Politics, Law & Military
ဘူလ်ဂေးရီးယားနိုင်ငံ၊ ဂျာမနီနိုင်ငံ ချစ်ကြည်ရေးခရီးများအတွက် တရုတ်နိုင်ငံ ဝန်ကြီးချုပ် ပေကျင်းမြို့မှ ထွက်ခွာ
ပေကျင်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီခဲ့ချန်သည် ဘူလ်ဂေးရီးယားနိုင်ငံနှင့် ဂျာမနီနိုင်ငံသို့ တရားဝင် ချစ်ကြည်ရေးခရီးများ သွားရောက်ရန် မြို့တော် ပေကျင်းမှ ဇူလိုင်လ ၅ ရက်တွင် ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
လီသည် အဆိုပါ နှစ်နိုင်ငံ ချစ်ကြည်ရေးခရီးများအတွင်း ဆိုဖီယာမြို့တွင် ပြုလုပ်မည့် တရုတ်နိုင်ငံနှင့် ဥရောပ အလယ်ပိုင်းနှင့် အရှေ့ပိုင်း နိုင်ငံများ (CEEC) ခေါင်းဆောင်များ၏ သတ္တမအကြိမ်မြောက် အစည်းအဝေး တက်ရောက်ရန်နှင့် တရုတ်နိုင်ငံနှင့် ဂျာမနီနိုင်ငံအကြား အစိုးရချင်း အကြံပြုချက်များ ပဉ္စမမြောက် ဆွေးနွေးပွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
လီသည် ဘူလ်ဂေးရီးယားနိုင်ငံ ဝန်ကြီးချုပ် Boyko Borissov နှင့် ဂျာမနီနိုင်ငံ ဝန်ကြီးချုပ် အန်ဂျလာ မာကဲတို့၏ ဖိတ်ကြားချက်ဖြင့် ချစ်ကြည်ရေးခရီးသွားရောက်ခြင်း ဖြစ်သည်။
လီနှင့်အတူ ၎င်း၏ ဇနီး Cheng Hong နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံတော်ကောင်စီ အထွေထွေ အတွင်းရေးမှူး ရှောင်ကျဲ့၊ တရုတ်ပြည်သူ့ နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှုညီလာခံ ဒုတိယဥက္ကဋ္ဌနှင့် အမျိုးသား ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြုပြင်ပြောင်းလဲရေးကော်မရှင် တာဝန်ခံဝန်ကြီး ဟဲလီဖုန်းတို့ လိုက်ပါသွားကြောင်း သိရသည်။ (Xinhua)