Science & Technology
တရုတ်နိုင်ငံသည် ၂၀၁၉ခုနှစ်တွင် BeiDou ဂြိုဟ်တုသစ် ၁၀လုံးအား လွှတ်တင်မည်

ပေကျင်း၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသည် BeiDou တည်နေရာပြဂြိုဟ်တုစနစ် (BDS) အား ချိတ်ဆက်ရန် ၂၀၁၉ခုနှစ်တွင်း သီးခြားစီလွှတ်တင်မှု ၇ခုဖြင့် ဂြိုဟ်တု ၁၀ခုကို လွှတ်တင်သွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ လေကြောင်းအာကာသသိပ္ပံ နှင့် နည်းပညာ ကော်ပိုရေးရှင်း (CASC) က ဇန်နဝါရီ ၂၉ ရက်တွင် ကြေညာခဲ့သည်။
အဆိုပါ လွှတ်တင်မှုများသည် ၂၀၂၀ခုနှစ်မတိုင်မီ BDS ကမ္ဘာ့ကွန်ရက်အား ပြီးမြောက်အောင် ကူညီဆောင်ရွက်သွားနိုင်မည် ဖြစ်ကြောင်း CASC ၏ အာကာသဌာန ညွှန်ကြားရေးမှူး က သတင်းစာရှင်းလင်းပွဲတစ်ခု၌ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ၏ လွန်ခဲ့သော နှစ် ၄၀အတွင်း ပြုပြင်ပြောင်းလဲမှု နှင့် ပွင့်လင်းမြင်သာမှု လုပ်ဆောင်ချက်များ၏ အရေးပါသော အောင်မြင်မှုတစ်ခုအဖြစ် BDS စနစ်အား တရုတ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျဲ့ကျန်းပြည်နယ် ရှိ ငါးဖမ်းလှေ ၆,၀၀၀ကျော်တွင် BDS သင်္ဘောရွေ့လျားမှု စောင့်ကြည့်မှုစနစ် အား တပ်ဆင်ပြီးဖြစ်ကာ တည်နေရာတိကျမှု နှင့် မှန်ကန်လျင်မြန်မှုကို တိုးတက်ရန် ကူညီပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အဓိကကျသော မြို့ ၃၆မြို့ ရှိ မော်တော်ယာဉ် ၆.၁၇သန်းခန့်၊ စာပို့ဆောင်ရေး နှင့် အခြားပို့ဆောင်ရေး မော်တော်ယာဉ်များ၊ ဘတ်စ်ကား အစီး၈၀,၀၀၀ တွင် BDS စနစ်အား တွဲဖက်တပ်ဆင်ထားပြီးဖြစ်ကာ ယင်းစနစ်အား ပြည်တွင်းလုပ်အရပ်ဖက်လေယာဉ်များတွင်လည်း တပ်ဆင်အသုံးပြုခဲ့ကြောင်းသိရသည်။ (Xinhua)