Politics, Law & Military
“သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း- ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့တိုင်းပင်မစစ်မျက်နှာစာမှ ကြီးမြတ်သော အကျိုးထမ်းဆောင်မှုများ” Think Tank အစီရင်ခံစာအား “ခန်းမနီဖိုရမ်”နိုင်ငံတကာ ဆွေးနွေးပွဲ၌ ထုတ်ပြန်

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲနှင့် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အောင်နိုင်ခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခါသမယတွင် “သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း- ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့တိုင်းပင်မစစ်မျက်နှာစာမှ ကြီးမြတ်သော အကျိုးထမ်းဆောင်မှုများ” Think Tank အစီရင်ခံစာအား စက်တင်ဘာ ၅ ရက်တွင် ကျင်းပသော “ခန်းမနီဖိုရမ်၊ အဆင့်မြင့်ဆွေးနွေးပွဲ- အရှေ့တိုင်းပင်မစစ်မျက်နှာစာ၏ ကမ္ဘာ့အနက်အဓိပ္ပာယ်” နိုင်ငံတကာ ဆွေးနွေးပွဲ၌ တစ်ကမ္ဘာလုံးအား မျက်နှာမူ၍ ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီရင်ခံစာသည် စာလုံးရေ ၃၁,၀၀၀ ပါရှိပြီး “သမိုင်းအား မှတ်သားခြင်း-တရုတ်နိုင်ငံ၏ စစ်မျက်နှာသည် ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့တိုင်းပင်မစစ်မျက်နှာစာဖြစ်သည်”၊ “ထာဝရ ရာဇဝင်တွင် မှတ်တမ်းခြင်း – အရှေ့တိုင်းပင်မစစ်မျက်နှာစာ၏ ကမ္ဘာ့အနက်အဓိပ္ပာယ်ကို တုန်လှုပ်နိုင်မည်မဟုတ်” နှင့် “သမိုင်းမှသင်ခန်းစာယူခြင်း – ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ခြင်း၊ အေးအတူ ပူအမျှ အတူရပ်တည်သော မှန်ကန်သည့်လမ်းကြောင်းကို အခိုင်အမာ လက်ကိုင်ထားလျှောက်လှမ်းခြင်း” ဟူ၍ အခန်း (၃) ခန်း ခွဲခြား၍ ရေးသားထားသည်။ အစီရင်ခံစာသည် ကြွယ်ဝသော သမိုင်းဆိုင်ရာအထောက်အထားများ၊ စံနမူနာဖြစ်ရပ်များနှင့် ခိုင်လုံသောဒေတာများကို ဘက်စုံပေါင်းစည်းအသုံးပြုကာ အင်အားတောင့်တင်းသောရန်သူကို တရုတ်ပြည်သူများ အောင်နိုင်ခဲ့သည့် သမိုင်းကြောင်းကို စနစ်တကျပြန်လည်သုံးသပ်ခဲ့ပြီး ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ အရှေ့တိုင်းပင်မစစ်မျက်နှာစာဖြစ်သော တရုတ်ပြည်သူများ ဖက်ဆစ်ဂျပန် ခုခံတော်လှန်ရေးစစ်ပွဲ၏ ပင်မထောက်တိုင် အခန်းကဏ္ဍကို နက်ရှိုင်းစွာထောက်ပြခဲ့သည်။
အဆိုပါ အစီရင်ခံစာသည် သမိုင်းကို ဓမ္မဓိဋ္ဌာန်ကျကျပြန်လည်ရှုမြင်ပြီး အတွေ့အကြုံများကို နက်ရှိုင်းစွာ အနှစ်ချုပ်သုံးသပ်ဖော်ပြကာ သမိုင်းမှသင်ခန်းစာယူရန်၊ ငြိမ်းချမ်းရေးကို တန်ဖိုးထားရန်၊ အနာဂတ်ကို ဖန်တီးရန်၊ ငြိမ်းချမ်းစွာဖွံ့ဖြိုးတိုးတက်မှု၊ ဘုံသာယာဝပြောမှုရှိသော မှန်ကန်သည့်လမ်းကြောင်းကို ခိုင်မာစွာလျှောက်လှမ်းရန် အဆိုပြုထားသည်။
“သမိုင်းအား အောက်မေ့သတိရခြင်းနှင့် တရားမျှတမှုကို ကာကွယ်ထိန်းသိမ်းခြင်း- ကမ္ဘာ့ဖက်ဆစ်တော်လှန်ရေးစစ်ပွဲ၏ အရှေ့တိုင်းပင်မစစ်မျက်နှာစာမှ ကြီးမြတ်သော အကျိုးထမ်းဆောင်မှုများ” Think Tank အစီရင်ခံစာနှင့် နိုင်ငံတကာ ဆွေးနွေးပွဲကို တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ ပါတီသမိုင်းနှင့်စာပေ သုတေသနဌာန၊ ဆင်ဟွာသတင်းဌာနတို့မှ ပူးတွဲ၍ ရေးသားပြုစုကာ ကြီးမှူးကျင်းပခဲ့ခြင်း ဖြစ်သည်။ (Xinhua)
……………..
(Chinese Version)
《回望历史 捍卫正义——世界反法西斯战争东方主战场的伟大贡献》智库报告在“红厅论坛”国际研讨会上发布
新华社北京9月5日电 在纪念中国人民抗日战争暨世界反法西斯战争胜利80周年之际,《回望历史 捍卫正义——世界反法西斯战争东方主战场的伟大贡献》中英文智库报告在5日举行的“红厅论坛·高端对话:东方主战场的世界意义”国际研讨会上,面向全球发布。
报告共3.1万字,分为三个部分:“铭记历史:中国战场是世界反法西斯战争东方主战场”“永载史册:东方主战场的世界意义不可撼动”“以史为鉴:坚持走和平相处、命运与共的人间正道”。报告综合运用丰富史料、典型事例、翔实数据,系统回顾了中国人民战胜强敌的光辉历史,有力论证了中国人民抗日战争作为世界反法西斯战争东方主战场不可撼动的世界意义,深刻指出中国共产党在中国人民抗日战争胜利中的中流砥柱作用。报告客观回顾历史、深刻总结经验,倡导以史为鉴、珍爱和平、开创未来,坚持走和平发展、共同繁荣的人间正道。
《回望历史 捍卫正义——世界反法西斯战争东方主战场的伟大贡献》智库报告及国际研讨会由中共中央党史和文献研究院、新华通讯社联合撰写及主办。
图说:这是《回望历史 捍卫正义——世界反法西斯战争东方主战场的伟大贡献》中英文智库报告。新华社发