Connect with us

Politics, Law & Military

အာဖဂန်နစ္စတန်နိုင်ငံနှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည်ဟု တရုတ်နိုင်ငံ ကတိပြု

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အာဖဂန်နစ္စတန်နိုင်ငံ အမှုဆောင် အရာရှိချုပ် အဗ္ဗဒူလာတို့နှစ်ဦး လက်ဆွဲ နှုတ်ဆက်နေစဉ် (ဆင်ဟွာ)

ပေကျင်း၊ မေ ၁၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ပေကျင်းမြို့သို့ ချစ်ကြည်ရေးခရီး အလည်အပတ် ရောက်ရှိနေသော အာဖဂန်နစ္စတန်နိုင်ငံ အမှုဆောင် အရာရှိချုပ် အဗ္ဗဒူလာAbdullah နှင့် မေလ ၁၇ ရက်က တွေ့ဆုံစဉ် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားမည်ဟု ကတိပြု ပြောကြားသည်။

“အာဖဂန်နစ္စတန်နိုင်ငံသည် တရုတ်နိုင်ငံအတွက် တန်ဖိုးကြီးမားသော အိမ်နီးချင်း နှင့် မိတ်ဆွေနိုင်ငံပါ” ဟု သမ္မတရှီက ပြောသည်။ နှစ်နိုင်ငံကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေးမူ (၅) ချက် ၊ အပြန်အလှန် လေးစားမှု ၊ နားလည်မှု၊ ယုံကြည်မှု နှင့် ထောက်ခံ အားပေးမှု များကို နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး အစပြုခဲ့သည့် လွန်ခဲ့သော ဆယ်စုနှစ် ၆ ခုကျော် ကတည်းက ခိုင်မြဲစွာ ကျင့်သုံး လာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
“တရုတ်နိုင်ငံ အနေဖြင့် အာဖဂန်နစ္စတန်နိုင်ငံ နှင့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့် လုပ်ဆောင်သွားဖို့အသင့်ပါပဲ” ဟု ရှီက အဗ္ဗဒူလာ အားပြောကြားသည်။ ထို့ပြင် အာဖဂန် နစ္စတန်နိုင်ငံ၏ ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ရေး နှင့် ဖွံ့ဖြိုးရေး အတွက် တရုတ်နိုင်ငံ၏ အဓိက ရင်းနှီးမြှုပ်နှံမှုများဖြင့် အားပေး ကူညီသွားမည်ဟု ရှှီကဆိုသည်။
အာဖဂန်နစ္စတန်နိုင်ငံ၏ လူသား အရင်းအမြစ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် နှစ်နိုင်ငံ လူငယ်များ အပြန်အလှန် ပူးပေါင်းဖလှယ်ရေး ၊ စဉ်းစား တွေးခေါ်မှု ၊ သတင်းအချက်အလက် နှင့် ပြည်တွင်း အစိုးရအဖွဲ့များကို ဆက်လက် ပံ့ပိုး ကူညီပေးသွားမည်ဟု ရှီက ပြောသည်။ ထို့ပြင် တရုတ်နိုင်ငံက ဆောင်ရွက်နေသည့် ခေတ်သစ် ပိုးလမ်းမကြီးကို အကောင်အထည်ဖော ်ဆောင်ရွက်နိုင်ရန် အတွက် အာဖဂန်နစ္စတန်နိုင်ငံ၏ မဟာဗျူဟာမြောက် ဖွံ့ဖြိုး တိုးတက်ရေး နှင့် အသွင်ကူးပြောင်းမှု အတွက် တရုတ်နိုင်ငံက ဆက်လက် ကူညီပေးသွားမည်ဟု ကတိပြုခဲ့သည်။ အာဖဂန် နစ္စတန်နိုင်ငံ လုံခြုံရေး အတွက် အကြမ်းဖက်ဝါဒ နှိမ်နင်းရေး နှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်များတွင် တရုတ်နိုင်ငံက ဆက်လက် ပံ့ပိုးသွားမည် ဟူ၍လည်း ရှီက ပြောသည်။
ထိုင်ဝမ် အရေးကိစ္စနှင့် ပတ်သက်၍ အာဖဂန်နစ္စတန်နိုင်ငံ အနေဖြင့် တရုတ်နိုင်ငံ၏ ရပ်တည်ချက် အတိုင်း ထောက်ခံသွားမည်ဟု အဗ္ဗဒူလာက ပြောကြားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.