Connect with us

Politics, Law & Military

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်က ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ ထပ်မံကူးလူးသွားလာ၍ အပစ်ရပ်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမည်

ပေကျင်း၊ ဒီဇင်ဘာ ၁၈ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာ အထူးသံတမန်သည် ဒီဇင်ဘာ ၁၈ ရက်တွင် ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံသို့ ထပ်မံကူးလူးသွားလာ၍ အပစ်ရပ်ရေး ကြားဝင်စေ့စပ်ညှိနှိုင်းပေးမည်ဖြစ်ပြီး နှစ်ဖက်ဦးတည်ချက်တူ လျှောက်လှမ်းရေးကို တွန်းအားပေးရန်၊ ငြိမ်းချမ်းရေး အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၇ ရက် ညပိုင်းတွင် ပြောကြားခဲ့သည်။ကမ္ဘောဒီးယားနှင့် ထိုင်းနိုင်ငံတို့၏ ချစ်ကြည်ရင်းနှီးသော အိမ်နီးချင်းနိုင်ငံနှင့် မိတ်ဆွေအနေဖြင့် တရုတ်နိုင်ငံက လက်ရှိ ကမ္ဘောဒီးယား-ထိုင်း နယ်စပ်ပဋိပက္ခကို အထူးဂရုပြုအလေးထားရာ စဉ်ဆက်မပြတ် ကူးလူးသွားလာ၍ ဖျောင်းဖျတိုက်တွန်းလျက်ရှိရာ တင်းမာမှုအခြေအနေ ပြေလျော့လာရေးကို တွန်းအားပေးဆောင်ရွက်ရန် မိမိ၏နည်းလမ်းဖြင့် တက်ကြွစွာ ဆောင်ရွက်လျက်ရှိကြောင်း ပြောရေးဆိုခွင့်ရှိသူက သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာ၌ ပြောကြားခဲ့သည်။ (Xinhua)
#China #Thailand #Cambodia #Border #တရုတ် #ထိုင်း #ကမ္ဘောဒီးယား #နယ်စပ်

—————————–
(Chinese Version)
外交部亚洲事务特使将再次赴柬埔寨、泰国穿梭调停
新华社北京12月17日电 外交部发言人17日晚说,外交部亚洲事务特使将于18日再次赴柬埔寨、泰国穿梭调停,推动双方相向而行,尽快重建和平。
发言人在答记者问时表示,作为柬埔寨和泰国的友好邻邦和朋友,中方高度关注当前柬泰边境冲突,持续穿梭劝促,以自己的方式积极为推动缓局降温发挥作用。(完)

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.