Connect with us

Politics, Law & Military

ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံခြားရေးဝန်ကြီး၏အဆိုအပေါ် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ထောက်ခံပြောကြား 

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းအား မေ ၂၇ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တွေ့ရစဉ် (ဓါတ်ပုံ- တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဝဘ်ဆိုက်)

ပေကျင်း၊ မေ ၂၈ ရက်(ဆင်ဟွာ)

ဟောင်ကောင်သည် လုံးဝဥဿုံ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်သည်ဆိုသည့် ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)၏ ပြောကြားချက်အပေါ် တရုတ်နိုင်ငံက အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျောက်လိကျန်းက မေ ၂၇ ရက်တွင် ပြောကြားခဲ့သည်။ 

ယင်းနေ့တွင် ကျင်းပသော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက “ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာဗ့်ရုဗ် (Sergey Lavrov)က မေ ၂၆ ရက်မှာ  ဟောင်ကောင်ဟာ လုံးဝဥဿုံ တရုတ်နိုင်ငံရဲ့ ပြည်တွင်းရေးဖြစ်တယ်၊ တရုတ် အမျိုးသား ပြည်သူ့ ကွန်ဂရက်ရဲ့ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ အမျိုးသားလုံခြုံရေးဥပဒေပြဌာန်းမှုအတွက် တရုတ်နိုင်ငံကို ပိတ်ဆို့မှုတွေပြုလုပ်သွားမယ်ဆိုပြီး အမေရိကန်ရဲ့ အသံလွှင့်ပြောကြားနေမှုက  ၎င်းရဲ့ မိမိ ကိုယ့်ကိုယ်ကို အထင်ကြီးပြီးမာနထောင်လွှားတဲ့မောက်မာနေမှုကို ဖော်ပြတာပဲ၊ ဒါက အခြားအရေးကိစ္စတွေမှာလည်း အမေရိကန်ဟာ တရုတ်နဲ့ ထိထိရောက်ရောက် ဆွေးနွေးညှိနှိုင်းဖို့အတွက် အကျိုးမရှိနိုင်ဘူးလို့ ပြောကြားခဲ့ခြင်းကို တရုတ်နိုင်ငံအနေနဲ့ ဘယ်လိုမှတ်ချက်ပြုလိုပါသလဲ”ဟူသော မေးမြန်းခဲ့သည့်အပေါ် ကျောက်လိကျန်းက အထက်ပါအတိုင်း ပြန်လည်ပြောကြားခဲ့ခြင်း ဖြစ်သည်။ 

“တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးရဲ့ပြောကြားချက်အား အပြည့်အဝ သဘောတူ တန်ဖိုးထား လက်ခံပါတယ်။ ဒါဟာ တရုတ်-ရုရှား နှစ်နိုင်ငံဆက်ဆံရေးရဲ့ မြင့်မားပုံကို အပြည့်အဝ ထင်ဟပ်ပြသခြင်း ဖြစ်တယ်။ နှစ်နိုင်ငံ ခေါင်းဆောင်တွေရဲ့ မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှုအောက်မှာ တရုတ်-ရုရှား ခေတ်သစ် ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးဟာ ကောင်းမွန်တည်ငြိမ်စွာ တိုးတက်လျက်ရှိရာ အထူးသဖြင့်  နှစ်နိုင်ငံဟာ အဓိကအကျိုးစီးပွားနဲ့စပ်လျဉ်းပြီး  အစဉ်အမြဲ ခိုင်မာစွာ အပြန်အလှန် အားပေးထောက်ခံပါတယ်”ဟု ၎င်းက ဆိုသည်။ 

ဟောင်ကောင်သည် တရုတ်နိုင်ငံ၏ အထူးအုပ်ချုပ်ခွင့်ရဒေသတစ်ခုဖြစ်ပြီး တရုတ်နိုင်ငံဗဟိုအစိုးရမှ တိုက်ရိုက်အုပ်ချုပ်သည့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးနယ်မြေဖြစ်ကြောင်း ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ၏ အမျိုးသားလုံခြုံရေးဥပဒေသည် တရုတ်နိုင်ငံ၏ ပြည်တွင်းရေးသာဖြစ်ပြီး မည်သည့် နိုင်ငံကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့် မရှိကြောင်း ကျောက်လိကျန်းက ထပ်မံ အလေးထားပြောကြားခဲ့သည်။

တရုတ်နိုင်ငံအစိုးရအနေဖြင့် နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးကို ကာကွယ်စောင့်ရှောက်ရန် သန္နိဋ္ဌာန်သည် ခိုင်မာမြဲမြံလျက်ရှိပြီး  တစ်နိုင်ငံစနစ်နှစ်ခုကို အကောင်အထည်ဖော်ရွက်ရန် ဦးတည်ချက်မှာလည်း ခိုင်မာမြဲမြံလျက်ရှိသလို ဟောင်ကောင်အရေးကိစ္စတွင် ဝင်ရောက်စွက်ဖက်သော ပြည်ပအင်အားစုများကို ဆန့်ကျင်ရန် ဆုံးဖြတ်ချက်သည်လည်း ခိုင်မာမြဲမြံလျက်ရှိကြောင်း ၊ အကယ်၍ တရုတ်နိုင်ငံ၏အကျိုးစီးပွားကို ထိခိုက်အောင် ဇွတ်အတင်းလုပ်ဆောင်မည်ဆိုပါက တရုတ်နိုင်ငံအနေဖြင့် လိုအပ်သည့်နည်းများဖြင့် ခိုင်မာစွာ ပြန်လည်တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။  (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.