊ အတူတကွ အကျိုးဖြစ်ထွန်းစေသည့် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး တည်ထောင်ခဲ့ကြောင်း ကြေညာခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ကို အဆင့်မြှင့်တင် နိုင်ခဲ့ကြောင်း ၊ ယခု လာရောက်လည်ပတ်သည့် အဓိက ရည်ရွယ်ချက်မှာ နှစ်နိုင်ငံ ခေါင်းဆောင်တို့အကြား ရရှိထားပြီး ဖြစ်သည့် အရေးကြီး သဘောတူညီမှု များကို တွန်းအားပေး အကောင်အထည် ဖော်ရန် ဖြစ်ကြောင်း ၊ နှစ်နိုင်ငံအတွက် အရေးပါသည့် ကိစ္စရပ်များတွင် အပြန်အလှန် ထောက်ခံအားပေးခြင်းသည် တရုတ်-ဘယ်လာရုစ် ဘက်စုံ မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ ခိုင်မာသော အခြေခံဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဘယ်လာရုစ် နိုင်ငံ သမ္မတ Lukashenko က ဘယ်လာရုစ် နိုင်ငံ သည် တရုတ် နိုင်ငံ ၏ ထာဝရ ညီအကိုသဖွယ် သူငယ်ချင်းမိတ်ဆွေ နိုင်ငံ ဖြစ်ကြောင်း ၊ နှစ်နိုင်ငံ အနီကပ် ချစ်ကြည်ဆက်ဆံရေး ကို ထားရှိပြီး နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ကို တိုးမြှင့်ကာ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု ကို တိုးချဲ့သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဘယ်လာရုစ် နိုင်ငံ ဝန်ကြီးချုပ် Kobyakov နှင့် တွေ့ဆုံစဉ် တွင် ကျန်းတယ်ကျန်း က တရုတ် နိုင်ငံ အနေဖြင့် ဘယ်လာရုစ် နိုင်ငံ အား ခေတ်သစ်ပိုးလမ်းမကြီး တည်ဆောင်ရေး တွင် အလွန်အရေးပါသည့် မိတ်ဆွေနိုင်ငံ အဖြစ် သတ်မှတ်ထားကြောင်း ၊ ခေတ်သစ်ပိုးလမ်းမကြီး ပူးပေါင်းဆောင်ရွက်မှု မူဘောင်အတွင်း မှ ဘက်စုံကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို မြှင့်တင်သွားလိုကြောင်း ၊ တရုတ်-ဘယ်လာရုစ် စက်မှုဇုန်သည် နှစ်နိုင်ငံ ခေါင်းဆောင်တို့ မှ အလေးထား တွန်းအားပေး ဆောင်ရွက်သည့် စီမံကိန်း တစ်ခု ဖြစ်ပြီး လက်ရှိချိန်တွင် တိုးတက်မှု များစွာရရှိနိုင်ခဲ့ပြီး ထိုမှတစ်ဆင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ဘယ်လာရုစ် နိုင်ငံ ဝန်ကြီးချုပ် Kobyakov က နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသော ပူးပေါင်းဆောင်ရွက်မှု ကို နက်ရှိုင်းအောင် ဆောင်ရွက်ခြင်း သည် နှစ်နိုင်ငံလုံးမှ ဆောင်ရွက်လိုသော ကိစ္စရပ် ဖြစ်ကြောင်း ၊ ဘယ်လာရုစ် နိုင်ငံ အနေဖြင့် လည်း စက်မှုဇုန် တည်ဆောက်ရေးကို လွန်စွာ အလေးထားပြီး နည်းပညာမြင့် ပစ္စည်းများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု နှင့် ကုန်သွယ်မှု ပိုင်းကို တိုးမြှင့်ကာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှု စီမံကိန်း အတွက် ပိုမိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။
ကျန်းတယ်ကျန်း က Myasnikovich နှင့် Andreichenko တို့နှင့်လည်း တွေ့ဆုံဆွေးနွေးမှု များပြုလုပ် ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးစဉ် အတွင်း နှစ်နိုင်ငံ ဥပဒေ အဖွဲ့အစည်း ပိုင်းဆိုင်ရာ ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြကာ နှစ်နိုင်ငံ အပြန်အလှန် အကျိုးဖြစ်ထွန်းစေသည့် ပူးပေါင်းဆောင်ရွက်မှု အတွက် ကောင်းမွန်သည့် တရာဥပဒေစိုးမိုးမှုရှိသော ပတ်ဝန်းကျင် ဆောင်ရွက်ရန် အတွက်လည်း ဆွေးနွေး ခဲ့ကြသည်။ထို့ပြင် နှစ်နိုင်ငံ ကဏ္ဍစုံ ပူးပေါင်းဆောင်ရွက်မှု များကို ဆောင်ရွက်ပြီး တရုတ်-ဘယ်လာရုစ် ချစ်ကြည်ဆက်ဆံရေး တိုးမြှင့် သွားရန် သဘောတူညီ ခဲ့ကြသည်။တွေ့ဆုံဆွေးနွေးမှု အပြီး တွင် တရုတ် အမျိုးသား ပြည်သူ့ကွန်ဂရက် နှင့် ဘယ်လာရုစ် လွှတ်တော်အကြား ပူးပေါင်းဆောင်ရွက်မှု ပူးတွဲကြေညာစာတမ်းတွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း သိရှိရသည်။
ကျန်းတယ်ကျန်း မှ ဘယ်လာရုစ် လွှတ်တော် နှစ်ရပ် ဥက္ကဋ္ဌ တို့နှင့် အတူတကွ နှစ်နိုင်ငံ စက်မှုဇုန် စီမံကိန်း သို့သွားရောက်လည်ပတ်ခဲ့ပြီး အခြား အထင်ကရ နေရာများသို့လည်း သွားရောက်လည်ပတ်ခဲ့ကြောင်း သိရှိရသည်။(Xinhua)