Science & Technology
ကမ္ဘာ့အရှည်ဆုံးနှင့် အမြင့်ဆုံး ဖန်သား တံတား ဘေးကင်းရေး စမ်းသပ်မှု လုပ်ဆောင်
ချန်ရှ၊ ဇွန် ၂၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူနန်ပြည်နယ်၊ ကျန်းကျီကျဲ့မြို့ရှိ ကမ္ဘာ့ အမြင့်ဆုံးနှင့် အရှည်ဆုံး ဖန်သား တံတားအား ဘေးကင်းရေး စမ်းသပ်သည့်အနေဖြင့် ၂ တန်ရှိ ထရပ်ကား တစ်စီး ဇွန်လ ၂၆ ရက်က တံတားပေါ်သို့ ဖြတ် သန်းမောင်းနှင်ခဲ့ကြောင်း သိရသည်။
အရှည် ၄၃၀ မီတာ ရှိသော ဖန်သားတံတားအား မြေပြင်အထက် မီတာ ၃၀၀ အမြင့်ရှိ ချောက်ကမ်းပါးစောက် နှစ်ခုအကြား တည်ဆောက်ထားခြင်း ဖြစ်သည်။
အဆိုပါ ဖန်သား တံတား၏ ခံနိုင်ရည်အား အများပြည်သူ လက်ခံ ယုံကြည်လာစေရန် စေတနာ့ဝန်ထမ်း ၁၁ ဦး ကို တင်ဆောင်လာသည့် ကားတစ်စီး တံတားပေါ် ဖြတ်မသွားမီ စေတနာ့ ဝန်ထမ်း ၂၀ ဦးက တူများဖြင့် ဖန် သားများအား ထုခွဲပြသခဲ့သည်။ ထို့ပြင် အခြား စေတနာ့ ဝန်ထမ်း ၁၀ ဦးကလည်း ဖန်သားကို ထုခွဲပြခဲ့သေးပါ သေးသည်။
ဖန်သားတံတားအား တွေ့ရစဉ် (ဆင်ဟွာ)
ဖန်သား မျက်နှာပြင် နေရာအချို့မှာ အက်ကွဲသွားခဲ့သော်လည်း ဖန်သားမှာ လုံးဝကျိုးပဲ့သွားခြင်း မရှိခဲ့ပေ။
အဆိုပါ တံတားအား ဖန်သားလွှာ ၃ ချပ်ရှိပြီး ၄.၅ မီတာနှင့် ၁၅ မီလီမီတာ အထူရှိသော ဖန်သား အစိတ်အပိုင်း ၉၉ ခုဖြင့် ဖွဲ့စည်းပြုလုပ်ထားသည်။ ပျက်စီးသွားသော ဖန်သား အစိတ်အပိုင်းများအား ဖယ်ရှား လဲလှယ်နိုင် ကြောင်း သိရသည်။
ကျန်းကျီကျဲ့မြို့ရှိ ထူးခြားလှသည့် တောင်ကြီးအကြောင်းကို ဟောလိဝုဒ်မှ နာမည်ကြီး ရုပ်ရှင်ကား Avatar ဇာတ်ကား၌ လူအများ အသိအမှတ်ပြုလာခဲ့ပြီး ၂၀၁၅ ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည် ပေါင်း ၁.၂ သန်း ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)