Politics, Law & Military
ရှီကျင့်ဖိန်နှင့် ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel တွေ့ဆုံဆွေးနွေး

မော်စကို၊ မေ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဒေသစံတော်ချိန် မေ ၉ ရက် ညနေပိုင်းတွင် မော်စကိုမြို့၌ ဆိုဗီယက်ပြည်ထောင်စု၏ မျိုးချစ်စစ်အောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနား တက်ရောက်စဉ် ကာလအတွင်း ကျူးဘားနိုင်ငံ သမ္မတ Miguel Diaz-Canel နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် ရှီကျင့်ဖိန်က လတ်တလာနှစ်ပိုင်းအတွင်း မိမိသည် အဆွေတော် သမ္မတနှင့် အကြိမ်များစွာ တွေ့ဆုံဆွေးနွေးခဲ့ပြီး တရုတ်-ကျူးဘားဆက်ဆံရေးကို နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှု ပိုမိုနက်ရှိုင်းသော၊ မဟာဗျူဟာညှိနှိုင်းဆောင်ရွက်မှု ပိုမိုနီးကပ်သော၊ ပြည်သူ့ဆန္ဒအခြေခံ ပိုမိုခိုင်မြဲသော အဆင့်သစ်သို့ ဝင်ရောက်လာရန် အတူတကွဦးဆောင်ခဲ့ကြကြောင်း ထောက်ပြပြောကြားခဲ့သည်။
ယခုနှစ်သည် တရုတ်-ကျူးဘား သံတမန်ဆက်ဆံရေးထူထောင်သည့် ၆၅ နှစ်မြောက် အခါသမယဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံနှင့်အတူ သံမဏိသဖွယ် ခိုင်မြဲသည့်ချစ်ကြည်ရေးကို တစ်ဆင့်တိုး ခိုင်မာအောင် လုပ်ဆောင်၍ ပိုမိုနီးကပ်သော တရုတ်-ကျူးဘား အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်ကာ ဆိုရှယ်လစ်စနစ်နိုင်ငံများ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံများ ရိုးသားစွာ အပြန်အလှန် ဖေးမကူညီခြင်း၏ စံနမူနာအဖြစ် လုပ်ဆောင်သွားရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
နှစ်ဖက်အနေဖြင့် အလွှာစုံသွားလာဆက်ဆံမှုကိုမြှင့်တင်ပြီး ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများ တစ်ဆင့်တိုး နက်ရှိုင်းအောင်၊ လက်တွေ့ကျလာအောင် လုပ်ဆောင်ခြင်းဖြင့် အဆင့်မြင့် နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုကို တရုတ်-ကျူးဘား ပါတီနှစ်ရပ်နှင့် နှစ်နိုင်ငံဆက်ဆံရေး၏ သိသာထင်ရှားသော အမှတ်သင်္ကေတအဖြစ် အစဉ်အမြဲဖြစ်လာအောင် လုပ်ဆောင်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ကျူးဘားနိုင်ငံက နိုင်ငံတော် အချုပ်အခြာအာဏာကို ကာကွယ်ခြင်း၊ ပြည်ပစွက်ဖက်မှုများနှင့် ပိတ်ဆို့မှုများအားဆန့်ကျင်ခြင်းကို အခိုင်အမာ ထောက်ခံအားပေး၍ ကျူးဘားနိုင်ငံ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံအားပေးကြောင်း၊ ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ အရေးပါသည့်အဖွဲ့ဝင်အနေဖြင့် နှစ်ဖက်က BRICS ၊ တရုတ်-လက်တင်အမေရိကနှင့် ကာရေဘီယံနိုင်ငံများ အသိုက်အဝန်း (CELAC) ဖိုရမ် စသည့် မူဘောင်အတွင်းမှာ ညှိနှိုင်းတွဲဖက်လုပ်ဆောင်မှုကို မြှင့်တင်၍ အင်အားသုံးနိုင်ငံရေးနှင့် တစ်ဖက်သတ်ဗိုလ်ကျအနိုင်ကျင့်မှုကို ဆန့်ကျင်ကာ နိုင်ငံတကာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ကာကွယ်ထိန်းသိမ်းရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။
Miguel Diaz-Canel က ကျူးဘားနှင့် တရုတ်နိုင်ငံသည် ရင်းနှီးသောမိတ်ဆွေနှင့် ညီအစ်ကိုဖြစ်ကြောင်း၊ တရုတ်နိုင်ငံက ကာလကြာရှည်စွာ ကျူးဘားနိုင်ငံ၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုအတွက် အင်တိုက်အားတိုက် ပံ့ပိုးအားပေးမှုများကို ကျူးဘားနိုင်ငံက ကျေးဇူးတင်ရှိကြောင်းပြောကြားခဲ့သည်။
ကျူးဘားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာကျင့်သုံးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွား၍ ပြည်သူများ ချစ်ကြည်ရင်းနှီးစွာ သွားလာဆက်ဆံမှုကို တိုးမြှင့်ကာ နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များတွင် ညှိနှိုင်းတွဲဖက်လုပ်ဆောင် သွားလိုကြောင်း၊ အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို နက်ရှိုင်းစွာဖော်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ပိုမိုကြီးမားသည့် ဖွံ့ဖြိုးတိုးတက်မှုများ ရရှိရန် တွန်းအားပေးသွားလိုကြောင်း၊ ကျူးဘားနိုင်ငံက ကမ္ဘာလုံးဆိုင်ရာ အဆိုပြုချက်ကြီးသုံးရပ်ကို ထောက်ခံအားပေးကြောင်း၊ တရုတ်နိုင်ငံနှင့်အတူ တစ်ဖက်သတ်ဝါဒ၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒကို အတူတကွဆန့်ကျင်၍ နိုင်ငံတကာအသိုက်အဝန်း၏ ဘုံအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းသွားလိုကြောင်း ပြောကြားခဲ့သည်။
အဆိုပါတွေ့ဆုံဆွေးနွေးမှုတွင် ချိုက်ချီ၊ ဝမ်ရိတို့လည်း ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)
#China #Cuba #XiJinping #Russia #တရုတ် #ကျူးဘား #ရှီကျင့်ဖိန် #ရုရှား
—————————————
(Chinese Version)
习近平会见古巴国家主席迪亚斯-卡内尔
新华社莫斯科5月9日电(记者孙浩 彭培根)当地时间5月9日下午,国家主席习近平在莫斯科出席纪念苏联伟大卫国战争胜利80周年庆典期间会见古巴国家主席迪亚斯-卡内尔。
习近平指出,近年来,我同主席同志多次会晤,共同引领中古关系进入政治互信更深厚、战略协作更紧密、民意基础更牢固的新阶段。今年是中古建交65周年,中方愿同古方进一步巩固铁杆情谊,构建更加紧密的中古命运共同体,树立社会主义国家团结合作、发展中国家真诚互助的典范。双方要促进各层级交往、各领域合作进一步走深走实,让高水平政治互信始终成为中古两党两国关系的鲜明标识。中方坚定支持古巴捍卫国家主权、反对外来干涉和封锁,支持古巴经济社会发展。作为全球南方重要成员,双方要在金砖、中拉论坛等框架内加强协调和配合,反对强权政治和单边霸凌,维护国际公平正义。
迪亚斯-卡内尔表示,古巴和中国是亲密的朋友和兄弟,古方感谢中方长期以来对古巴经济社会发展的大力支持。古方坚定恪守一个中国原则,愿与中方强化互利合作,增进人民友好往来,加强在国际和地区事务中的协调配合,深入构建命运共同体,推动两国关系取得更大发展。古方支持三大全球倡议,愿与中方共同反对单边主义、保护主义,维护国际社会共同利益。
蔡奇、王毅等参加。(完)
图说:当地时间5月9日下午,国家主席习近平在莫斯科出席纪念苏联伟大卫国战争胜利80周年庆典期间会见古巴国家主席迪亚斯-卡内尔。 新华社记者 张领 摄