Science & Technology
တရုတ်နိုင်ငံက Long March-11 Y6 သယ်ဆောင်ရေးဒုံးပျံ အောင်မြင်စွာလွှတ်တင်
ဟိုင်ယန် (ဆန်းတုန်း)၊ နိုဝင်ဘာ ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာသည် နိုဝင်ဘာ ၉ ရက် ၅ နာရီ ၀၁ မိနစ်တွင် တရုတ်နိုင်ငံ ဆန်းတုန်းပြည်နယ် ဟိုင်ယန်မြို့ အနီးတစ်ဝိုက် ပင်လယ်ပြင်မှ Long March-11 Y6 သယ်ဆောင်ရေးဒုံးပျံဖြင့် Shiyan-32 စမ်းသပ်ဂြိုဟ်တု အမှတ် 01 ၊ အမှတ် 02 ၊ အမှတ် 03 တို့ကို လွှတ်တင်ခဲ့သည်။

ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းထဲသို့ အဆင်ပြေချောမွေ့စွာ ဝင်ရောက်သွားခဲ့သည်။ အဆိုပါဂြိုဟ်တုကို အဓိကအားဖြင့် အာကာသနည်းပညာအသစ် စမ်းသပ်မှုများ လုပ်ဆောင်ရန် အသုံးပြုသွားမည်ဖြစ်သည်။
ယခုအကြိမ်မစ်ရှင်သည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံ၏ ၆၀၆ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်သည်။ (Xinhua)
——————————————
(Chinese Version)
长征十一号遥六运载火箭发射成功
新华社照片,海阳(山东),2025年11月9日
11月9日05时01分,我国太原卫星发射中心在山东海阳附近海域使用长征十一号遥六运载火箭,成功将试验三十二号卫星01星、02星、03星发射升空,卫星顺利进入预定轨道。该卫星主要用于开展空间新技术试验。
这次任务是长征系列运载火箭的第606次飞行。
新华社发(郭金祺 摄)
