Science & Technology
နိုဘယ်လ်ဆုရှင် ယန်ကျန့်နင် ကွယ်လွန်

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုရှင်၊ တရုတ်သိပ္ပံအကယ်ဒမီ ပညာရှင်၊ နာမည်ကျော် ရူပဗေဒပညာရှင် ယန်ကျန့်နင် (Chen Ning Yang) သည် အောက်တိုဘာ ၁၈ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကွယ်လွန်သွားခဲ့ပြီး ကွယ်လွန်စဉ်တွင် အသက် ၁၀၃ နှစ် ရှိပြီဖြစ်ကြောင်း တရုတ်နိုင်ငံ ချင်းဟွာတက္ကသိုလ် (Tsinghua University) မှ သိရှိရသည်။ယန်ကျန့်နင်သည် ၁၉၂၂ ခုနှစ်တွင် တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဟဲဖေမြို့၌ မွေးဖွားခဲ့သည်။ ၎င်းသည် ၁၉၄၀ ပြည့်လွန်နှစ်များတွင် အမေရိကန်သို့ သွားရောက်ကာ ပညာသင်ယူခဲ့ပြီး စာသင်ကြားရေးတာဝန်များ ထမ်းဆောင်ခဲ့သည်။

တရုတ်နိုင်ငံ ပေကျင်းမြို့ရှိ ချင်းဟွာတက္ကသိုလ် အဆင့်မြင့်သုတေသနဌာနသို့ လာရောက်၍ ယန်ကျန့်နင်အား ဂါရဝပြုသော အမျိုးသားတစ်ဦးကို ၂၀၂၅ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
၎င်းသည် ၁၉၅၇ ခုနစ်တွင် ရူပဗေဒဆိုင်ရာ နိုဘယ်လ်ဆုအား ဆွတ်ခူးရရှိခဲ့သည်။ ၎င်းနှင့် ရောဘတ် မေးလ်တို့ အတူတကွ မိတ်ဆက်ခဲ့သည့် Yang-Mills gauge သီအိုရီသည် ၂၀ ရာစုနှစ် ရူပဗေဒပညာရပ်ဆိုင်ရာ အရေးအကြီးဆုံး အောင်မြင်မှုများအနက် တစ်ခုဖြစ်သည်။
တရုတ်နိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး နှစ်ပေါင်း ၂၀ ကျော်အတွင်း ယန်ကျန့်နင်သည် ချင်းဟွာတက္ကသိုလ် (Tsinghua University) ၌ ပညာသင်ကြားပို့ချပေးခဲ့ပြီး လူတော်လူချွန်များ ပျိုးထောင်ရေးနှင့် ဖိတ်ခေါ်မှု၊ တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ပညာရပ်ဆိုင်ရာ ကူးလူးဖလှယ်မှု စသည့်ကဏ္ဍများတွင် အရေးကြီး အကျိုးထမ်းဆောင်မှုများ လုပ်ဆောင်ခဲ့သည်။ (Xinhua)
#Nobellaureate #Physicist #ChenNingYang #နိုဘယ်လ်ဆုရှင် #ရူပဗေဒပညာရှင် #ယန်ကျန့်နင်
——————————————–
(Chinese Version)
杨振宁逝世
新华社北京10月18日电(记者魏梦佳)记者从清华大学获悉,诺贝尔物理学奖得主、中国科学院院士、著名物理学家杨振宁于10月18日在北京逝世,享年103岁。
杨振宁1922年出生于安徽合肥,上世纪40年代赴美留学任教,1957年获诺贝尔物理学奖。他与米尔斯提出的杨-米尔斯规范场论,是20世纪物理学最为重要的成就之一。回国20多年来,杨振宁在清华大学任教,在培养和延揽人才、促进中外学术交流等方面作出重要贡献。(完)
1、2021年5月14日,杨振宁资料室揭牌仪式在清华大学举行。这是出席仪式的杨振宁。新华社记者 陈钟昊 摄
2、10月19日,一位男士来到清华大学高等研究院悼念杨振宁。新华社记者 鞠焕宗 摄