Connect with us

Politics, Law & Military

အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု နှစ် ၂၀ ပြည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ ဂျပန်တွင် ကျင်းပ

ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်သည့် အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည်ရောက်ရှိမှု နှစ် ၂၀ ပြည့် ဓာတ်ပုံပြပွဲတွင် ကျောင်းသားများ လာရောက် လေ့လာနေကြစဉ် (ဆင်ဟွာ)

တိုကျို၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)

အမိမြေ တရုတ်နိုင်ငံ အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိမှု နှစ် ၂၀ ပြည့်မြောက်သည့် အထိမ်းအမှတ် ဓာတ်ပုံပြပွဲ တစ်ခုအား တိုကျိုမြို့တွင် ဇွန်လ ၂၆ ရက်က ပြုလုပ်ခဲ့ရာ လူပေါင်း ၁၀၀ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဓာတ်ပုံပြပွဲ၌ ၁၉၉၇ ခုနှစ် ဇူလိုင်လ ၁ ရက်ကစ၍ အမိမြေလက်အောက်သို့ ဟောင်ကောင် ပြန်လည် ရောက်ရှိခြင်း သမိုင်းကြောင်းဆိုင်ရာ ကာလများ၊ ဟောင်ကောင်၏ လူမှုရေးနှင့် စီးပွားရေး အခြေအနေများ စသည်တို့အား မှတ်တမ်းတင်ထားသော ဓာတ်ပုံ အများအပြား ပြသထားသည်။

တိုကျိုရှိ ဟောင်ကောင် အထူး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (SAR) ၏ စီးပွားရေးနှင့် ကုန်သွယ်ရေးရုံး ဥက္ကဋ္ဌ Shirley Yung က ယခုလို နှစ်ပတ်လည် အထိမ်းအမှတ်သည် ဟောင်ကောင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော သမိုင်း မှတ်တိုင် တစ်ခု ဖြစ်ကြောင်း အခမ်းအနားဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်၍ ဟောင်ကောင်သည် ဆက်လက်၍ “တစ်နိုင်ငံ၊ စနစ်နှစ်ခု” ၏ အကျိုးကျေးဇူးကို အပြည့်အဝ ရရှိမည် ဖြစ်ကြောင်း၊ ယင်းသည် ကြီးမားသော အောင်မြင်မှုများ၏ အခြေခံ ဖြစ်ကြောင်း၊ ဟောင်ကောင်အနေဖြင့် ပြည်မ တရုတ်နိုင်ငံနှင့် ကမ္ဘာကြီးအကြား အထူးချိတ်ဆက်ပေးမည့်သူအဖြစ် လုပ်ဆောင်ပေးမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျပန်-ဟောင်ကောင် လွှတ်တော်အမတ်များ အဖွဲ့ချုပ် (JHKPL) ဥက္ကဋ္ဌ မာဆာဟိကို ကိုမူရာကလည်း ဟောင်ကောင်၏ တည်ငြိမ်မှုနှင့် ကြွယ်ဝချမ်းသာမှုသည် အမိမြေနှင့် ဂျပန်နိုင်ငံအပါအဝင် ဒေသ တစ်ခုလုံးအတွက် အကျိုးကျေးဇူးများ ရရှိစေမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဟောင်ကောင်သည် လွန်ခဲ့သော နှစ် ၂၀ က အောင်မြင်မှုပေါင်းများစွာ ရယူနိုင်ခဲ့ပြီး တရုတ် အမိမြေနှင့် ဟောင်ကောင်ကြား ဆက်သွယ်ရေးမှာ ခိုင်မာလာနေပြီ ဖြစ်ကြောင်း၊ ဟောင်ကောင်က ဂျပန် လယ်ယာထွက်ကုန်များအတွက် အရေးကြီးဆုံး ဈေးကွက်များအနက် တစ်ခု ဖြစ်ကြောင်း၊ ဟောင်ကောင် လုပ်ငန်းများနှင့် ဂျပန် လုပ်ငန်များ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားနိုင်ရန် မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံမှ အဆိုပြုထားသော ခေတ်သစ် ပိုးလမ်းမကြီးဖော်ဆောင်မှုတွင် ပါဝင်လာမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး အသင်း အရာရှိ Kyoko Maseki က ဆိုသည်။

အဆိုပါ ဓာတ်ပုံပြပွဲအား ဇွန်လ ၃၀ ရက်အထိ ပြသမည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.