Politics, Law & Military
အိန္ဒိယနိုင်ငံသမ္မတ တရုတ်နိုင်ငံသို့ လာရောက်မည်

ပေကျင်း၊ မေ ၁၈ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ သမ္မတ Pranab Mukherjee သည် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်၏ ဖိတ်ကြားချက်အရ တရုတ်နိုင်ငံသို့ မေလ ၂၄ ရက် မှ မေလ ၂၇ ရက်အထိ နိုင်ငံတော် ခရီးစဉ် အဖြစ် လာရောက် လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံ သမ္မတ၏ တရုတ်နိုင်ငံ ခရီးစဉ် အား တရုတ်နိုင်ငံခြားရေး ဝန်ကြီးဋ္ဌာန ပြောရေးဆိုခွင့် ရှိသူ လုခန် က မေလ ၁၈ ရက်တွင် ကြေညာခဲ့သည်။ (Xinhua)