Science & Technology
တရုတ်နိုင်ငံ၏ ပြည်တွင်းဖြစ် C919 ဂျက်လေယာဥ်က အရှေ့အလယ်ပိုင်းဒေသတွင် ပွဲဦးထွက်အဖြစ် ဒူဘိုင်းလေကြောင်းပြပွဲတွင် ပါဝင်ပြသမည်
ဒူဘိုင်း၊ နိုဝင်ဘာ ၁၆ ရက်(ဆင်ဟွာ)
တရုတ်တောင်ပိုင်းလေကြောင်းလိုင်းမှ C919 လေယာဥ်တစ်စင်းသည် ၂၀၂၅ ခုနှစ် ဒူဘိုင်းလေကြောင်း ပြပွဲတွင် ပွဲဦးထွက်အဖြစ်ပါဝင်ပြသရန် နိုဝင်ဘာ ၁၄ ရက် အစောပိုင်းက ဒူဘိုင်းမြို့ရှိ Al Maktoum နိုင်ငံတကာလေဆိပ်သို့ဆိုက်ရောက်ခဲ့ကြောင်း အဆိုပါလေကြောင်းလိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။အဆိုပါလေယာဥ်ကို တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းသုံးလေယာဥ်ကော်ပိုရေးရှင်းလီမိတက် (COMAC) မှ ထုတ်လုပ်ထားခြင်းဖြစ်ပြီး နိုဝင်ဘာ ၁၇ ရက်မှ ၂၁ ရက်အထိ ပြသရန်စီစဥ်ထားသည့် လေကြောင်းပြပွဲမတိုင်မီ ဒေသစံတော်ချိန် နိုဝင်ဘာ ၁၄ ရက် နံနက် ၁နာရီ ၁၅ မိနစ် (ဂရင်းနစ်စံတော်ချိန် နိုဝင်ဘာ ၁၃ ရက် ၂၁၁၅ နာရီအချိန်) တွင် Al Maktoum နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်ခဲ့ခြင်းဖြစ်သည်။

အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)၊ ဒူဘိုင်းမြို့ရှိ Al Maktoum နိုင်ငံတကာလေဆိပ်၌ တရုတ်တောင်ပိုင်းလေကြောင်းလိုင်း၏ C919 လေယာဥ်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၄ ရက်က တွေ့ရစဥ် (ဆင်ဟွာ)
C919 လေယာဥ်သည် ကမ္ဘာ့အကြီးမားဆုံးလေကြောင်းပြပွဲများတွင် တစ်ခုအပါအဝင်ဖြစ်သည့် အရှေ့ အလယ်ပိုင်းဒေသတွင်ပြုလုပ်သည့် ဒူဘိုင်းလေကြောင်းပြပွဲ၌ ပထမဆုံးအကြိမ် ပါဝင်ပြသမည်ဖြစ်သည်။
COMAC မှ ထုတ်လုပ်သောအခြားလေယာဥ် နှစ်စင်းလည်း အဆိုပါ လေကြောင်းပြပွဲတွင် ပါဝင်ပြသမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)
——————————–
(English Version)
China’s homegrown C919 jet to make Middle East debut at Dubai Airshow
DUBAI, Nov. 14 (Xinhua)
A China Southern Airlines C919 aircraft arrived at Al Maktoum International Airport in Dubai early on Friday for its debut at the 2025 Dubai Airshow, according to the airline.
The plane, developed by Commercial Aircraft Corporation of China, Ltd. (COMAC), landed at the airport at 1:15 a.m. local time on Friday (2115 GMT Thursday), ahead of the airshow scheduled from Nov. 17 to 21.
The aircraft will be showcased for the first time in the Middle East at the event, one of the world’s largest aviation exhibitions.
Two other COMAC-produced aircraft will also be on display at the show. ■
Photo-1:
Crew members of a China Southern Airlines C919 aircraft pose for a group photo with the plane at Al Maktoum International Airport in Dubai, the United Arab Emirates (UAE), Nov. 14, 2025. (China Southern Airlines/Handout via Xinhua)
Photo-2:
This photo taken on Nov. 14, 2025 shows a China Southern Airlines C919 aircraft at Al Maktoum International Airport in Dubai, the United Arab Emirates (UAE). (China Southern Airlines/Handout via Xinhua)
