Connect with us

Politics, Law & Military

ဥရောပသမဂ္ဂပေါင်းစည်းညီညွတ်မှုအတွက် တရုတ်နိုင်ငံ က အထောက်အပံ့ပေးမည်

အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေး ဆိုင်ရာ သတင်းစာရှင်းလင်းပွဲ တစ်ခု ၌ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိအားတွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိ က ပိုမိုတည်ငြိမ် စည်းလုံးပြီး အကျိုးဖြစ်ထွန်းမှု များပြားသည့် ဥရောပသမဂ္ဂ (European Union) ဖြစ်လာစေရန် မျှော်လင့်၍ ဥရောပသမဂ္ဂ ပေါင်းစည်း ညီညွတ်မှုအတွက် တရုတ်နိုင်ငံ က ဆက်လက်ထောက်ပံ့မှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မတ် ၈ရက်ကပြောကြားခဲ့သည်။

ဝမ် က ဥရောပသမဂ္ဂအနေဖြင့် ယခုကြုံတွေ့နေရသော စိန်ခေါ်မှုများသည် နောင်တစ်ချိန်တွင် ဥရောပသမဂ္ဂ ပိုမိုရင့်ကျက်လာစေရန် အခွင့်အလမ်းတစ်ခုအဖြစ်ပြောင်းလဲသွားနိုင်ကြောင်း ဗြိတိန်နိုင်ငံ နုတ်ထွက်ပြီးနောက်ပိုင်း (Brexit) နောက်ပိုင်း ဥရောပသမဂ္ဂ၏ အနာဂတ်နှင့် ပတ်သက်၍ ပေကျင်းတွင် ပြုလုပ်သည့် အမျိုးသားပြည်သူ့ကွန်ဂရက် နှစ်ပတ်လည်အစည်းအဝေးပြင်ပ သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။

နိုင်ငံခြားရေးဝန်ကြီး က တရုတ်နိုင်ငံသည် ဥရောပ၏ မဟာဗျူဟာမြောက် ရပ်တည်နေမှုနှင့် အရေးကြီးသော အခန်းကဏ္ဍကို တန်ဖိုးထားပါကြောင်း၊ တရုတ်နိုင်ငံသည် ငြိမ်းချမ်းရေး၊ ကြီးပွားတိုးတက်ရေး၊ ပြန်လည်ပြုပြင်ရေး နှင့် ပြည်တွင်းရေးများ အတွက် ဥရောပ နှင့် မိတ်ဖက်ဆက်ဆံရေးကိုပိုမိုတိုးမြှင့်ကာ အတူတကွပူးပေါင်းလုပ်ဆောင်သွားရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

ဝမ် က တစ်နိုင်ငံချင်းစီ၏ တရားဥပဒေရေးရာ ကိစ္စရပ်များကို လေးစားလိုက်နာပြီး ပူးပေါင်းဆောင်ရွက်ရေး အတွက် အခက်အခဲ အတားအဆီးများကို ဖယ်ရှားကာ နိုင်ငံပေါင်းစုံပူးပေါင်းဆောင်ရွက်ရေး နှင့် ကမ္ဘာကြီးအား ဗဟိုလွှမ်းမိုးထိန်းချုပ်မှုများ စုစည်းနေသည့် နေရာတစ်ခုအဖြစ် ပြုလုပ်ရန် ဥရောပနှင့် ပူးပေါင်း လုပ်ဆောင်လိုကြောင်း ပြောကြားခဲ့သည်။

ဥရောပသမဂ္ဂ သည် ဒုတိယကမ္ဘာစစ်အပြီး ပထမဆုံးပေါ်ပေါက်လာသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု ယန္တရား တစ်ခုဖြစ်သည့်အပြင် အလျင်မြန်ဆုံးဖွံ့ဖြိုးတိုးတက်ခဲ့သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။

၎င်းက ကမ္ဘာ့စီးပွားရေး ပြန်လည် အားပြည့်လာစေရန်၊ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်ရေးစနစ်တိုးတက်လာစေရန် နှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး ကောင်းမွန်စွာ ဖွံ့ဖြိုးလာစေရန် အတွက် ဥရောပ နှင့် လက်တွဲလုပ်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.