Connect with us

Politics, Law & Military

အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် တိုင်ဖွန်းဒုံးကျည်စနစ် ဖြန့်ကြက်ချထားမှုအား အမြန်ဆုံးရုပ်သိမ်းရန် တရုတ်နိုင်ငံ တိုက်တွန်း

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်အား ၂၀၂၅ ခုနှစ် စက်တင်ဘာ ၁၆ ရက် သတင်းစာရှင်းလင်းပွဲ၌ တွေ့ရစဉ် (ဓာတ်ပုံ- Ministry of Foreign Affairs People’s Republic of China)

ပေကျင်း၊ စက်တင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့အနေဖြင့် ဂျပန်တွင် တိုင်ဖွန်းဒုံးကျည်စနစ် ဖြန့်ကြက်ချထားခြင်းက ဒေသတွင်း မဟာဗျူဟာ လုံခြုံရေးအပေါ် သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေသည့်အတွက် ယင်းဒုံးကျည်စနစ်အား အမြန်ဆုံးရုပ်သိမ်းပေးရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက စက်တင်ဘာ ၁၆ ရက်၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံက မည်မျှပင် လေးလေးနက်နက် စိုးရိမ်နေသည့်တိုင်အောင် အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က ပူးတွဲစစ်ရေးလေ့ကျင့်မှုအား အကြောင်းပြကာ ဂျပန်တွင် တာလတ်ပစ်ဒုံးကျည်စနစ်အား မရမက ဖြန့်ကြက်ချထားခဲ့သည်ဟု တရုတ်နိုင်ငံခြား‌ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လျင်ကျန့်က ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။တရုတ်နိုင်ငံက ယင်းအား ပြင်းပြင်းထန်ထန် ကျေနပ်မှုမရှိသလို ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း လျင်က ဆိုသည်။

အာရှနိုင်ငံတစ်နိုင်ငံတွင် အမေရိကန်က ဒုံးကျည်စနစ် ဖြန့်ကြက်ချထားခြင်းမှာ အခြားနိုင်ငံများ၏ တရားဝင် လုံခြုံရေးဆိုင်ရာ အကျိုးစီးပွားများကို ထိခိုက်စေကာ ဒေသတွင်း၌ လက်နက်အပြိုင်အဆိုင်တပ်ဆင်မှုနှင့် စစ်ရေးအရ ထိပ်တိုက်တွေ့မှုများ ဖြစ်ပေါ်နိုင်သည့် အန္တရာယ်ကို မြင့်တက်စေသည့်အပြင် ဒေသတွင်း မဟာဗျူဟာ လုံခြုံရေးကိုလည်း သိသိသာသာ ခြိမ်းခြောက်မှုဖြစ်စေသည်ဟု ၎င်းက ပြောကြားခဲ့သည်။

အမေရိကန်နှင့် ဂျပန်နိုင်ငံတို့အနေဖြင့် အခြားနိုင်ငံများ၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများကို အထူးအလေးထားကာ ဒေသတွင်းနိုင်ငံများ၏ တောင်းဆိုချက်များကို လက်ခံပြီး မှားယွင်းသော လုပ်ရပ်များကို ပြန်လည်ပြင်ဆင်သင့်သည်ဟု လျင်က ပြောသည်။

စစ်အင်အားဖြင့် ကျူးကျော်သည့် သမိုင်းကြောင်း ရှိခဲ့သော ဂျပန်နိုင်ငံ၏ စစ်ရေးနှင့် လုံခြုံရေးဆိုင်ရာ ခြေလှမ်းများအပေါ် ယင်း၏ အာရှအိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းက အထူးသတိပြုကာ အစဉ်အမြဲ စောင့်ကြည့်လျက်ရှိကြောင်း ၎င်းပြောရေးဆိုခွင့်ရှိသူက ထပ်လောင်းပြောကြားခဲ့သည်။

ယခုနှစ်မှာ တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန်ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်ကာလဖြစ်ကာ ဂျပန်နိုင်ငံအနေဖြင့် ယင်း၏ ကျူးကျော်မှုသမိုင်းကြောင်းကို လေးလေးနက်နက် ဆင်ခြင်သုံးသပ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း လျင်က ပြောသည်။ဂျပန်အနေဖြင့် စစ်ရေးနှင့် လုံခြုံရေးနယ်ပယ်တွင် ယင်းတို့၏ ပြောကြားချက်များနှင့် လုပ်ရပ်များကို သတိပြုကာ အန္တရာယ်ရှိသော လုပ်ရပ်များအား အားပေးအားမြှောက်ပြုလုပ်ခြင်းကို ရှောင်ကြဉ်ပြီး ယင်း၏ အာရှအိမ်နီးချင်းနိုင်ငံများ၏ ယုံကြည်မှုကို ကျိုးပျက်စေမည့် သို့မဟုတ် ဒေသတွင်း တည်ငြိမ်အေးချမ်းမှုကို ထိခိုက်စေမည့် လုပ်ရပ်များကို ရှောင်ကြဉ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………………………………………………………..
(English Version)
China urges U.S., Japan to withdraw Typhon missile system deployment
BEIJING, Sept. 16 (Xinhua) — China urges the United States and Japan to withdraw the Typhon missile system deployed in Japan as soon as possible as the deployment poses a substantive threat to regional strategic security, a spokesperson for China’s foreign ministry said on Tuesday.
Spokesperson Lin Jian told a regular news briefing that, regardless of China’s grave concerns, the United States and Japan insisted on deploying the intermediate-range missile system in Japan under the pretext of joint exercise and training.
He said that the U.S. deployment of the missile system in an Asian country harms legitimate security interests of other countries, heightens the risks of an arms race and military confrontation in the region, and poses a substantive threat to regional strategic security.
The United States and Japan should earnestly respect the security concerns of other countries, face up to the request of regional countries, and correct their wrong practices, Lin said.
Due to its history of militarist aggression, Japan’s military and security moves have always been viewed with great vigilance by its Asian neighbors and the international community, the spokesperson added.
China urges Japan to reflect deeply on its history of aggression as this year marks the 80th anniversary of victory in the Chinese People’s War of Resistance against Japanese Aggression and the World Anti-Fascist War, Lin said.
Japan should be cautious in its words and deeds in the military and security arenas, avoid assisting villainous acts, and refrain from doing anything that would break the trust of its Asian neighbors or undermine regional peace and stability, he said. ■
China is strongly dissatisfied with and resolutely opposes it, Lin said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.