Politics, Law & Military
ကာတာအား အစ္စရေးတိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် တရုတ်ကိုယ်စားလှယ်ပြောကြား

ကုလသမဂ္ဂ၊ စက်တင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကာတာအား အစ္စရေးတိုက်ခိုက်မှုအပေါ် အပြင်းအထန် ပြစ်တင်ရှုတ်ချကြောင်း ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် ဖုချုံးက စက်တင်ဘာ ၁၁ ရက်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ပြောကြားခဲ့သည်။ကာတာနိုင်ငံ မြို့တော်ဒိုဟာကို အစ္စရေးက စက်တင်ဘာ ၉ ရက်တွင် တိုက်ခိုက်ခဲ့ခြင်းသည် ကာတာနိုင်ငံ၏ နယ်မြေပိုင်နက် အချုပ်အခြာအာဏာနှင့် အမျိုးသားလုံခြုံရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း၊ နိုင်ငံတကာဥပဒေနှင့် ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်း၊ ငြိမ်းချမ်းရေးဖော်ဆောင်မှု ကြိုးပမ်းချက်ကို ပြောင်ပြောင်တင်းတင်း ဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ ထို့အပေါ် တရုတ်နိုင်ငံက ပြတ်သားစွာ ကန့်ကွက်သလို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချကြောင်း ဖုချုံးက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းအရေး အရေးပေါ်တံခါးဖွင့်ဆွေးနွေးပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ကာတာနိုင်ငံသည် ဂါဇာအပစ်ရပ်ရေး စေ့စပ်ဆွေးနွေးမှုတွင် အဓိက ညှိနှိုင်းဆွေးနွေးပေးသူအနေဖြင့် အပစ်ရပ်ရေး တွန်းအားပေးမှု၊ ငြိမ်းချမ်းရေးပြန်လည်ဖော်ဆောင်မှုအတွက် ကြီးမားစွာ ကြိုးပမ်းဆောင်ရွက်ခဲ့ရာ နိုင်ငံတကာအသိုက်အဝန်း၏ အထူးတန်ဖိုးထားမှုကို ခံခဲ့ရကြောင်း ၎င်းက ပြောကြားခဲ့သည်။
စက်တင်ဘာ ၇ ရက်တွင် အမေရိကန်က အပစ်ရပ်ရေးသဘောတူညီချက် အသစ်ကို အဆိုပြုခဲ့ရာ အစ္စရေးက သဘောတူညီပြီးဖြစ်ကြောင်း ကြေညာခဲ့သည်ကို တရုတ်နိုင်ငံအနေဖြင့် သတိပြုမိကြောင်း၊ သို့သော် နှစ်ရက်အကြာတွင်ပင် အပစ်ရပ်ရေးသဘောတူညီချက် ဆွေးနွေးလျက်ရှိသည့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှု (ဟားမက်စ်) ကိုယ်စားလှယ်အဖွဲ့သည် အစ္စရေး၏ တိုက်ခိုက်မှုခံခဲ့ရကြောင်း၊ ဤသို့ ကတိသစ္စာမှုလုံးဝမရှိသော၊ တာဝန်မဲ့သော၊ စေ့စပ်ဆွေးနွေးမှုကို ရည်ရွယ်ချက်ရှိစွာ ဖျက်ဆီးသော လုပ်ရပ်သည် အလွန် ဆိုးရွားလှကြောင်း၊ တိုက်ခိုက်မှုကြောင့် ဒေသတွင်း တင်းမာမှုအခြေအနေ တစ်ဆင့်တိုး အရှိန်မြင့်တက်လာမည်ကို တရုတ်နိုင်ငံအနေဖြင့် အထူးစိုးရိမ်ကြောင်း၊ ယင်းဖြစ်ရပ်သည် အရှေ့အလယ်ပိုင်းအရေးတွင် ဒေသတွင်းပြင်ပနိုင်ငံတချို့၏ရပ်တည်ချက်သည် ကာလကြာရှည်စွာ မျှတမှုမရှိခြင်းနှင့် ကင်းကွာ၍မရသည်ကို ထောက်ပြရမည်ဖြစ်ကြောင်း၊ ယင်းနိုင်ငံအချို့က ဒေသတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထားရန်၊ တရားမျှတမှု၊ တာဝန်ယူမှု သဘောထားကို လက်ကိုင်ထား၍ နိုင်ငံတကာအသိုက်အဝန်းနှင့်အတူ အပစ်ရပ် စစ်ပွဲရပ်တန့်ရေးကို တွန်းအားပေးရန်၊ ဒေသတွင်းတင်းမာမှုအခြေအနေ ပြေလျော့စေရန် အပြုသဘောဆောင်သည့်အခန်းကဏ္ဍမှ ပါဝင်ရန် တရုတ်နိုင်ငံအနေဖြင့် တိုက်တွန်းလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
စစ်ရေးနည်းလမ်းနှင့် လက်နက်အင်အားအလွဲသုံးခြင်းသည် ကိစ္စရပ်အားဖြေရှင်းသည့် ထွက်လမ်းမဟုတ်ကြောင်း၊ အပစ်အခတ်ရပ်စဲခြင်းသည်သာလျှင် အသက်အိုးအိမ်များကို ကယ်ဆယ်ရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ နေရပ်ပြန်နိုင်စေရန် မှန်ကန်သောနည်းလမ်းဖြစ်ကြောင်း ဖုချုံးက ထပ်မံအလေးထားပြောကြားခဲ့သည်။
သက်ဆိုင်သူများ အထူးသဖြင့် အစ္စရေးအနေဖြင့် စစ်မီးငြှိမ်းသတ်ရေး၊ စေ့စပ်ဆွေးနွေးမှုများ ပြန်လည်စတင်ရေးအတွက် ပိုမိုအပြုသဘောကြိုးပမ်းရန်၊ ယင်းနှင့်ပြောင်းပြန်မလုပ်ဆောင်ရန် တရုတ်နိုင်ငံအနေဖြင့် အပြင်းအထန်တိုက်တွန်းကြောင်း၊ အစ္စရေးအနေဖြင့် ဂါဇာရှိ စစ်ရေးလှုပ်ရှားမှုအားလုံးကို ချက်ချင်းရပ်တန့်ရမည်ဖြစ်သလို သိမ်းပိုက်သူ၏ နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု တာဝန်ဝတ္တရားများကို လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ လူသားချင်းစာနာမှု အထောက်အပံ့များ ဘက်စုံပြန်လည်ဝင်ရောက်ခွင့်ပြုရမည်ဖြစ်သလို ကုလသမဂ္ဂ စသည့် လူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့အစည်းများ၏ ကူညီပံ့ပိုးမှုကို ထောက်ခံအားပေးရမည် ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဂါဇာပဋိပက္ခ ဖြစ်ပွားနေသည်မှာ ၂ နှစ်နီးပါးရှိပြီဖြစ်ရာ ဖြစ်ပွားခဲ့သည့် လူသားချင်းစာနာထောက်ထားမှုကပ်ဘေးများကလည်း မကြုံစဖူးထိတ်လန့်ဖွယ်ဖြစ်ကြောင်း၊ ယင်းကာလတွင် နိုင်ငံတကာဥပဒေကို အကြိမ်ကြိမ်ချိုးဖောက်ခဲ့သလို နိုင်ငံတကာဆက်ဆံရေး အခြေခံမူမှာလည်း အကြိမ်ကြိမ်ဖျက်ဆီးခံရကြောင်း၊ ကမ္ဘာသည် ကြီးနိုင်ငယ်ညှဉ်း တောရိုင်းသဘာဝစည်းမျဉ်းသို့ ပြန်လည် နောက်ပြန်လှည့်၍မရသလို အရှေ့အလယ်ပိုင်းသည်လည်း စစ်ပွဲ၏အရိပ်မည်းတွင် ထာဝစဉ် သက်ဆင်းနေ၍မရကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
လုံခြုံရေးကောင်စီသည် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ကာကွယ်ထိန်းသိမ်းသည့် ထိပ်တန်းအဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာစည်းစနစ်နှင့် နိုင်ငံတကာတရားဥပဒေစိုးမိုးရေးကို ကာကွယ်ရန် တာဝန်ရှိသလို ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ဖော်ဆောင်ရန် တွန်းအားပေးသည့် တာဝန်ရှိကြောင်း၊ ဂါဇာလူသားချင်းစာနာမှုအရေးကိစ္စကို အဓိကထားသည့် ဆုံးဖြတ်ချက် မူကြမ်းတစ်ရပ်ကို လုံခြုံရေးကောင်စီက ဆွေးနွေးလျက်ရှိကြောင်း၊ ဂါဇာစစ်မီးငြှိမ်းသတ်ရေး၊ လူသားချင်းစာနာမှုကပ်ဘေး ပြေလျော့ရေးအတွက် လုံခြုံရေးကောင်စီက ချက်ချင်းလှုပ်ရှားဆောင်ရွက်ရန် တရုတ်နိုင်ငံက ထောက်ခံသလို ထို့အတွက် လုံခြုံရေးကောင်စီအဖွဲ့ဝင်နှင့် နိုင်ငံတကာအသိုက်အဝန်းက အတူတကွ ကြိုးပမ်းသွားကြရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
#UN #China #Isreal #ကုလသမဂ္ဂ #တရုတ် #အစ္စရေး
———————————-
(Chinese Version)
中国代表在联合国安理会严厉谴责以色列袭击卡塔尔
新华社联合国9月11日电 中国常驻联合国代表傅聪11日在安理会中东局势紧急公开会上发言,严厉谴责以色列袭击卡塔尔。
他说,以色列9日对卡塔尔首都多哈发动袭击,公然侵犯卡塔尔领土主权和国家安全,公然违反国际法和《联合国宪章》,公然破坏实现和平的努力。中方予以坚决反对和严厉谴责。
他说,卡塔尔作为加沙停火谈判的重要斡旋方,为推动停火、恢复和平作出了大量努力,受到国际社会高度赞赏。中方注意到,9月7日美国提出新的停火协议,并声称以色列已经同意。然而就在两天后,正在讨论停火协议的巴勒斯坦伊斯兰抵抗运动(哈马斯)代表团遭到以色列袭击。这种毫无诚信、不负责任、蓄意破坏谈判的行为十分恶劣。中方对袭击事件可能导致地区局势进一步紧张升级深感忧虑。必须指出,这一事件的发生,同个别域外国家在中东问题上立场长期失衡脱不开关系。中方奉劝个别大国以地区和平稳定为重,秉持公正、负责任态度,同国际社会一道,为推动停火止战、缓和地区紧张局势发挥建设性作用。
傅聪重申,军事手段和滥用武力不是解决问题的出路,立即停火才是拯救生命、让被扣押人员回家的正确方式。中方强烈呼吁有关各方,特别是以色列为平息战火、重启谈判多作积极努力,而不是相反。以色列必须立即停止在加沙的一切军事行动,履行占领方的国际人道法义务,全面恢复人道物资准入,支持联合国等人道机构开展援助。
他说,加沙冲突延宕已近两年,造成的人道灾难耸人听闻、前所未有。在此期间,国际法一次次遭到违反,国际关系基本准则一次次遭到破坏。世界不能回归丛林法则,中东不能永陷战争阴霾。安理会作为维护国际和平与安全的首要机构,有责任捍卫国际秩序和国际法治,有责任推动地区实现和平稳定。安理会正在讨论一份聚焦加沙人道问题的决议草案。中方支持安理会为平息加沙战火、缓解人道灾难立即采取行动,呼吁安理会成员和国际社会为此共同作出努力。(完)
1. 9月11日,在位于纽约的联合国总部,中国常驻联合国代表傅聪(前中)在安理会中东局势紧急公开会上发言。新华社记者 谢锷 摄
2. 这是9月11日在位于纽约的联合国总部拍摄的安理会中东局势紧急公开会现场。新华社记者 谢锷 摄