Connect with us

Politics, Law & Military

ရှီကျင့်ဖိန်နှင့် ဖီဂျီနိုင်ငံ သမ္မတ Ratu Naiqama Lalabalavu တို့ တရုတ်- ဖီဂျီ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့၊ လီချန်နှင့် ဖီဂျီနိုင်ငံ ဝန်ကြီးချုပ် Sitiveni Rabuka ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့

ဖီဂျီနိုင်ငံ မြို့တော် ဆူဗား Albert ရင်ပြင်တွင် ဒရုန်းတင်ဆက်ဖျော်ဖြေမှုကို ကြည့်ရှုနေကြသူများအား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၂၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဖီဂျီသမ္မတနိုင်ငံ သမ္မတ Lalabalavu တို့သည် ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့၍ တရုတ်- ဖီဂျီ သံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို ဂုဏ်ပြုခဲ့သည်။ထိုသို့ပေးပို့ရာတွင် ရှီကျင့်ဖိန်က ဖီဂျီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် သံတမန်ဆက်ဆံရေး ထူထောင်သည့် ပစိဖိတ်ကျွန်းစုနိုင်ငံများအနက် ပထမဆုံးနိုင်ငံဖြစ်ကြောင်း၊ တရုတ်- ဖီဂျီ သံတမန်ဆက်ဆံရေး ထူထောင်လာသည့် ရာစုနှစ်တစ်ဝက်ကြာကာလတစ်လျှောက်တွင် နိုင်ငံတကာအခြေအနေ မည်သို့ ပြောင်းလဲစေကာမူ နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှု၊ တန်းတူညီမျှ ဆက်ဆံမှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးစီးပွားဖော်ဆောင်မှုကို အစဉ်အမြဲ ထိန်းသိမ်းထားပြီး မိမိနိုင်ငံအခြေအနေနှင့် ကိုက်ညီသည့် ဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်း လျှောက်လှမ်းခြင်းကို အပြန်အလှန် ထောက်ခံအားပေးခဲ့ကြကြောင်း၊ မကြာသေးမီနှစ်များတွင် နှစ်ဖက်၏ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူတကွတည်ဆောက်ခြင်းသည် အောင်မြင်မှုရလဒ်များ ကြွယ်ဝပြီး နှစ်နိုင်ငံ ပြည်သူများကို အကျိုးပြုလျက်ရှိရာ တရုတ်-ဖီဂျီ ချစ်ကြည်ရေးမှာ စိတ်နှလုံးတွင် ပိုမို နက်ရှိုင်းစေခဲ့ကြောင်း ထောက်ပြရေးသားခဲ့သည်။

ရှီကျင့်ဖိန်က မိမိအနေဖြင့် တရုတ်-ဖီဂျီဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားကြောင်း၊ သမ္မတ Lalabalavu နှင့်အတူ ကြိုးပမ်းပြီး နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို အခွင့်အလှမ်းအဖြစ် သတ်မှတ်ကာ နှစ်ဖက် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှုကို တိုးတက်စေရန်၊ ကဏ္ဍအသီးသီး ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဆောင်ရွက်ရန်၊ တရုတ်-ဖီဂျီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက် ဆက်ဆံရေး အဆင့်သစ်ကို တက်လှမ်းရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း အလေးထား ပြောကြားခဲ့သည်။

Lalabalavu က ဖီဂျီ-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ခြင်း နှစ် ၅၀ ပြည့်သည် နှစ်နိုင်ငံ ဆက်ဆံရေး၏ အရေးကြီး သမိုင်းမှတ်တိုင်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသည် အပြန်အလှန် လေးစားမှု၊ ဘုံအကျိုးစီးပွားနှင့် ငြိမ်းချမ်းရေး၊ သာယာဝပြောရေး၏ ဘုံဆန္ဒကို အရင်းခံ၍ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို ထူထောင်ထားပြီး ပူးပေါင်းဆောင်ရွက်ရေးကဏ္ဍ အဆက်မပြတ် တိုးချဲ့ဆောင်ရွက်ခဲ့ရာ ဒေသတွင်းနှင့် နိုင်ငံတကာ စိန်ခေါ်မှုများ ရင်ဆိုင်တုံ့ပြန်ရေးအတွက် အရေးပါသော အကျိုးကို ထမ်းဆောင်ခဲ့ကြောင်း၊ ဖီဂျီ-တရုတ် ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုသည် ပိုမိုနက်ရှိုင်း၍ တက်ကြွမှု အားကောင်းသလို အနာဂတ်အလားအလာ ပိုမိုကျယ်ပြန့် လိမ့်မည်ဟု အခိုင်အမာ ယုံကြည်ကြောင်း ပြောကြားခဲ့သည်။

ထိုနေ့တွင် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်နှင့် ဖီဂျီနိုင်ငံ ဝန်ကြီးချုပ် Sitiveni Rabuka တို့ ဂုဏ်ပြုသဝဏ်လွှာ အပြန်အလှန် ပေးပို့ခဲ့သည်။ ထိုသို့ပေးပို့ရာတွင် လီချန်က တရုတ်နိုင်ငံသည် တရုတ်-ဖီဂျီ ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုကို အထူးအလေးထားပြီး ဖီဂျီနိုင်ငံနှင့်အတူ ကြိုးပမ်းကာ သံတမန် ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်ကို အခွင့်အလမ်းအဖြစ်သတ်မှတ်၍ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်း ကျယ်ပြန့်စေရန်၊ တရုတ်-ဖီဂျီ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို အဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်ရေး တွန်းအားပေးဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

Rabuka က ဖီဂျီနိုင်ငံသည် တရုတ်နိုင်ငံနှင့် ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကို တန်ဖိုးထားရှုမြင်ကြောင်း၊ နှစ်ဖက်၏ ကဏ္ဍအသီးသီး စဉ်ဆက်မပြတ်ပူးပေါင်းဆောင်ရွက်မှုများက နှစ်နိုင်ငံပြည်သူများအတွက် လက်တွေ့ကျသော အကျိုးစီးပွားများ ဆောင်ကြဉ်းပေးကြောင်း၊ ဖီဂျီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက် နှစ်နိုင်ငံ အပြန်အလှန် လေးစားမှု၊ ရေရှည် ချစ်ကြည်ရင်းနှီးမှု၊ ဘုံဖွံ့ဖြိုးတိုးတက်သော မိတ်ဖက်ဆက်ဆံရေးကို နက်ရှိုင်းစေရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
习近平同斐济总统拉拉巴拉武就中斐建交50周年互致贺电   李强同斐济总理兰布卡互致贺电
新华社北京11月5日电 11月5日,国家主席习近平同斐济共和国总统拉拉巴拉武互致贺电,庆祝中斐两国建交50周年。
习近平指出,斐济是首个同新中国建交的太平洋岛国。中斐建交半个世纪以来,无论国际形势如何变化,两国始终相互尊重、平等相待、合作共赢,支持彼此走符合自身国情的发展道路。近年来,双方高质量共建“一带一路”成果丰硕,惠及两国人民,中斐友好更加深入人心。
习近平强调,我高度重视中斐关系发展,愿同拉拉巴拉武总统一道努力,以两国建交50周年为契机,增进双方政治互信,拓展各领域合作,推动中斐全面战略伙伴关系迈上新台阶。
拉拉巴拉武表示,斐中建交50周年是两国关系重要里程碑。两国在相互尊重、共同利益以及对和平与繁荣的共同愿景基础上,建立起全面战略伙伴关系,合作领域不断拓展,为应对地区和国际挑战作出了重要贡献。坚信斐中关系发展将更加深入、富有活力,前景更加广阔。
同日,国务院总理李强同斐济总理兰布卡互致贺电。李强表示,中方高度重视中斐关系发展,愿同斐方一道努力,以建交50周年为契机,拓展和深化互利合作,推动中斐全面战略伙伴关系不断向前发展。
兰布卡表示,斐方珍视同中国的全面战略伙伴关系,双方各领域合作持续为两国人民带来切实利益。斐方期待同中方密切合作,深化两国相互尊重、长久友好、共同发展的伙伴关系。(完)
图说:9月27日,在斐济首都苏瓦阿尔伯特广场,民众观看无人机表演。新华社发(陈鹏摄)