Science & Technology
တရုတ်နိုင်ငံက Chang’e-5 ခရီးစဉ်အတွက် Long March-5 ဒုံးပျံ လွှတ်တင်ရန်ပြင်ဆင်

ဝန်ချန်း၊ နိုဝင်ဘာ ၁၈ ရက် (ဆင်ဟွာ) ဘာသာပြန် – ခေါန်ရိန်
တရုတ်နိုင်ငံ၏ Chang’e-5 လကမ္ဘာသွားယာဉ် လွှတ်တင်ရာတွင် အသုံးပြုရန် ပဥ္စမမြောက် Long March-5 ဒုံးပျံကို နိုဝင်ဘာ ၁၇ ရက်က ဝန်ချန်း အာကာသယာဉ်လွှတ်တင်ရေးစခန်းရှိ ဒုံးပျံလွှတ်တင်ရေးနေရာသို့ ဒေါင်လိုက်ပို့ဆောင်ခဲ့ကြောင်း သိရသည်။ အဆိုပါ သယ်ဆောင်ရေးဒုံးပျံကို နိုဝင်ဘာလကုန်ပိုင်းတွင် လွှတ်တင်ရန် စီစဉ်ထားကြောင်း တရုတ် အမျိုးသား အာကာသစီမံခန့်ခွဲမှုဦးစီးဌာနအရ သိရသည်။ (Xinhua)