Connect with us

Politics, Law & Military

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ တွေဆုံ

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် နှင့် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ တွေဆုံစဉ်(ဆင်ဟွာ)

ပေကျင်း ၊ ဇန်နဝါရီ ၁၀ ရက် (ဆင်ဟွာ)

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် သည် ဇန်နဝါရီလ ၉ ရက်နေ့တွင် တောင့်ယွီထိုင် (Diao Yu Tai ) နိုင်ငံတော် ဧည့်ဂေဟာ တွင် ဇင်ဘာဘွေ သမ္မတ ရောဘတ် မူဂါဘီ (Robert Mugabe) အား လက်ခံ တွေ့ဆုံ ခဲ့ပါသည်။

တွေ့ဆုံပွဲတွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နှစ်နိုင်ငံ ချစ်ကြည်ဆက်ဆံရေးသည် နှစ်နိုင်ငံ ပြည်သူလူထု တို့မှ အတူတကွ အမျိုးသား လွတ်လပ်ရေး အတွက် တိုက်ပွဲဝင်ရာမှ ဖြစ်တည်လာပြီး သမ္မတ မူဂါဘီ နှင့် ရှေးယခင် တရုတ် နိုင်ငံ ၏ ခေါင်းဆောင်ဟောင်းတို့က အတူတကွ တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း ၊ အချိန်ကာလ နှင့် နိုင်ငံတကာအခြေအနေ မည်သို့ပြောင်းလဲစေကာမှု တရုတ် နိုင်ငံ ၏ မိတ်ဆွေဟောင်းကို မေ့ပျောက်နိုင်မည် မဟုတ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဇင်ဘာတွေ နိုင်ငံ မှ တရုတ် နိုင်ငံ ၏ အဓိက အကျိုးစီးပွား နှင့် အရေးကြီး ကိစ္စရပ်များတွင် အစဉ်အဆက် တရုတ် နိုင်ငံအား ထောက်ခံခဲ့သည်ကို ချီးမွမ်းကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဇင်ဘာတွေ နိုင်ငံ မှ မိမိ နိုင်ငံ နှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းစဉ် လျှောက်လှမ်းသည် ကို ထောက်ခံအားပေး သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ရှီကျင့်ဖိန်က နှစ်နိုင်ငံ အတူတကွ ကြိုးပမ်းအားထုတ်မှုကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေး ကို အကောင်အထည် ဖော်နိုင်ခဲ့ပြီး နှစ်နိုင်ငံ အနေဖြင့် အခြေခံအဆောက်အအုံ နှင့် စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုများကို တွန်းအားပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် အရည်အချင်း ပြည့်ဝ သည့် တရုတ် နိုင်ငံ မှ စီးပွားရေး လုပ်ငန်းများကို ဇင်ဘာတွေ နိုင်ငံ သို့သွားရောက် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် တိုက်တွန်းသွားမည် ဖြစ်ပြီး နှစ်နိုင်ငံ နှစ်ဦးနှစ်ဘက် အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှု များ အဆက်မပြတ် အောင်မြင်မှုသစ်များရရှိရန် တွန်းအားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အထူးပြောကြား ခဲ့သည်။

မူဂါဘီ က တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဇင်ဘာဘွေ နိုင်ငံ သို့လာရောက်လည်ပတ်ခဲ့ပြီး တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွင် အောင်မြင်မှုများစွာ ရရှိနိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံသည် သမိုင်းကြောင်းတစ်လျှောက် ဇင်ဘာဘွေ နိုင်ငံ အပါအဝင် အာဖရိက နိုင်ငံ များ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး အတွက် တန်ဖိုးရှိသည့် အကူအညီများကို ပေးခဲ့ကြောင်း ၊ အာဖရိက နိုင်ငံများ အနေဖြင့် သမ္မတ ရှီကျင့်ဖိန်၏ တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု ဖိုရမ်တွင် ကြေညာ ခဲ့သည့် တရုတ်-အာဖရိက ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် ၁၀ ခု ကို တွန်းအားပေး အကောင်အထည် ဖော်နေကြောင်း ၊ ဇင်ဘာဘွေ နိုင်ငံ အနေဖြင့် တရုတ် နိုင်ငံ နှင့် အခြေခံအဆောက်အအုံ နှင့် စိုက်ပျိုးရေး စသည့် ကဏ္ဍများတွင် ပိုမိုနက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားလိုကြောင်း ပြောကြား ခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.