Politics, Law & Military
“စိမ်းလန်းစိုပြည်သော တောတောင်ရေမြေဖြင့် လှပသည့် ပန်းချီကား ရေးဆွဲခြင်း___ဂေဟယဉ်ကျေးမှုတည်ဆောက်သည့် တရုတ်နိုင်ငံ၏ ဆန်းသစ်မှုနှင့် ကမ္ဘာ့အနက်အဓိပ္ပါယ်” တတ်သိပညာရှင် အစီရင်ခံစာ ထုတ်ပြန်

ပေကျင်း၊ ဩဂုတ် ၁၀ ရက် (ဆင်ဟွာ)
ဆင်ဟွာသတင်းဌာန နိုင်ငံတော်အဆင့်မြင့် တတ်သိပညာရှင်များ သုတေသနအဖွဲ့နှင့် ရှီကျင့်ဖိန်၏ ဂေဟယဉ်ကျေးမှုအတွေးအခေါ် သုတေသနစင်တာတို့သည် ဩဂုတ် ၁၀ ရက်တွင် “စိမ်းလန်းစိုပြည်သော တောတောင်ရေမြေဖြင့် လှပသည့် ပန်းချီကား ရေးဆွဲခြင်း___ဂေဟယဉ်ကျေးမှုတည်ဆောက်သည့် တရုတ်နိုင်ငံ၏ ဆန်းသစ်မှုနှင့် ကမ္ဘာ့အနက်အဓိပ္ပါယ်” တတ်သိပညာရှင် အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပြီး ဆွေးနွေးပွဲကျင်းပခဲ့သည်။ဆင်ဟွာသတင်းဌာန၏ ဒုတိယ အယ်ဒီတာချုပ် ရန့်ဝေ့တုန်းက အမှာစကားပြောကြားရာတွင် စိမ်းလန်းစိုပြည်သည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင် ဖြစ်သည် ဟူသော အယူအဆသည် တရုတ်နိုင်ငံ၏ ကောင်းမွန်ထူးချွန်သည့် ရိုးရာအစဉ်အလာ ဂေဟယဉ်ကျေးမှုတွင် အမြစ်တွယ်လျက်ရှိရာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကာကွယ်ထိန်းသိမ်းရေး၏ ဆက်ဆံရေးဟူသော ကမ္ဘာ့အကျပ်အတည်းမေးခွန်းကို သိပ္ပံနည်းကျ ဖြေကြားပြီးဖြစ်ကြောင်း၊ ယင်းမှာ ပြည်သူ့ဗဟိုပြုသည့် ဖွံ့ဖြိုးတိုးတက်ရေး အမြင်ကို နက်ရှိုင်းစွာ ဖော်ပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျယ်ပြောခန့်ညားသည့် တရုတ်ပုံစံခေတ်မီအသွင်ပြောင်းရေးကို လက်တွေ့ဖော်ဆောင်ခြင်းနှင့်အတူ ဤအရေးကြီးသည့် အယူအဆသည် စဉ်ဆက်မပြတ် ကြွယ်ဝ တိုးတက်ကာ ကောင်းမွန်ပြည့်စုံလာရာ ခေတ်ကာလကို ကျော်လွှားသည့် သီအိုရီ ထိုးဖောက်နိုင်စွမ်းနှင့် ရေရှည်အားကောင်းသည့် ရှင်သန်စွမ်းအားဖော်ဆောင်မှုကို ပြသလျက်ရှိကြောင်း၊ ယင်းမှာ တရုတ်နိုင်ငံအား ကမ္ဘာ့အာရုံစိုက်စရာ ဂေဟအံ့ဖွယ်နှင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု အံ့ဖွယ် ဖန်တီးရန် ဦးဆောင်ခဲ့ရုံသာမက ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုအတွက် တရုတ်နိုင်ငံ၏ ဉာဏ်ပညာနှင့် တရုတ်နိုင်ငံ၏ နည်းလမ်းဖြင့် အကျိုးဆောင်ပံ့ပိုးပေးခဲ့ကြောင်း ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်၏ ဂေဟယဉ်ကျေးမှု အတွေးအခေါ် သုတေသနစင်တာ ဒါရိုက်တာ ဟူကျွင်းက စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်ဟူသော အယူအဆ၏ အဆိုပြုမှုသည် အတွေးအခေါ်၏ ပြုပြင်ပြောင်းလဲမှု၊ ဖွံ့ဖြိုးတိုးတက်ရေး၏ ပြုပြင်ပြောင်းလဲမှု၊ စီမံခန့်ခွဲရေး၏ ပြုပြင်ပြောင်းလဲမှု၊ ယဉ်ကျေးမှု၏ ပြုပြင်ပြောင်လဲမှုတစ်ရပ်ဖြစ်သည်ဟု ယူဆပေသည်။
မိမိတို့အနေဖြင့် တရုတ်နိုင်ငံ၏ ဂေဟယဉ်ကျေးမှုအကြောင်းအရာများကို သက်ဝင်ထင်ရှားစွာ ပြောပြရမည် ဖြစ်ကြောင်း၊ နိုင်ငံတကာအသိုက်အဝိုင်းထံသို့ စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေအား ရွှေတောင်ငွေတောင်အဖြစ် ပြောင်းလဲသည့် အောင်မြင်သော လက်တွေ့ဖော်ဆောင်မှုများကို ပြသရမည် ဖြစ်သလို လူနှင့် သဘာဝ သဟဇာတဖြစ် သင့်မြတ်စွာ အတူယဉ်တွဲနေထိုင်ကြသည့် ခေတ်မီအသွင်မြင်ကွင်းအား ပြသရမည် ဖြစ်ကြောင်း၊ ရှီကျင့်ဖိန်၏ ဂေဟယဉ်ကျေးမှုအတွေးအခေါ်ကို စိတ်နှလုံးတွင် တစ်ဆင့်တိုး နက်ရှိုင်းစွာ စွဲထင်စေရန်၊ ကမ္ဘာသို့ လျှောက်လှမ်းရန် တွန်းအားပေးဆောင်ရွက်ရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ဂေဟယဉ်ကျေးမှုသုတေသနအင်စတီကျု ဒုတိယ ဥက္ကဋ္ဌ Andrew Schwartz က လူနှင့် သဘာဝ၏ သဟဇာတဖြစ်မှုကို မြှင့်တင်ခြင်းသည် တရုတ်နိုင်ငံ ခေတ်မီအသွင်ပြောင်းသော ထင်ရှားသည့် ထူးခြားချက်ဖြစ်နေပြီဖြစ်ကြောင်း ဗီဒီယိုမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
စိမ်းလန်းစိုပြည်သည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည်ဟူသော အယူအဆတွင် နက်ရှိုင်းသော ဂေဟစနစ်၏ဉာဏ်ပညာများ ပါဝင်ရာ “သဘာဝနှင့်လူသား ပေါင်းစည်းခြင်း” ဟူသော အစဉ်အလာနှင့် လိုက်ဖက်ညီကြောင်း၊ ယင်းမှာ ကမ္ဘာလုံးဆိုင်ရာ ဂေဟယဉ်ကျေးမှုပြောဆိုချက်များအပေါ် အရေးကြီးသည့် အကျိုးဆောင်မှု ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တတ်သိပညာရှင် အစီရင်ခံစာတစ်ခုလုံးတွင် စာလုံးရေး ၁၆,၀၀၀ ခန့်ရှိပြီး စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည် ဟူသော အယူအဆ၏ ခေတ်ကာလ နောက်ခံအကြောင်းအရာ၊ အဓိကအမြင်နှင့် အရေးကြီးအနက်အဓိပ္ပါယ်များကို ထဲထဲဝင်ဝင် မိတ်ဆက်ထားရာ စိမ်းလန်းစိုပြေသည့် တောတောင်ရေမြေသည် ရွှေတောင်ငွေတောင်ဖြစ်သည် ဟူသော အယူအဆ၏ သီအိုရီ ဆန်းသစ်ဖန်တီးမှု၊ တရုတ်နိုင်ငံ၏ လက်တွေ့ဖော်ဆောင်မှုနှင့် ကမ္ဘာလုံးဆိုင်ရာ တန်ဖိုးများကို နက်ရှိုင်းစွာ ရှင်းလင်းဖော်ပြထားသည်။ (Xinhua)
———————————
(Chinese Version)
《绿水青山绘就美丽画卷——生态文明建设的中国创新与世界意义》智库报告发布
新华社北京8月10日电(记者顾小立)8月10日,新华社国家高端智库与习近平生态文明思想研究中心在北京共同发布《绿水青山绘就美丽画卷——生态文明建设的中国创新与世界意义》智库报告,并举办研讨会。
新华通讯社副总编辑任卫东在致辞中表示,绿水青山就是金山银山理念植根于中华优秀传统生态文化,科学回答了发展与保护关系这一世界性难题,深刻体现出以人民为中心的发展观。伴随着波澜壮阔的中国式现代化实践,这一重要理念不断丰富、发展和完善,彰显出跨越时空的理论穿透力与旺盛持久的实践生命力,不仅引领中国创造出举世瞩目的生态奇迹和绿色发展奇迹,也为全球可持续发展贡献了中国智慧和中国方案。
习近平生态文明思想研究中心主任胡军认为,绿水青山就是金山银山理念的提出是一场思想的变革、发展的变革、治理的变革、文明的变革。我们要生动讲好中国生态文明故事,向国际社会展现绿水青山转化为金山银山的成功实践,展现人与自然和谐共生的现代化图景,推动习近平生态文明思想进一步深入人心、走向世界。
美国生态文明研究院副院长安德鲁·施瓦茨在视频致辞中表示,促进人与自然的和谐,已成为中国现代化的一个鲜明特点。绿水青山就是金山银山理念蕴含深厚的生态智慧,与中国“天人合一”的传统相呼应,是对全球生态文明话语的重要贡献。
智库报告全文约1.6万字,深入介绍了绿水青山就是金山银山理念的时代背景、核心观点与重大意义,深度阐释了绿水青山就是金山银山理念的理论创新、中国实践与全球价值。(完)
1. 这是《绿水青山绘就美丽画卷——生态文明建设的中国创新与世界意义》智库报告。新华社记者 陈晔华 摄