Politics, Law & Military
တရုတ်-အမေရိကန် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနများက တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုကင်းမှောင်ခိုသယ်ဆောင်မှုတစ်မှု ဖမ်းဆီးရမိ
ပေကျင်း၊ ဒီဇင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးဌာနသည် အမေရိကန် မူးယစ်ဆေးဝါးထိန်းချုပ်မှု ကြီးကြပ်ရေးဌာန (DEA) ၏ သတင်းအချက်အလက်ပေးပို့မှုအရ နိုဝင်ဘာ ၂၆ ရက်တွင် တရုတ်နိုင်ငံ ဆန်းကျန့်မြို့ ယန်ထျန်ဆိပ်ကမ်း၏ သံသယရှိဖွယ် နိုင်ငံတကာကွန်တိန်နာသေတ္တာတစ်ခုအတွင်း၌ ကိုကင်း ၄၃၀ ကီလိုဂရမ်အား အောင်မြင်စွာ ဖမ်းဆီးရမိခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါအမှုကို တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း တရုတ်နိုင်ငံ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနထံမှ ဒီဇင်ဘာ ၁၆ ရက်တွင် သိရှိရသည်။ (Xinhua)
——————————-
(Chinese Version)
中美禁毒部门开展执法合作成功侦破一起走私可卡因案
新华社北京12月16日电 记者12月16日从公安部获悉,11月26日,中国禁毒部门根据美国缉毒署通报的线索,在深圳盐田港一可疑国际货柜中,成功查获毒品可卡因430公斤。目前该案正在进一步侦办中。(完)
