Politics, Law & Military
ဟယ်လိဖုန်းနှင့် ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့ စတုတ္ထအကြိမ်မြောက် တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲအား အတူတကွကြီးမှူးကျင်းပ
ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)
တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ၏ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီဘက် ဦးဆောင်သူ၊ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့သည် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲအား အတူတကွ ကြီးမှူးကျင်းပခဲ့သည်။ဆွေးနွေးပွဲတွင် ဟယ်လိဖုန်းက တရုတ်နိုင်ငံအနေဖြင့် ဂျာမနီနိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသည့် အရေးကြီးသဘောတူညီချက်အား ကောင်းမွန်စွာ အကောင်အထည်ဖော်ပြီး ဘက်စုံထောင့်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး စာမျက်နှာသစ်အား ဖွင့်လှစ်ကာ ကမ္ဘာ့စီးပွားရေးတည်ငြိမ်စွာ တိုးတက်မှုအတွက် အကျိုးပြုမှုသစ်များ ထမ်းဆောင်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ၏ တရုတ်ဘက်ဦးဆောင်သူ၊ တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဒုတိယဝန်ကြီးချုပ် ဟယ်လိဖုန်းနှင့် ဂျာမနီဘက် ဦးဆောင်သူ၊ ဂျာမနီနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် ဘဏ္ဍာရေးဝန်ကြီး Lars Klingbeil တို့ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စတုတ္ထအကြိမ်မြောက် တရုတ်-ဂျာမနီ အဆင့်မြင့် ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲအား အတူတကွကြီးမှူးကျင်းပစဉ် (ဆင်ဟွာ)
Lars Klingbeil က ဂျာမနီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ ဘဏ္ဍာရေးကဏ္ဍ ပူးပေါင်းဖလှယ်မှုအား နီးကပ်စွာလုပ်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုရရှိရန် တွန်းအားပေးသွားလိုကြောင်း ပြောကြားခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲအတွင်း နှစ်ဖက်အနေဖြင့် အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွားဖော်ဆောင်သော ရလဒ်နှင့် သဘောတူညီချက်များစွာ ရရှိခဲ့သည်။ ဟယ်လိဖုန်းနှင့် Lars Klingbeil တို့သည် ဒုတိယအကြိမ် တရုတ်-ဂျာမနီ ဘဏ္ဍာရေးနယ်ပယ် စကားဝိုင်းဆွေးနွေးပွဲကိုလည်း အတူတကွ တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
#China #Germany #FinancialDialogue #တရုတ် #ဂျာမနီ #ဘဏ္ဍာရေးတွေ့ဆုံဆွေးနွေးပွဲ
————————————————————————————–
(Chinese Version)
何立峰与德国副总理兼财政部长克林拜尔共同主持第四次中德高级别财金对话
新华社北京11月17日电(记者曹嘉玥)中德高级别财金对话中方牵头人、国务院副总理何立峰与德方牵头人、德国副总理兼财政部长克林拜尔17日在北京共同主持第四次中德高级别财金对话。
何立峰表示,中方愿同德方一道,落实好两国领导人达成的重要共识,开启全方位战略伙伴关系新篇章,为世界经济稳定增长作出新贡献。
克林拜尔表示,德方愿与中方密切财金领域交流合作,推动两国关系取得更大发展。
对话期间,双方达成一系列互利共赢的成果和共识。何立峰和克林拜尔共同出席了第二届中德金融界圆桌会。(完)
图说1、2:11月17日,中德高级别财金对话中方牵头人、国务院副总理何立峰与德方牵头人、德国副总理兼财政部长克林拜尔在北京共同主持第四次中德高级别财金对话。 新华社记者 戴天放 摄
