Politics, Law & Military
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်က ဂျာမနီ၊ ဘယ်လ်ဂျီယံသို့ အလည်အပတ်သွားမည်

ပေကျင်း၊ မေ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် မေလ ၃၀ ရက်မှ ဇွန်လ ၂ ရက်အထိ ဂျာမနီနိုင်ငံနှင့် ဘယ်လ်ဂျီယံနိုင်ငံ သို့ ချစ်ကြည်ရေး ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က မေလ ၂၂ ရက်တွင် ပြောကြားလိုက်သည်။
ဝန်ကြီးချုပ်၏ ချစ်ကြည်ရေး ခရီးစဉ်အတွင်း လီသည် ဂျာမနီနိုင်ငံ၌ တရုတ် ဝန်ကြီးချုပ်နှင့် ဂျာမနီ ဝန်ကြီးချုပ်တို့၏ နှစ်ပတ်လည် အစည်းအဝေးအားလည်းကောင်း၊ ဘယ်လ်ဂျီယံနိုင်ငံ၌ ၁၉ ကြိမ်မြောက် တရုတ်-အီးယူ ခေါင်းဆောင်များ အစည်းအဝေးအားလည်းကောင်း တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။ (Xinhua)