Politics, Law & Military
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီ နယ်စပ်ရေးရာ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ သွားမည်
ပေကျင်း၊ ဒီဇင်ဘာ ၂၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင် ယန်ကျဲ့ချီသည် ဒီဇင်ဘာလ ၂၂ ရက်တွင် တရုတ်နိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့မှ အထူးကိုယ်စားလှယ်များအကြား နယ်စပ်ရေးရာများ နှစ်ပတ်လည်အစည်းအဝေး တက်ရောက်ရန်အတွက် အိန္ဒိယနိုင်ငံသို့သွားရောက်မည်ဖြစ်ပြီး အိန္ဒိယနိုင်ငံ အမျိုးသား လုံခြုံရေး အကြံပေး Ajit Doval ၏ ဖိတ်ကြားချက်ဖြင့် သွားရောက်ခြင်း ဖြစ်ကြောင်း သိရသည်။
ယင်း ခရီးစဉ်အား တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ဒီဇင်ဘာလ ၂၀ ရက်တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ (Xinhua)