Connect with us

Politics, Law & Military

ကမ္ဘာကြီး တစ်ခုလုံး ပိုမို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ ၂၀၁၇ ခုနှစ် အတွက် နှစ်သစ် ဆုတောင်းစကား တွင် ထည့်သွင်းပြောကြား

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်မှ ၂၀၁၇ ခုနှစ် နှစ်သစ် နှုတ်ခွန်းဆက်စကားအား ဒီဇင်ဘာလ ၃၁ ရက်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းတွင် ပြောကြားနေစဉ် (ဆင်ဟွာ)

ပေကျင်း ၊ ဒီဇင်ဘာ ၃၁ ရက်(ဆင်ဟွာ)

ကမ္ဘာကြီး တစ်ခုလုံး ပိုမို ငြိမ်းချမ်းပြီး ဖွံ့ဖြိုးတိုးတက်ပါစေကြောင်း တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် မှ တရုတ် နိုင်ငံ အပြည်ပြည်ဆိုင်ရာ ရေဒီယို လိုင်း ၊ ဗဟိုပြည်သူ့ရေဒီယို လိုင်း ၊ CCTV ၊ တရုတ် အပြည်ပြည်ဆိုင်ရာ ရုပ်သံလိုင်း (CGTV) နှင့် အင်တာနက်လိုင်းများ ပေါ်မှတစ်ဆင့် ၂၀၁၇ ခုနှစ် အတွက် နှစ်သစ် ဆုမွန်တောင်း စကား ကို ဒီဇင်ဘာလ ၃၁ ရက်နေ ဒေသစံတော်ချိန့်ည ၇ နာရီအချိန်တွင်ပြောကြား ခဲ့သည်။

တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန် က နှစ်သစ်သို့ကူးပြောင်းမည့် အချက်ပေး ခေါင်းလောင်းသည် မကြာမီချိန် တွင် ထွက်ပေါ်လာတော့မည် ဖြစ်ကြောင်း ၊ ယခုကဲ့သို့ နှစ်ဟောင်းကို နှုတ်ဆက်၍ နှစ်သစ်ကို ကြိုဆိုသည့် အချိန်အခါသမယ တွင် ကျွနု်ပ်အနေဖြင့် တစ်နိုင်ငံ လုံးရှိ ပြည်သူလူထု အားလုံး ၊ ဟောင်ကောင်အထူးဒေသရှိ ပြည်သူလူထု များ ၊ မကာအို အထူးဒေသရှိ ပြည်သူလူထု များ ၊ ထိုင်ဝမ် ဒေသရှိဆွေမျိုးရင်းခြာများ နှင့် ပင်လယ်ရပ်ခြားဒေသ ရှိ တရုတ် ပြည်သူလူထုများ ၊ ကမ္ဘာ့နေရာဒေသအသီးသီးရှိ မိတ်ဆွေသူငယ်ချင်း များ အားလုံးကို နှစ်သစ် ဆုမွန်ကောင်း တောင်းကြောင်း ပြောကြား ခဲ့သည်။

၂၀၁၆ ခုနှစ် သည် တရုတ် ပြည်သူလူထု တို့အတွက် ထူးခြားဆန်းပြားပြီး မေ့ပျောက်၍ မလွယ်ကူနိုင်သည့် နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း ၊ ၁၃ ကြိမ်မြောက် ၅ နှစ် စီမံကိန်း သည်လည်း ကောင်မွန်စွာ အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း ၊ ကျွန်တော်တို့အနေဖြင့် ဆန်းသစ်သည့် ဖွံ့ဖြိုးတိုးတက်ရေး အတွေးအမြင် များကို အကောင်အထည်ဖေါ်ခဲ့ပြီး ဘက်စုံ သာယာဝပြော သည့် လူနေမှုဘဝ အကောင်အထည်ဖေါ်ရန် ကိုလည်း တွန်းအားပေး နိုင်ခဲ့ပြီး တရုတ် နိုင်ငံ စီးပွားရေးအား ဆက်လက်၍ ကမ္ဘာ့ထိပ်တန်းနေရာတွင် တည်ရှိရန် ကို လည်း တွန်းအားပေး နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ဘက်စုံနက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်ခဲ့ပြီး ဖွဲ့စည်းပုံ ပိုမိုကောင်းမွန်စွာ ပြုပြင်ပြောင်းလဲရေး အတွက် အရေးပါသော ဆောင်ရွက်မှုများ ဖြစ်စေခဲ့ကြောင်း ၊ ကာကွယ်ရေး နှင့် တပ်မတော် ပြုပြင်ပြောင်းလဲရေး တွင်းလည်း အရေးပါသော အောင်မြင်မှုများရရှိခဲ့ကြောင်း ၊ ကဏ္ဍစုံ အရေးကြီး အချက် ၄ ချက် နှင့် တွဲဖက် အချက် ၈ ချက် ပြုပြင် ပြောင်းလဲရေး ဖြင့် အဓိက ဖွဲ့စည်းမှု ပြောင်းလဲရေး မူဝါဒ သည်လည်း အခြေခံအားဖြင့် အတည်ပြုနိုင်ခဲ့ပြီး ဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ ဘက်စုံ ဥပဒေအရ နိုင်ငံတော် အုပ်ချုပ်ရေး ကို ကြိုးပမ်းဆောင်ရွက် ခဲ့ပြီး တရားရေး ဖွဲ့စည်းပုံ ပြုပြင်ပြောင်းလဲရေး ၊ တရားဥပဒေ သမာသမတ်ကျရေး နှင့် တန်းတူညီမျှသည့် လူနေမှုဘဝ မူဝါဒ ကိုလည်း ထိန်းသိမ်း နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ပါတီအား ဘက်စုံ အလေးအနက် ထိန်းသိမ်းခြင်းလုပ်ဆောင်ခဲ့ပြီး အဂတိ လိုက်စားမှု ကို ခိုင်မြဲစွာ တိုက်ဖျက်ကာ သန့်ရှင်းသည့် နိုင်ငံရေး အခြေအနေ ၊ ပါတီပုံရိပ် ၊ နိုင်ငံရေး ပုံရိပ် နှင့် လူနေမှု ဘဝ ပုံရိပ် ကို အဆက်မပြတ် ပိုမို ကောင်းမွန်အောင် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် သမ္မတ ရှီကျင့်ဖိန်က၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့အကြီးဆုံး အဝေးကြည့် မှန်ပြောင်း ဖြစ်သည့် “FAST” အကောင်အထည်ဖော် စတင်လည်ပတ်နိုင်ခဲ့ကြောင်း ၊ “Wu Kong”ဂြိုလ်တု မှာလည်း ဂြိုလ်ပတ် လမ်းကြောင်း တွင် လည်ပတ် နေသည်မှာ တစ်နှစ်ရှိခဲ့ပြီး ဖြစ်ကြောင်း ၊ “MoZiHao” သည် အာကာသ သို့လွှတ်တင် နိုင်ခဲ့ပြီး “ShenZhou-11” နှင့် “TianGong-2” ကိုလည်း အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ကြောင်း ၊ တရုတ် နိုင်ငံ ၏ အိုလံပစ် အားကစား သမား များသည်လည်း ထူချွန်သည့် ရလဒ်များကို ရရှိနိုင်ခဲ့ပြီး တရုတ် နိုင်ငံ အမျိုးသမီး ဘော်လီဘော အားကစား သမားများသည်လည်း ၁၂ နှစ်ကြာ ဝေးကွာခဲ့သည့် အိုလံပစ် အမြင့်ဆုံး ဆုတံဆိပ် ပေးသည့် စင်မြင့် ကို ပြန်လည် ရောက်ရှိနိုင်ခဲ့ကြောင်း ၊ ထို့ပြင် ပြုပြင်ပြောင်းလဲရေး မှ တစ်ဆင့် ကျေးလက်မှ မြို့ပြသို့ ပြောင်းရွှေ့မှုသည် ပိုမို အဆင်ပြေ ချောမွေ့စေခဲ့ပြီး ဆင်းရဲ နွမ်းပါးသည့် ဒေသမှ ကလေးငယ်များစွာသည်လည်း ပိုမိုကောင်းမွန်သည့် ပညာသင်ကြားမှု အခြေအနေကို ရရှိခဲ့ကြောင်း၊ ပြည်သူလူထုများအနေဖြင့် မှတ်ပုံတင် ပြုလုပ်ရာတွင် တစ်နေရာမှ တစ်နေရာသို့ အကြိမ်ကြိမ် သွားလာရန် မလိုအပ်တော့ဘဲ ကာလရှည်ကြာစွာ သန်းခေါင်စာရင်း မရှိခဲ့သူများလည်း မှတ်ပုံတင်နိုင်ခဲ့ကြောင်း၊ လူအများအပြားသည်လည်း မိမိတို့၏ ကိုယ်ပိုင် မိသားစုဆရာဝန် ရရှိနိုင်ခဲ့ကြောင်း၊ အထက်ပါ အကြောင်းအရာများသည် ကျွနု်ပ်အား လွန်စွာ ကျေနပ်အားရစေခဲ့ကြောင်း ပြောကြားခဲ့သည်။

ထို့အတူ ၂၀၁၆ ခုနှစ်တွင် သာယာလှပသည့် ဟန်ကျိုးမြို့တွင် တရုတ်နိုင်ငံ အနေဖြင့် ၁၁ ကြိမ်မြောက် G20 ထိပ်သီး အစည်းအဝေးကို ကျင်းပနိုင်ခဲ့ပြီး တရုတ်နိုင်ငံ၏ အသိဉာဏ်ပညာများနှင့် မူဝါဒများ အပါအဝင် တရုတ်နိုင်ငံ၏ ပုံရိပ် လက္ခဏာကောင်းများကို နိုင်ငံတကာသို့ ပြသနိုင်ခဲ့ကြောင်း၊ ခေတ်သစ်ပိုးလမ်းမကြီး လျင်မြန်စွာ အကောင်အထည်ဖော်နိုင်ရေးကို တွန်းအားပေးနိုင်ခဲ့ပြီး အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှု ဘဏ်ကိုလည်း တရားဝင် စတင် ဖွင့်လှစ်နိုင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်ရေးကို ခိုင်မြဲစွာ ရပ်တည်ကာ အချုပ်အခြာ အာဏာနှင့် ပင်လယ်ရေကြောင်း အခွင့်အရေးကို ခိုင်မြဲစွာ ထိန်းသိမ်း စောင့်ရှောက်သွားမည် ဖြစ်ကြောင်း၊ မည်သူမဆို ဤကိစ္စရပ်နှင့် ပတ်သက်၍ ဝင်ရောက်စွက်ဖက် နှောင့်ယှက်လာပါက တရုတ် တစ်မျိုးသားလုံး အနေဖြင့် လုံးဝ လက်ခံနိုင်မည် မဟုတ်ကြောင်း ရှီကျင့်ဖိန်က မိန့်ခွန်း ပြောကြားခဲ့သည်။

ယခုနှစ်တွင် နေရာအနှံ့အပြားတွင် သဘာဝဘေးအန္တရာယ်နှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ ကြုံတွေ့ခဲ့ပြီး ပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်နှင့် လူနေမှုဘဝများကို ပြင်းထန်စွာ ဆုံးရှုံးမှုများ ဖြစ်ပွားစေခဲ့သောကြောင့် ကျွန်ုပ်အနေဖြင့် လွန်စွာ စိတ်မကောင်းဖြစ်ရပါကြောင်း၊ တရုတ်နိုင်ငံ ငြိမ်းချမ်းမှု ထိန်းသိမ်းရေး တပ်ဖွဲ့မှ စစ်သည်အချို့ ရဲရင့်စွာ ဆုံးရှုံးခဲ့ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် တန်ဖိုးကြီးမားသည့် အသက်များ ပေးဆပ်ခဲ့ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် ၎င်းတို့အား အောက်မေ့သတိရကာ ၎င်းတို့၏ မိသားစုဝင်များကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်သွားမည်ဟု သမ္မတ ရှီက ဆက်လက် ပြောကြားခဲ့သည်။

၂၀၁၆ ခုနှစ်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၉၅ နှစ်ပြည့် အထိမ်းအမှတ်အား ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ခဲ့ပြီး တရုတ်နိုင်ငံ တပ်နီတော်၏ ခရီးရှည် အောင်မြင်ခြင်း ၈၀ နှစ်ပြည့်ကိုလည်း ကျင်းပခဲ့ကြောင်း၊ ကျွနု်ပ်တို့ အနေဖြင့် ရှေးလူကြီးများ၏ တရုတ်နိုင်ငံ ပြည်သူလူထု အပေါ် ပေးဆပ်ခဲ့မှုများကို ခိုင်မြဲစွာ မှတ်သားကာ ဆက်လက်၍ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် ရှီကျင့်ဖိန်က ဆက်လက်၍ မကြာခင် ရောက်ရှိလာမည့် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီမှ ၁၉ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ကိုယ်စားလှယ်များ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပမည် ဖြစ်ပြီး ဘက်စုံ သာယာဝပြောသည့် လူနေမှုဘဝ တည်ဆောက်ရေး၊ ဘက်စုံ နက်ရှိုင်းစွာ ပြုပြင်ပြောင်းလဲရေး၊ ဘက်စုံ ဥပဒေအရ နိုင်ငံတော် အုပ်ချုပ်ရေးနှင့် ဘက်စုံ ပါတီအား အလေးအနက် ထိန်းသိမ်း အုပ်ချုပ်ရေးတို့တွင် ဆက်လက် ကြိုးပမ်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ မည်သည့်အရာမျှ အလကား ရရှိမည် မဟုတ်ဘဲ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှသာလျှင် အိပ်မက်ကို အကောင်အထည်ဖော်နိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ ရှီက သာယာဝပြောသည့် လူနေမှုဘဝ လမ်းခရီးတွင် မည်သူ့ကိုမျှ မကျန်ရစ်ခဲ့စေလိုကြောင်း၊ ပြီးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း ဆင်းရဲနွမ်းပါးသည့် လူ ၁၀ သန်းကို ဆင်းရဲတွင်းမှ လွတ်မြောက်စေနိုင်ခဲ့ကြောင်း၊ ဆင်းရဲတွင်း လွတ်မြောက်ရေး တိုက်ပွဲတွင် ရှေ့တန်းက ဆောင်ရွက်ခဲ့သည့် ဆွေမျိုးရင်းခြာများ အနေဖြင့် ပင်ပန်းခဲ့ကြကြောင်း၊ ကျွန်ုပ်အနေဖြင့် အဆိုပါ ပုဂ္ဂိုလ်များအား ဂါရဝပြုကြောင်း၊ နှစ်သစ် အချိန်အခါတွင် ဆင်းရဲ ခက်ခဲသည့် ပြည်သူများ အနေဖြင့် စားဝတ်နေရေး အဆင်ပြေပါ၏လားနှင့် တရုတ်နှစ်သစ်ကူးကို ကောင်းမွန်စွာ ဖြတ်သန်းနိုင်ပါ၏လား စသည့် အကြောင်းအရာများမှာ ကျွန်ုပ်အနေဖြင့် သတိရမိဆုံး ဖြစ်ကြောင်း၊ အချို့ ပြည်သူများအနေဖြင့် အလုပ်အကိုင် ရရှိရေး၊ သားသမီး ပညာရေး၊ ကျန်းမာရေး၊ နေအိမ် စသည့် ကဏ္ဍများတွင် အခက်အခဲ အချို့ကို ရင်ဆိုင်နေရသည်ကို ကျွနု်ပ်အနေဖြင့် သိရှိကြောင်း၊ ယင်း ကိစ္စများအား စဉ်ဆက်မပြတ် ဖြေရှင်းရမည်မှာ ပါတီနှင့် အစိုးရ၏ မလွဲမသွေ ဆောင်ရွက်ရမည့် တာဝန် ဖြစ်ကြောင်း၊ ပါတီနှင့် အသိုင်းအဝိုင်း အားလုံး အနေဖြင့် ဆင်းရဲနွမ်းပါးသူများနှင့် အခက်အခဲရှိသူများအား ဂရုစိုက်ခြင်းနှင့် ကူညီခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရန် ပြုပြင်ပြောင်းလဲမှု၏ အသီးအပွင့်များကို ပိုမိုများပြားသည့် ပြည်သူလူထုကို အကျိုးခံစားရစေပြီး ပြည်သူလူထု၏ လူနေမှုဘဝကို ပိုမိုပြည့်စုံ ကောင်းမွန်စေရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျွန်ုပ်တို့၏ ၁.၃ ဘီလီယံရှိသော ပြည်သူလူထုများ စည်းလုံးညီညွတ်ပါက၊ ကျွနု်ပ်တို့ ပါတီနှင့် ပြည်သူလူထုများ ရပ်တည်မှုချင်း တူညီပါက၊ ကျွန်ုပ်တို့အားလုံး တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်ပါက ကျွနု်ပ်တို့ လက်ရှိ မျိုးဆက် အနေဖြင့် ခရီးရှည်ကို ကောင်းမွန်စွာ လျှောက်လှမ်းနိုင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နိဂုံးချုပ်အားဖြင့် တရုတ်ပြည်သူလူထု တို့သည် သမိုင်းတလျှောက် အတူတကွ ယှဉ်တွဲ နေထိုင်ရေး မူဝါဒကို လက်ကိုင်ထား ရပ်တည်ခဲ့ပြီး တရုတ် ပြည်သူလူထု အနေဖြင့် မိမိတို့ ပိုမို ကောင်းမွန်စွာ နေထိုင်နိုင်ရုံမက ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ပြည်သူများသည်လည်း ပိုမိုကောင်းမွန်စွာ နေထိုင်စေလိုကြောင်း၊ လက်ရှိအချိန်တွင် အချို့နိုင်ငံနှင့် ဒေသများသည် တိုက်ပွဲများနှင့် ဆင်းရဲမွဲတေမှုများကြောင့် ချုပ်နှောင်ခံထားရပြီး ရောဂါဘယများနှင့် သဘာဝ ဘေးအန္တရာယ်များက အကြိမ်ကြိမ် နှောင့်ယှက်ခဲ့ကြောင်း၊ ကျွန်ုပ်အနေဖြင့် နိုင်ငံတကာ အသိုင်းအဝိုင်းမှ အတူတကွ လက်တွဲကာ လူသားမျိုးနွယ် အသိုက်အဝန်း တစ်ခုတည်းဟူသော ခံယူချက်ဖြင့် ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးအား ပိုမို ငြိမ်းချမ်း စည်ပင် သာယာဝပြောအောင် တည်ဆောက်သွားရမည် ဖြစ်ကြောင်းနှင့် ကျွန်ုပ်တို့အားလုံး ယုံကြည်မှုနှင့် မျှော်လင့်ချက် အပြည့်အဝဖြင့် အတူတကွ နှစ်သစ် ခေါင်းလောင်းသံကို ကြိုဆိုကြမည် ဖြစ်ကြောင်း သမ္မတ ရှီကျင့်ဖိန်က နှစ်သစ် နှုတ်ခွန်းဆက်စကား ပြောကြားခဲ့သည်။ (Xinhua)