Science & Technology
တရုတ်နိုင်ငံ၏ အကြီးဆုံး ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံအား ၂၀၁၆ ခုနှစ် နှောင်းပိုင်းတွင် လွှတ်တင်မည်
ဟိုင်နန်၊ ဇွန် ၂၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် ၎င်း၏ အကြီးဆုံး ဂြိုဟ်တု သယ်ဆောင်ရေး ဒုံးပျံဖြစ်သည့် Long March-5 အား ၂၀၁၆ ခုနှစ် နှစ်ဝက် အကျော်လောက်တွင် လွှတ်တင်သွားရန် စီစဉ်နေကြောင်း တရုတ်နိုင်ငံ အာကာသရေးရာ ပရိုဂရမ် အကြီးတန်း အရာရှိ တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ဒုံးပျံသည် ကမ္ဘာဂြိုဟ်ပတ် လမ်းကြောင်း အတွင်းသို့ ၂၅ တန်အထိ သယ်ဆောင်နိုင်ရန် ပုံစံရေးဆွဲထားကာ တရုတ်နိုင်ငံ တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဝင်ချန် ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ လွှတ်တင်သွားမည် ဖြစ်ကြောင်း ရှီချန် ဂြိုဟ်တု လွှတ်တင်ရေး စင်တာ အကြီးတန်း အရာရှိ ဝမ်ကျင်းကျုံး က သတင်းစာ ရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။ ဝင်ချန် ဂြိုဟ်တု လွှတ်တင်ရေး စင်တာသည် တရုတ်နိုင်ငံရှိ ဂြိုဟ်တု လွှတ်တင်ရေး စင်တာ လေးခု အနက် အကြီးဆုံးနှင့် အကောင်းဆုံး စင်တာ ဖြစ်ကြောင်း သိရသည်။
လာမည့် ၅ နှစ်အတွင်း Chang’e-5 လကမ္ဘာ လေ့လာရေး အာကာသယာဉ်နှင့် တရုတ်အာကာသ စခန်း အစိတ်အပိုင်းများကို ဝင်ချန် ဂြိုဟ်တု လွှတ်တင်ရေး စင်တာမှ လွှတ်တင်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)