Connect with us

Politics, Law & Military

ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က သတင်းထောက်မေးမြန်းမှုအား ဖြေကြား

ပေကျင်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ)

ထိုင်ဝမ်ကို အမေရိကန်လက်နက်ရောင်းချမှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကျန်းရှောင်ကန်းသည် နိုဝင်ဘာ ၁၇ ရက်တွင် သတင်းထောက်မေးမြန်းမှုအား ဖြေကြားခဲ့သည်။သတင်းဖော်ပြချက်အရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနသည် “စံချိန်မီမဟုတ်သော ပျံသန်းမှုကိရိယာ အပိုပစ္စည်း” များနှင့် ပြုပြင်ထိန်းသိမ်းရေး ဝန်ဆောင်မှုအပါအဝင် အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် တန်ဖိုးရှိသည့် လက်နက်များ ထိုင်ဝမ်အား ရောင်းချရန် ခွင့်ပြုခဲ့သည်ကို သိရှိရကြောင်း၊ ယင်းအပေါ် ပြောခွင့်ရပုဂ္ဂိုလ်အနေဖြင့် မည်ကဲ့သို့ မှတ်ချက်ပြုလိုပါသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။

ကျန်းရှောင်ကန်းက အမေရိကန်သည် တရုတ်နိုင်ငံ ထိုင်ဝမ်ဒေသသို့ လက်နက်ရောင်းချခြင်းမှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာချက် သုံးရပ်အား ဆိုးရွားစွာ ချိုးဖောက်နေပြီး တရုတ်နိုင်ငံပြည်တွင်းရေးအား ကြမ်းတမ်းစွာ ဝင်ရောက်စွက်ဖက်ကာ တရုတ်နိုင်ငံ အချုပ်အခြာအာဏာနှင့် လုံခြုံရေးအကျိုးစီးပွားအား ထိခိုက်စေပြီး “ထိုင်ဝမ်ခွဲထွက်ရေး” အင်အားစုများကို ဆိုးရွားစွာ မှားယွင်းသော အချက်ပြမှု လုပ်ဆောင်လိုက်ကြောင်း၊ မိမိတို့အနေဖြင့် ယင်းအပေါ် များစွာမကျေနပ်သည့်အပြင် ခိုင်မာစွာဆန့်ကျင်ပြီး အမေရိကန်ဘက်သို့ အလေးအနက် ကန့်ကွက်ကြောင်း အဆိုပြုခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အလေးထားပြောကြားဖို့လိုအပ်တာကတော့ ‘လက်နက်အင်အားနဲ့ ခွဲထွက်ရေးကို အားပေးခြင်း’ ဟာ မိမိကိုယ်တိုင်ကိုသာ ဒုက္ခတွေ့စေမှာဖြစ်ပြီး ‘ထိုင်ဝမ်နဲ့ တရုတ်ကိုတားဆီးခြင်း’ လုပ်ဆောင်မှုက အကောင်အထည်ပေါ်မှာ မဟုတ်ပါဘူး” ဟု ကျန်းရှောင်ကန်းက ပြောကြားခဲ့သည်။

“နှစ်နိုင်ငံ၊ တပ်မတော်နှစ်ရပ် ဆက်ဆံရေးတိုးတက်မှုအပေါ် ထိုးနှက်မှုဖြစ်ခြင်းအား ရှောင်ကြဉ်ရန်အတွက် အမေရိကန်က ထိုင်ဝမ်ကို လက်နက်တပ်ဆင်ပေးခြင်းဆိုတဲ့ ဆိုးရွားတဲ့လုပ်ရပ်ကို ချက်ချင်းရပ်တန့်ဖို့ ကျွန်တော်တို့ တိုက်တွန်းပါတယ်။ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) အာဏာပိုင်များကလည်း ထိုင်ဝမ်ပြည်သူများ အသက်သွေးချွေးဖြင့် ရှာဖွေထားသော ငွေကြေးများကို ဖြုန်းတီးပြီး လက်နက်တွေဝယ်ယူတာက အဆိပ်အရက်နဲ့ ရေငတ်ဖြေသလို နောက်ဆက်တွဲကို ဂရုမပြုဘဲ မှားယွင်းတဲ့နည်းလမ်းနဲ့ ပြဿနာကို ဖြေရှင်းနေတာပဲ ဖြစ်တယ်လို့ သတိပေးချင်ပါတယ်။ ‘ပြည်ပအင်အားကို အားကိုးပြီး ခွဲထွက်ရေးကို ဖော်ဆောင်ခြင်း’ ၊ ‘ပြန်လည်ပေါင်းစည်းခြင်းကို လက်နက်ဖြင့်ဆန့်ကျင်ခြင်း’ တို့က မုချဧကန်ကျရှုံးမှာပဲဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ လိုအပ်တဲ့အစီအမံအားလုံးလုပ်ဆောင်ပြီး နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ နယ်မြေပိုင်နက်ပြည့်စုံမှုအား ခိုင်မာစွာ ကာကွယ်စောင့်ရှောက်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

————————————
(Chinese Version)
国防部新闻发言人就美对台军售答记者问
新华社北京11月17日电(记者王春涛)国防部新闻发言人张晓刚17日就美对台军售答记者问。
有记者问,据报道,美国国务院批准总价值约3.3亿美元对台军售,包括相关机型“非标准航材零部件”和维修服务。请问发言人有何评论?
张晓刚表示,美方向中国台湾地区出售武器,严重违反一个中国原则和中美三个联合公报,粗暴干涉中国内政,损害中国主权和安全利益,向“台独”分裂势力发出严重错误信号。我们对此强烈不满、坚决反对,已向美方提出严正交涉。
“需要强调的是,‘以武助独’只会引火烧身,‘以台制华’不会得逞。”张晓刚说,“我们敦促美方立即停止武装台湾的恶劣行径,避免冲击影响两国两军关系发展;正告民进党当局,挥霍台湾老百姓血汗钱买武器只是饮鸩止渴,‘倚外谋独’‘以武拒统’注定失败。我们将采取一切必要措施,坚定捍卫国家主权和领土完整。”(完)