Connect with us

Politics, Law & Military

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံက ၁၀ ကြိမ်မြောက် နယ်စပ်ကာကွယ်ရေး ချစ်ကြည်ရင်းနှီးမှုဖလှယ်ပွဲ ကျင်းပမည်

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဆန်ရှီးပြည်နယ် ရှီးအန်းမြို့ရှိ ရှီးအန်းအပြည်ပြည်ဆိုင်ရာဆိပ်ကမ်းမှ ထွက်ခွာလာသည့် တရုတ်-ဗီယက်နမ် ကုန်တင်ရထားကို ၂၀၂၂ ခုနှစ် ဩဂုတ် ၂၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ မတ် ၁၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့က ၁၀ ကြိမ်မြောက် နယ်စပ်ကာကွယ်ရေး ချစ်ကြည်ရင်းနှီးမှုဖလှယ်ပွဲကို မတ်လလယ်တွင် ကျင်းပမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက မတ် ၁၅ ရက်၌ ကြေညာခဲ့သည်။အဆိုပါပွဲကို တရုတ်နိုင်ငံ ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ဗီယက်နမ်နိုင်ငံ Quang Ninh ပြည်နယ်တို့ရှိ သတ်မှတ်ထားသောနေရာများ၊ ဆိပ်ကမ်းများနှင့် ပေပု ပင်လယ်ကွေ့ရှိ ပိုင်နက်ရေပြင်တို့တွင် ကျင်းပရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ကြေညာချက်တစ်စောင်တွင် ဖော်ပြခဲ့သည်။

အဆိုပါအခမ်းအနားအတွင်း နှစ်နိုင်ငံ ရေတပ်ပူးတွဲကင်းလှည့်ခြင်းနှင့် လေ့ကျင့်ခန်းများကို စီစဉ်ပြုလုပ်မည်ဖြစ်သည်။ နယ်စပ်ဒေသများရှိ အရပ်သားများနှင့်အတူ ဆေးဘက်ဆိုင်ရာတိုင်ပင်ဆွေးနွေးမှုများနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲအခမ်းအနားများကိုလည်း ကျင်းပမည်ဟု ကြေညာချက်၌ ဖော်ပြထားကြောင်း သိရသည်။ (Xinhua)
……………………………………………………………..
(English Version)
China, Vietnam to hold 10th border defense friendship exchange
BEIJING, March 15 (Xinhua) — China and Vietnam will hold their 10th border defense friendship exchange in mid-March, the Chinese Ministry of National Defense announced on Sunday.
The event is set to take place in designated areas and ports in China’s Guangxi Zhuang Autonomous Region and Vietnam’s Quang Ninh province, as well as waters in the Beibu Gulf, the ministry said in a statement.
During the event, the two sides will organize joint naval fleet patrols and training exercises. They will also hold medical consultations and cultural events with civilians in the border areas, the statement said. ■
English Caption
Aerial photo taken on Aug. 23, 2022 shows a China-Vietnam freight train pulling out of Xi’an international port in Xi’an, northwest China’s Shaanxi Province. (Xinhua/Li Yibo)