Politics, Law & Military
တရုတ်- အာဖရိက ပူးပေါင်းဆောင်ရွက်မှု ထိပ်သီး အစည်းအဝေးအား တရုတ်က အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည်
ပေကျင်း၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် ပြုလုပ်ခဲ့သည့် တရုတ်- အာဖရိက ပူးပေါင်း ဆောင်ရွက်မှု ဖိုရမ် (FOCAC) ထိပ်သီး အစည်းအဝေး၏ နောက်ဆက်တွဲ အစည်းအဝေး တစ်ခုအား တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပရန် ရှိကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၂၀ ရက်၌ ကြေညာခဲ့သည်။
အဆိုပါ အစည်းအဝေးအား တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ပြုလုပ်မည် ဖြစ်ပြီး ဂျိုဟန်နတ်စ်ဘတ်တွင် ကျင်းပခဲ့ သည့် Forum on China-Africa Cooperation (FOCAC) ထိပ်သီး အစည်းအဝေးမှ ရလဒ်များအား ရှင်းလင်း ပြောကြားသွားမည် ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ လုခန်က ပြောသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလက ပြုလုပ်ခဲ့သော ထိပ်သီး အစည်းအဝေး၌ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်းနှင့် ပြည်သူ့ ကျန်းမာရေး လုပ်ငန်းစသည့် နယ်ပယ်တို့၌ အဓိက ပူးပေါင်းဆောင်ရွက်မှု ၁၀ ခုအား အဖွဲ့ဝင်နိုင်ငံများက သဘောတူခဲ့သည်။
ယခု တရုတ်နိုင်ငံတွင် ပြုလုပ်မည့် အစည်းအဝေးတွင်မူ အာဖရိက ၅၂ နိုင်ငံမှ ဝန်ကြီးအဆင့် အရာရှိကြီးများ၊ သံတမန်များနှင့် တရုတ်နိုင်ငံမှ အရာရှိကြီးများ တက်ရောက်ကြမည် ဖြစ်သည်။ (Xinhua)