Politics, Law & Military
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး တရုတ်သို့ အလည်အပတ် ခရီး လာရောက်မည်

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ရက်စ် တီလာဆန် (Rex Tillerson) သည် မတ်လ ၁၈ ရက်မှ ၁၉ ရက်အထိ တရုတ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိ၏ ဖိတ်ကြားချက်ဖြင့် လာရောက်မည် ဖြစ်ကြောင်း တရုတ် နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူက ယနေ့ (မတ်လ ၁၅ ရက်) တွင် ပြောသည်။
နှစ်နိုင်ငံ ဆက်ဆံရေး၊ နှစ်နိုင်ငံဘုံ ဆက်စပ်မှုရှိနေသည့် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာများအား အမြင်ချင်းဖလှယ် ဆွေးနွေးသွားမည် ဖြစ်ကြောင်း တရုတ် နို်င်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချွမ်းရင်က ပြောသည်။ (Xinhua)