Politics, Law & Military
မီဒီယာဆွေးနွေးပွဲက တရုတ်-ခရိုအေးရှား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုနက်ရှိုင်းစေ
ဇာဂရက်၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)
ပထမဆုံးအကြိမ်ဖြစ်သည့် တရုတ်-ခရိုအေးရှား မီဒီယာဆွေးနွေးပွဲကို ခရိုအေးရှားနိုင်ငံ မြို့တော်ဇာဂရက်၌ နိုဝင်ဘာ ၃ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားက နှစ်နိုင်ငံမှ အစိုးရအရာရှိဟောင်း ၃၀ ကျော်နှင့် မီဒီယာကိုယ်စားလှယ်များကို စုစည်းစေခဲ့သည်။ဆင်ဟွာသတင်းဌာန၏ ဒုတိယဥက္ကဋ္ဌ ဟော့ရှောင်ကွမ်း က ဆွေးနွေးပွဲ၌ ၎င်း၏ အဓိကမိန့်ခွန်းတွင် နှစ်နိုင်ငံ၏ မီဒီယာများအနေဖြင့် အပြန်အလှန်နားလည်မှုနှင့် ယုံကြည်မှုအတွက် မောင်းနှင်အားတစ်ခုအဖြစ် ဆောင်ရွက်သင့်ကြောင်း၊ နှစ်နိုင်ငံ နယ်ပယ်အသီးသီးတွင် လက်တွဲ၍ အဆင့်မြှင့်တင်ရာ၌ သက်ဝင်ထင်ရှား၍ရှင်းလင်းသောအကြောင်းအရာများကို မျှဝေသင့်ကြောင်း၊ တရုတ်-ခရိုအေးရှား ပူးပေါင်းဆောင်ရွက်မှုက နှစ်ဖက်စလုံးအတွက်သာမက ဥရောပအတွက်ပါ ယူဆောင်လာသည့် လက်တွေ့ကျသော အကျိုးကျေးဇူးများကို တက်ကြွစွာ မီးမောင်းထိုးပြသင့်ကြောင်း ပြောကြားခဲ့သည်။
ဒစ်ဂျစ်တယ်ခေတ်တွင် မီဒီယာဖွံ့ဖြိုးတိုးတက်မှုလမ်းကြောင်းများကို နှစ်ဖက်စလုံးက စူးစမ်းလေ့လာရန် လိုအပ်ကြောင်းကို ၎င်းက ဆိုသည်။ “ကျွန်တော်တို့ဟာ နည်းပညာဆန်းသစ်တီထွင်မှုကို လက်ခံပြီး သတင်းထုတ်လုပ်မှုနဲ့ ဖြန့်ဝေမှုရဲ့ အဆင့်တိုင်းမှာ နည်းပညာအသစ်တွေကို ပေါင်းစပ်သင့်သလို မီဒီယာအကြောင်းအရာတွေရဲ့ ပုံစံတွေကို ကြွယ်ဝစေသင့်ပြီး ထုတ်လုပ်မှုကိုလည်း ထိထိရောက်ရောက်မြှင့်တင်သင့်ပါတယ်၊ ဒါမှသာ ပရိသတ်တွေထံ သတင်းအကြောင်းအရာတွေ ပိုမိုရောက်ရှိနိုင်ပြီး နှလုံးသားတွေကို ထိတွေ့နိုင်မှာဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ နိုင်ငံတော်သတင်းဌာနအနေဖြင့် ဆင်ဟွာသတင်းဌာနအနေဖြင့် ခရိုအေးရှားမီဒီယာမိတ်ဖက်များနှင့်အတူ ဒေတာ၊ နည်းပညာနှင့် အသုံးချမှုအား မျှဝေခြင်းကို အားကောင်းစေရေးနှင့် မိုဘိုင်းအင်တာနက်ခေတ်၏ နည်းပညာဆိုင်ရာ အကျိုးအမြတ်များကို ပိုမိုမြင့်မားသော မီဒီယာထုတ်လုပ်မှုစွမ်းအား အဖြစ် ပြောင်းလဲရန် အတူတကွ လုပ်ဆောင်ရေး တို့အတွက် အသင့်ရှိနေကြောင်းလည်း ဟော့ က ဖြည့်စွက်ပြောကြားခဲ့သည်။
ခရိုအေးရှားသမ္မတဟောင်း Ivo Josipovic က နှစ်နိုင်ငံစီးပွားရေးမိတ်ဖက်ဆက်ဆံရေးများကို နက်ရှိုင်းစေရန်၊ သိပ္ပံနှင့် ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကို အားကောင်းစေရန်၊ လူငယ်သုတေသီများနှင့် စွန့်ဦးတီထွင်သူများကို ချိတ်ဆက်ပေးရန်၊ ယဉ်ကျေးမှုသံတမန်ရေးနှင့် ပြည်သူချင်းဆက်ဆံရေးကို မိတ်ဆွေဖြစ်မှု၏ စစ်မှန်သောအနှစ်သာရအဖြစ် မြှင့်တင်ရန် ၎င်း၏ ဆွေးနွေးပွဲ အဓိကမိန့်ခွန်းတွင် တောင်းဆိုခဲ့သည်။
ခရိုအေးရှားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချီချန်ကျင့်ကလည်း တရုတ်နှင့် ခရိုအေးရှားမီဒီယာများအနေဖြင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ထူထောင်ထားပြီးဖြစ်ပြီး ယင်းက နှစ်ဖက်အကြား အပြန်အလှန်နားလည်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသော တံတားတစ်စင်းအဖြစ် ဆောင်ရွက်ကြောင်း ၎င်း၏ ဆွေးနွေးပွဲ အဓိကမိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ “ပူးတွဲကြိုးပမ်းမှုတွေကနေတစ်ဆင့် ပထဝီဝင်အနေအထားအရ ဝေးကွာမှုနဲ့ ယဉ်ကျေးမှုကွဲပြားမှုတွေကို ကျော်လွှားနိုင်မှာဖြစ်ပြီး ဘုံရည်မှန်းချက်တွေကို ဖော်ဆောင်နိုင်မှာဖြစ်ကာ ဘုံစိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။
ထို့အပြင် စနေ၊တနင်္ဂနွေထုတ် Jutarnji List ၏ အယ်ဒီတာချုပ် Marijana Sever Tot နှင့် အပတ်စဉ်ထုတ် Express ၏ အယ်ဒီတာချုပ် Igor Alborghetti တို့ကလည်း အဆိုပါဆွေးနွေးပွဲ၌ ၎င်းတို့၏ မိန့်ခွန်းများတွင် တရုတ်မီဒီယာများနှင့် ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ခိုင်မာစေရန်အပြင် ဘက်မလိုက်သော သတင်းတင်ဆက်ရန်နှင့် တရုတ်နိုင်ငံအကြောင်း ပိုမိုနားလည်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။ (Xinhua)
#MediaDialogue #China #Croatia #မီဒီယာဆွေးနွေးပွဲ #တရုတ် #ခရိုအေးရှား
……………………………………………………………..
(English Version)
Media dialogue deepens China-Croatia ties, cooperation
ZAGREB, Nov. 4 (Xinhua) — The China-Croatia Media Dialogue, the first of its kind, was held in the Croatian capital on Monday, bringing together over 30 former government officials and media representatives from the two countries.
In his keynote speech at the dialogue, Huo Xiaoguang, vice president of Xinhua News Agency, said the media of the two countries should serve as a driving force for mutual understanding and trust, share the vivid accounts of the two nations advancing hand in hand across various fields, and actively highlight the tangible benefits that China-Croatia cooperation brings to both sides as well as Europe.
Both sides need to explore the paths of media development in the era of digitalization. “We should embrace technological innovation, integrate new technologies into every stage of news production and dissemination, enrich the forms of media content, and enhance production efficiency, so that more stories can reach audiences and touch hearts,” he said.
Xinhua News Agency, as the national news agency of China, is ready to strengthen data, technology, and application sharing with Croatian media partners, and work together to turn the technological dividends of the mobile Internet era into greater media productivity, Huo added.
Ivo Josipovic, former Croatian president, called for deepening bilateral economic partnerships, strengthening scientific and educational cooperation, connecting young researchers and entrepreneurs, and enhancing cultural diplomacy and people-to-people ties as the true essence of friendship during his keynote speech at the dialogue.
Chinese Ambassador to Croatia Qi Qianjin, in his keynote speech at the dialogue, said that Chinese and Croatian media have already established cooperative ties, which serve as an important bridge for enhancing mutual understanding between the two sides. “I believe that through joint efforts, we will overcome geographical distances and cultural differences, pursue shared aspirations, and meet common challenges,” he said.
Moreover, Marijana Sever Tot, editor-in-chief of the weekend edition of Jutarnji List, and Igor Alborghetti, editor-in-chief of the Express weekly, called for strengthening ties and cooperation with Chinese media, as well as for objective reporting and a better understanding of China, in their speeches at the dialogue. ■
