Politics, Law & Military
တောင်တရုတ်ပင်လယ်အတွင်း ဖိလစ်ပိုင်နိုင်ငံ၏ ပူးတွဲကင်းလှည့်ခြင်းက ဒေသတွင်း ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေကြောင်း PLA ပြောကြား
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တောင်တရုတ်ပင်လယ်အတွင်း မကြာသေးမီက ဖိလစ်ပိုင်နိုင်ငံနှင့် ဒေသတွင်းမှမဟုတ်သော နိုင်ငံများက စီစဉ်ပြုလုပ်ခဲ့သော “ပူးတွဲကင်းလှည့်ခြင်း” သည် ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို ဆိုးရွားစွာ ထိခိုက်စေခဲ့ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)က နိုဝင်ဘာ ၁ ရက်က ပြောကြားခဲ့သည်။တောင်တရုတ်ပင်လယ်အတွင်း၌ ဖိလစ်ပိုင်နိုင်ငံက ပူးတွဲကင်းလှည့်မှုဟုခေါ်ဆိုသော ကင်းလှည့်မှုကို အောက်တိုဘာ ၃၀ ရက်မှ ၃၁ ရက်အထိ ပြုလုပ်ပြီးနောက် PLA တောင်ပိုင်းစစ်ဒေသကြီး ပြောရေးဆိုခွင့်ရှိသူ ထျန်းကျွင်းလီက ကြေညာချက်ထုတ်ပြန် ပြောကြားလိုက်ခြင်းဖြစ်သည်။
“မကြာသေးမီက ဖြစ်ပေါ်ခဲ့မှုတွေအရ ဖိလစ်ပိုင်နိုင်ငံဟာ တောင်တရုတ်ပင်လယ်အရေးမှာ ပြဿနာ ဖန်တီးသူအဖြစ်လုပ်ဆောင်နေပြီး ဒေသတွင်းတည်ငြိမ်မှုကိုလည်း အနှောင့်အယှက်ဖြစ်စေကြောင်း ထပ်လောင်းအတည်ပြုပါတယ်” ဟု ထျန်းကျွင်းလီက ပြောကြားခဲ့သည်။
PLA တောင်ပိုင်းစစ်ဒေသကြီး က လှုပ်ရှားမှုများကို အနီးကပ်ခြေရာခံစောင့်ကြည့်ရန် တပ်ဖွဲ့ဝင်များကို စုစည်းထားပြီးဖြစ်ကြောင်း ထျန်းကျွင်းလီက အလေးထားပြောကြားခဲ့သလို တောင်တရုတ်ပင်လယ်တွင်း ပြဿနာကို နှိုးဆွရန် ကြိုးပမ်းသည့် လုပ်ဆောင်ချက်အားလုံးကိုလည်း “PLA က အခိုင်အမာ ထိန်းချုပ်ထားနိုင်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်။
PLA တောင်ပိုင်းစစ်ဒေသကြီး၏တပ်ဖွဲ့များက ဆက်လက်၍ သတိကြီးကြီးထားကာ နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ရေကြောင်းဆိုင်ရာအခွင့်အရေးများနှင့် အကျိုးစီးပွားများကို ပြတ်ပြတ် သားသားကာကွယ်သွားမည်ဖြစ်ကြောင်း ထျန်းက ပြောကြားခဲ့သည်။ (Xinhua)
——————————
(English Version)
PLA says Philippines’ South China Sea “joint patrol” undermines regional peace, stability
BEIJING, Nov. 1 (Xinhua)
The recent “joint patrol” in the South China Sea, organized by the Philippines and involving non-regional countries, has severely undermined regional peace and stability, according to the Chinese military on Saturday.
The statement from Tian Junli, spokesperson for the Chinese People’s Liberation Army (PLA) Southern Theater Command, came after the Philippines conducted the so-called “joint patrol” from Oct. 30 to 31.
“The recent developments further confirm that the Philippines is acting as a troublemaker in the South China Sea issue and a disruptor of regional stability,” Tian said.
The spokesperson emphasized that the PLA Southern Theater Command had mobilized forces to closely track and monitor the activities, adding that all such actions seeking to stir up trouble in the South China Sea “are under our firm control.”
Tian said that the theater command’s troops remain on high alert and will resolutely defend national sovereignty and maritime rights and interests. ■
Photo:
This aerial photo shows the Chinese People’s Liberation Army (PLA) naval vessel Aba sailing on the sea. (Photo by Zhang Bin/Xinhua)
