Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ပိုမိုပူးပေါင်းဆောင်ရွက်နိုင်ရန် အာဆီယံ မျှော်မှန်း

တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု ၇၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာ၌ အာဆီယံဆိုင်ရာ တရုတ်မစ်ရှင်မှ ကျင်းပသည့် ဧည့်ခံပွဲ၌ အမှာစကားပြောကြားနေသည့် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ကို ၂၀၂၅ ခုနှစ် စက်တင်ဘာ ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျကာတာ၊ အောက်တိုဘာ ၂ ရက် (ဆင်ဟွာ)

အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အနေဖြင့် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ထောက်ပံ့ရေးကွင်းဆက်များ၊ ချိတ်ဆက်မှုနှင့် ခရီးသွားလုပ်ငန်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့် ပိုမိုနက်ရှိုင်းစွာ ပေါင်းစည်းရန် မျှော်မှန်းထားကြောင်း အာဆီယံ၏ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn က ပြောကြားခဲ့သည်။တရုတ်ပြည်သူ့သမ္မတနိုင်ငံ တည်ထောင်မှု ၇၆ နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အာဆီယံဆိုင်ရာ တရုတ်မစ်ရှင်မှ ကျင်းပသည့် ဧည့်ခံပွဲကို တက်ရောက်စဉ် Kao က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“အာဆီယံဦးဆောင်တဲ့ ပလက်ဖောင်းနဲ့ ယန္တရားတွေမှာ တက်ကြွစွာပါဝင်ဆောင်ရွက်ခြင်းအားဖြင့် ပြသခဲ့တဲ့ အာဆီယံဗဟိုချုပ်ကိုင်မှုနဲ့ စည်းလုံးညီညွတ်မှုအတွက် တရုတ်နိုင်ငံရဲ့ မယိမ်းမယိုင်ပံ့ပိုးကူညီမှုကို အာဆီယံက လေးလေးနက်နက်တန်ဖိုးထားသလို ကျေးဇူးလည်းတင်ပါတယ်” ဟု Kao က ပြောကြားခဲ့သည်။

အဆင့်အားလုံးမှ များပြားလှသော စီမံကိန်းများ၊ အစီအစဉ်များနှင့် လှုပ်ရှားမှုများမှတစ်ဆင့် အာဆီယံ၏ အသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက ပံ့ပိုးကူညီခဲ့ပြီး ဖွံ့ဖြိုးတိုးတက်မှုကွာဟချက်များကို ကူညီပေါင်းကူးပေးကာ အာဆီယံ၏ ပြည်သူများအား ဝန်ဆောင်မှုပေးနိုင်စွမ်းကို မြှင့်တင်ပေးခဲ့ကြောင်း Kao က ဖြည့်စွက်ပြောကြားခဲ့သည်။
ကုန်းမြေ၊ မြစ်၊ ပင်လယ်တို့ဖြင့် ထိစပ်နေသည်နှင့်အညီ အာဆီယံနှင့် တရုတ်နိုင်ငံတို့၌ ရှုပ်ထွေးသလောက် တက်တက်ကြွကြွရှိသလို အမျိုးမျိုးလည်း ကွဲပြားလှသည့် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအား ထိန်းသိမ်း၊ မြှင့်တင်ရမည့် ဘုံအခြေခံတာဝန်ရှိကြသည်ဟုလည်း Kao က ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
ASEAN looks forward to more cooperation with China: official
JAKARTA, Oct. 1 (Xinhua) — The Association of Southeast Asian Nations (ASEAN) looks forward to deepening integration with China through trade, investment, supply chains, connectivity, and tourism, Secretary-General of ASEAN Kao Kim Hourn has said.
He made the remarks on Tuesday while attending a reception hosted by the Chinese Mission to ASEAN to celebrate the 76th anniversary of the founding of the People’s Republic of China.
“ASEAN deeply values and appreciates China’s unwavering support for ASEAN centrality and unity, shown through the active participation in ASEAN-led platforms and mechanisms,” Kao said.
Through numerous projects, programs, and activities across all levels, China has supported ASEAN’s community-building efforts, helped bridge development gaps, and strengthened the bloc’s capacity to serve its people, Kao added.
Kao also noted that as neighbors bound by land, river, and sea, ASEAN and China share a fundamental responsibility, which is to preserve, promote, and maintain peace and stability in a region that is as dynamic and diverse as it is complex. ■
English Caption
Kao Kim Hourn, secretary-general of the Association of Southeast Asian Nations (ASEAN), speaks at a reception hosted by the Chinese Mission to ASEAN to celebrate the 76th anniversary of the founding of the People’s Republic of China in Jakarta, Indonesia, on Sept. 30, 2025. (Xinhua/Cen Yunpeng)