Science & Technology
China Mobile က 5G အခြေစိုက်စခန်း ၅၀,၀၀၀ နီးပါးရှိလာ

ပေကျင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သော China Mobile က လက်ရှိအချိန်ထိ အသုံးပြုနေသော 5G အခြေစိုက်စခန်း ၅၀,၀၀၀ နီးပါးရှိလာပြီဖြစ်ကြောင်း ကုမ္ပဏီ ဥက္ကဋ္ဌ ယန်ကျဲ့က ပြောကြားလိုက်သည်။
လက်ရှိတွင် China Mobile က မြို့ပေါင်း ၅၀ တွင် 5G ဝန်ဆောင်မှုများ ထောက်ပံ့လျက်ရှိသည်ဟု ယန်က ဆိုသည်။ကုမ္ပဏီအနေဖြင့် ဆက်လက်၍ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှု တိုးမြှင့်ကာ ဈေးကွက်လိုအပ်ချက်နှင့် ပိုမိုကိုက်ညီရန် 5G အပလီကေးရှင်းများ မိတ်ဆက်သွားမည်ဖြစ်ကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။ယခုနှစ် ဇွန်လအစောပိုင်းတွင် တရုတ်နိုင်ငံက နိုင်ငံ၏ ဆက်သွယ်ရေးလုပ်ငန်းတွင် ခေတ်သစ်တစ်ခု စတင်သည့်အနေဖြင့် 5G လိုင်စင်ကို စီးပွားဖြစ် အသုံးပြုရန် ခွင့်ပြုခဲ့သည်။ (Xinhua)