Connect with us

Politics, Law & Military

တရုတ်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး အဆင့်သစ်များဆီ မြှင့်တင်‌ရန် လုပ်ဆောင်လိုဟု နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရီယတ်၊ ဒီဇင်ဘာ ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက ဆော်ဒီအာရေဗျနိုင်ငံအား ၎င်း၏ အရှေ့အလယ်ပိုင်းသံတမန်ရေးတွင် ဦးစားပေးအဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာမဟာဗျူဟာ၌ အရေးပါသောမိတ်ဖက်အဖြစ်လည်းကောင်း အစဉ်အမြဲမှတ်ယူထားကာ ဆော်ဒီအာရေဗျနှင့် နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်များဆီသို့ မြှင့်တင်သွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဒီဇင်ဘာ ၁၄ ရက်၌ ပြောကြားခဲ့သည်။တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်း ဖြစ်သူ ဝမ်ရိက ရီယတ်မြို့တွင် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al Saud နှင့်အတူ တရုတ်-ဆော်ဒီအာရေဗျ အဆင့်မြင့်ပူးတွဲကော်မတီ၏ ပဉ္စမအကြိမ်မြောက် နိုင်ငံရေးဆပ်ကော်မတီအစည်းအဝေး၌ ပူးတွဲသဘာပတိအဖြစ် ဆောင်ရွက်စဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဆော်ဒီအာရေဗျနိုင်ငံသည် အာရပ်နှင့် အစ္စလာမ်မစ်ကမ္ဘာအတွက် အရေးပါသော မိတ်ဖက်နှင့် ဗဟုအသွင်ကမ္ဘာပြောင်းလဲခြင်းဖြစ်စဉ်၌ သီးခြားလွတ်လပ်သောအင်အားတစ်ရပ်လည်း ဖြစ်ကြောင်း ဝမ်က ဆိုသည်။

မကြာသေးမီနှစ်များအတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် ဆော်ဒီ ဘုရင် Salman bin Abdulaziz Al Saud ၊ ဆော်ဒီအိမ်ရှေ့မင်းသား Mohammed bin Salman Al Saud တို့၏ ဗျူဟာမြောက်လမ်းညွှန်မှုအောက်တွင် နှစ်နိုင်ငံကြား နယ်ပယ်စုံ ကူးလူးဖလှယ်မှုများနှင့် ပူးပေါင်းဆောင်ရွက်မှုမှာ ခိုင်မာ၍ တည်ငြိမ်သော အနေအထားဖြင့် တိုးတက်လျက်ရှိကြောင်း၊ တရုတ်-ဆော်ဒီ ဆက်ဆံရေးမှာ နှစ်နိုင်ငံအနေအထားမှာ တိုးတက်မှုရှိစွာ ရှေ့ဆက်လျက်ရှိကာ မဟာဗျူဟာမြောက် အရေးပါမှုနှင့် ကမ္ဘာလုံးဆိုင်ရာ လွှမ်းခြုံမှုလည်း တိုးတက်လျက်ရှိကြောင်း ဝမ်က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံအား ၎င်း၏ အရှေ့အလယ်ပိုင်းသံတမန်ရေးတွင် ဦးစားပေးအဖြစ်လည်းကောင်း၊ ကမ္ဘာလုံးဆိုင်ရာ သံတမန်ရေးရာမဟာဗျူဟာ၌ အရေးပါသောမိတ်ဖက်အဖြစ်လည်းကောင်း အစဉ်တစိုက်မှတ်ယူသလို နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော အရေးကြီးသဘောတူညီချက်များ အကောင်အထည်ဖော်‌ရေးအတွက် ဆော်ဒီအာရေဗျနှင့် အတူတကွလုပ်ဆောင်ရန် အသင့်ရှိကြောင်း ဝမ်က ဆိုသည်။

နှစ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံဆက်ဆံရေးဦးတည်ချက်ကို အခိုင်အမာနားလည်သဘောပေါက်လျက် အဓိကအကျိုးစီးပွားပါဝင်သော ကိစ္စရပ်များတွင် အချင်းချင်း အပြည့်အဝ ထောက်ခံအားပေးရန်၊ နယ်ပယ်အသီးသီးတွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုကောင်းမွန်စွာ ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး အနှစ်သာရကို စဉ်ဆက်မပြတ် မြှင့်တင်ရန်၊ တရုတ်-ဆော်ဒီ ဆက်ဆံရေးကို နှစ်နိုင်ငံဆက်ဆံရေး မြင့်မားသောအဆင့်သစ်များဆီ တွန်းအားပေးနိုင်ရန်အလို့ငှာ နိုင်ငံများအကြား အပြန်အလှန်အကျိုးဖြစ်ထွန်းမှု၊ အပြန်အလှန်ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှု ပုံစံသစ်အဖြစ် တည်ဆောက်ရန် ဝမ်က တိုက်တွန်းပြောကြားခဲ့သည်။

ထို့ပြင် လာမည့်နှစ်သည် နှစ်နိုင်ငံကြား မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးထူထောင်ခြင်း ၁၀ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ပြုလုပ်မည်ဖြစ်သလို တရုတ်နိုင်ငံအနေဖြင့် ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူ အဆင့်မြင့် ကူးလူးဆက်ဆံမှုများကို တစ်ဆင့်တိုးခိုင်မာစေရန် ဆန္ဒရှိကြောင်းနှင့် ဒုတိယအကြိမ် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေး တက်ရောက်ရေးအတွက် ဆော်ဒီခေါင်းဆောင်များ တရုတ်နိုင်ငံသို့ လာမည့်နှစ်အတွင်း ခရီးစဉ်လာရောက်ရန်လည်း ဖိတ်ခေါ်ကြိုဆိုကြောင်း ဝမ်က ထည့်သွင်းပြောကြားခဲ့သည်။ ယင်းထိပ်သီးအစည်းအဝေး အောင်မြင်စွာကျင်းပနိုင်ရန် ဆော်ဒီအာရေဗျနိုင်ငံနှင့်အတူတကွ ဆောင်ရွက်သွားလိုကြောင်းလည်း ဝမ်က ဖြည့်စွက်ပြောခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ https://english.news.cn/20251215/0697086a0cf140589a4742ae4c8f337a/c.html
#China #SaudiArabia #BilateralTies #WangYi #တရုတ် #ဆော်ဒီအာရေဗျ #ဝမ်ရိ #နှစ်နိုင်ငံဆက်ဆံရေး

————————————-
China willing to work with Saudi Arabia to elevate bilateral ties to new heights: FM
RIYADH, Dec. 14 (Xinhua) — Chinese Foreign Minister Wang Yi said on Sunday that China has always regarded Saudi Arabia as a priority in its Middle East diplomacy and an important partner in its global diplomatic strategy, and is willing to work with Saudi Arabia to elevate bilateral ties to new heights.
Wang Yi, also a member of the Political Bureau of the Communist Party of China (CPC) Central Committee, made the remarks while co-chairing the Fifth Meeting of the Political Sub-committee of the China-Saudi Arabia High-level Joint Committee in Riyadh with Saudi Foreign Minister Faisal bin Farhan Al Saud.
Wang said that Saudi Arabia is an important member of the Arab and Islamic worlds and an independent force in the process of multipolarization.
In recent years, under the strategic guidance of Chinese President Xi Jinping and Saudi King Salman bin Abdulaziz Al Saud as well as Saudi Crown Prince Mohammed bin Salman Al Saud, exchanges and cooperation across all fields between the two countries have progressed in a sound and steady manner, he said, adding China-Saudi relations have increasingly gone beyond the bilateral dimension, taking on growing strategic significance and global influence.
China has always regarded Saudi Arabia as a priority in its Middle East diplomacy and an important partner in its global diplomatic strategy, and stands ready to work with Saudi Arabia to implement the important consensus reached by the two countries’ leaders, he said.
Wang called on both sides to firmly grasp the direction of bilateral relations, resolutely support each other on issues involving core interests, better coordinate cooperation across various fields, continuously enrich the substance of the comprehensive strategic partnership, and build China-Saudi relations into a new model of mutual benefit, mutual trust and solidarity among nations, so as to push bilateral ties to new heights.
Noting that next year will mark the 10th anniversary of the establishment of the comprehensive strategic partnership between the two countries, Wang said China is willing to further strengthen high-level exchanges with Saudi Arabia and welcomes Saudi leaders to visit China next year to attend the second China-Arab States Summit. He added that China looks forward to working with Saudi Arabia to ensure the success of the summit.
https://english.news.cn/20251215/0697086a0cf140589a4742ae4c8f337a/c.html

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.