Science & Technology
၂၀၁၄ ခုနှစ်တွင် ဟွာဝေးရောင်းရငွေ အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံရရှိ

စိမ်းကျန့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအခြေစိုက် ဟွာဝေးနည်းပညာ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံ ဝင်ငွေ ရရှိခဲ့ပြီး၂၀၁၃ ခုနှစ်ထက် ၁၅ ရာခိုင်နှုန်း တိုးတက်လာသည်ဟု စီအီးအို Hu Houkun က ပြောသည်။
၎င်းတိုးတက်မှုတွင် တယ်လီဖုန်း ဆက်စပ်ပစ္စည်း ရောင်းချမှုလည်း တစ်စိတ်တစ်ပိုင်းပါဝင်သည်။၂၀၁၄ ခုနှစ်တွင် ၎င်းဆက်စပ်ပစ္စည်းများမှ ရောင်းချရသည့်ငွေ အမေရိကန်ဒေါ်လာ ၁၁ ဒဿမ ၈ ဘီလီယံ ရှိကြောင်း Hu က နှစ်သစ်ကူး ဆုတောင်းတွင် ထည့်သွင်း ပြောကြားသည်။
၂၀၁၄ ခုနှစ်တွင် ဟွာဝေးစမတ်ဖုန်းများ နိုင်ငံခြား တင်ပို့ရောင်းချမှု ၇၅ သန်း ရှိကာ ၄၀ ရာခိုင်နှုန်းကျော် မြင့်တက်လာသည်။
ကမ္ဘာ့စမတ်ဖုန်း ဈေးကွက်တွင် Apple နှင့် Samsung ပြီးလျှင် ဟွာဝေးသည် တတိယနေရာ၌ ရှိသည်။ (Xinhua)
