Connect with us

Politics, Law & Military

အရှေ့အလယ်ပိုင်းနိုင်ငံများ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှုဖြစ်စဉ်တွင် အဟန့်အတားဖြစ်စေမည့်လုပ်ရပ်ကို ရပ်တန့်ရန် ဒေသပြင်ပနိုင်ငံများအား တရုတ်နိုင်ငံ တိုက်တွန်း

ကုလသမဂ္ဂ၊ မေ ၃၁ ရက် (ဆင်ဟွာ)

ဒေသပြင်ပနိုင်ငံများက ဒေသတွင်းနိုင်ငံများနှင့်ပြည်သူများ၏သဘောဆန္ဒကို အပြည့်အဝ လေးစားရမည် ဖြစ်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံများ၏ ပြန်လည်သင့်မြတ်ရေး ဆွေးနွေးမှု ဖြစ်စဉ်ကို အဟန့်အတားဖြစ်စေမည့်လုပ်ရပ်များအား ရပ်တန့်ကာ ဆီးရီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အခြေအနေကောင်းများကို ကြိုးပမ်း ပံ့ပိုးပေးရမည် ဖြစ်ကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ၏ ဒုတိယ အမြဲတမ်းကိုယ်စားလှယ် ကိန်းစွမ်က မေ ၃၀ ရက်တွင် ပြောကြားခဲ့သည်။မကြာသေးမီက အာရပ်အဖွဲ့ချုပ်၌ ဆီးရီးယားနိုင်ငံ ပြန်လည်ပါဝင်နိုင်ခဲ့ကြောင်း၊ ၎င်းမှာ အာရပ်နိုင်ငံများ စည်းလုံးညီညွတ်မှုနှင့်ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားသစ်လောင်းပေးခြင်း ဖြစ်သလို ဆီးရီးယားအရေး နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု အခွင့်အလမ်းသစ်ပံ့ပိုးခြင်းလည်း ဖြစ်ကြောင်း ကိန်းစွမ်က ယင်းနေ့တွင် ကျင်းပသော ဆီးရီးယားနိုင်ငံရေးနှင့်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စရပ်များ တံခါးဖွင့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် သက်ဆိုင်ရာဘက်ပေါင်းစုံက အခွင့်အလမ်းများကို အသုံးချ၍ တွေ့ဆုံဆွေးနွေးမှုများ အားဖြည့်ဆောင်ရွက်သွားခြင်း၊ ကုလသမဂ္ဂ၏ ဆီးရီးယားဆိုင်ရာ အထူးသံတမန် Pei Kairu၏ လုပ်ဆောင်ချက်များကို တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဆီးရီးယားနိုင်ငံရေးဖြစ်စဉ် ဆောလျင်စွာ တိုးတက်မှုရှိစေရေး တွန်းအားပေး ဆောင်ရွက်သွားစေ လိုကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အာရပ်နိုင်ငံများ၏ စည်းလုံးညီညွတ်စွာ ဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းမှုများကို အစဉ်အမြဲထောက်ခံသွားမည် ဖြစ်သလို အာရပ်အဖွဲ့ချုပ်၌ ဆီးရီးယားနိုင်ငံ ပြန်လည်ပါဝင်မှုအား အပြုသဘော အားပေးသွားမည် ဖြစ်ကြောင်း၊ သက်ဆိုင်ရာဘက်ပေါင်းစုံ၏လုပ်ငန်းဆောင်တာများကို မိမိ၏နည်းလမ်းဖြင့် အစဉ်အမြဲ အပြုသဘော ပါဝင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

———————-

中方敦促域外国家停止阻挠中东国家对话和解进程
新华社联合国5月30日电中国常驻联合国副代表耿爽30日说,域外国家要充分尊重地区国家和人民的意愿,停止阻挠中东国家对话和解进程,努力为叙利亚问题的政治解决提供良好条件。
耿爽当天在安理会叙利亚政治人道问题公开会上发言说,前不久,叙利亚重返阿拉伯国家联盟(阿盟)。这既为阿拉伯国家团结自强注入了新动力,也为叙利亚问题政治解决提供了新契机。中方希望有关各方抓住机遇,加强对话,积极配合联合国秘书长叙利亚问题特使裴凯儒的工作,推动叙利亚政治进程早日取得进展。中方始终支持阿拉伯国家团结振兴,积极支持叙利亚重返阿盟,一直在通过自己的渠道积极做有关各方的工作。