Science & Technology
တရုတ်နိုင်ငံ၏ generative AI နည်းပညာအသုံးပြုသူအရေအတွက် နှစ်ဆမြင့်တက်ပြီး ၅၁၅ သန်းအထိ ရှိလာ

ပေကျင်း၊ အောက်တိုဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံတွင် အကြောင်းအရာများ ထုတ်လုပ်ဖန်တီးပေးနိုင်သော ဉာဏ်ရည်တုနည်းပညာ (generative AI) အသုံးပြုသူ အရေအတွက်မှာ ၆ လအတွင်း နှစ်ဆနီးပါးမြင့်တက်လာမှုနှင့်အတူ ၂၀၂၅ ခုနှစ် ဇွန်လကုန်တွင် ၅၁၅ သန်းအထိရှိလာကြောင်း အောက်တိုဘာ ၁၈ ရက်ကထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ရပ်အရသိရသည်။ယခုကိန်းဂဏန်းမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင်ရှိခဲ့သည့် သုံးစွဲသူအရေအတွက်မှ ၂၆၆ သန်း မြင့်တက်လာခြင်းဖြစ်သလို အသုံးပြုသူများအကြား ထိုးဖောက်နေရာယူနိုင်မှုနှုန်း ၃၆.၅ ရာခိုင်နှုန်းသို့ တိုးမြင့်လာခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံ အင်တာနက်ကွန်ရက် သတင်းအချက်အလက်စင်တာ(CNNIC) မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
တရုတ်နိုင်ငံအတွင်းရှိ အသုံးပြုသူများကြားတွင် တရုတ်နိုင်ငံထုတ် generative AI မော်ဒယ်များ၏ ရေပန်းစား လူကြိုက်များမှုကလည်း ကျယ်ကျယ်ပြန့်ပြန့်တိုးတက်လာခဲ့ပြီး ဉာဏ်ရည်ထည့်သွင်း မှတ်သားမှုဖြင့် ဗဟုသုတရှာဖွေမှု၊ မာတိကာ (ပါဝင်သည့်အကြောင်းအရာများ) ဖန်တီးမှု၊ ရုံးလုပ်ငန်းဆိုင်ရာအကူအညီနှင့် ခေတ်မီ စက်ကိရိယာများကဲ့သို့သော နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးချနေကြကြောင်း အစီရင်ခံစာတွင် ထင်ရှားစွာဖော်ပြထားသည်။
AI နည်းပညာ၏ အသုံးဝင်မှုကို လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ထုတ်လုပ်မှုလုပ်ငန်းများ၊ စက်မှုလုပ်ငန်း ဆိုင်ရာ ကုန်ထုတ်လုပ်မှုနှင့် သိပ္ပံဆိုင်ရာ သုတေသနများအပါအဝင် ကဏ္ဍများစွာတွင် စိတ်ဝင်တစား စူးစမ်းရှာဖွေနေကြကြောင်းလည်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်။ယခုအစီရင်ခံစာကို အောက်တိုဘာ ၁၈ ရက်က ပေကျင်းမြို့၌ ကျင်းပခဲ့သော ၂၀၂၅ ခုနှစ် တရုတ်နိုင်ငံ အင်တာနက်အခြေခံအဆောက်အအုံရင်းမြစ်များ ညီလာခံတွင် အများပြည်သူသိရှိစေရန် ထုတ်ပြန် ခဲ့ခြင်းဖြစ်သည်။ (Reposted from Xinhua)
————————-
(English Version)
China’s generative AI users double to 515 mln: report
BEIJING, Oct. 18 (Xinhua)
China had 515 million generative artificial intelligence (AI) users as of June 2025, with the user base doubling within six months, according to a report released on Saturday.
This figure was up by 266 million from the December 2024 figure, elevating the user penetration rate to 36.5 percent in China, said the report released by the China Internet Network Information Center.
The report noted that Chinese-made generative AI models have gained broad popularity among users in China, and generative AI has been widely applied in areas such as intelligent search, content creation, office assistance, and smart devices.
Its usefulness is also being actively explored in sectors including agricultural production, industrial manufacturing and scientific research, the report said.
The report was made public at the 2025 China Internet Infrastructure Resources Conference in Beijing on Saturday. ■
Photo:
Visitors watch a robot dancing during the 2024 World AI Conference in Shanghai, east China, July 5, 2024. (Xinhua/Fang Zhe)