Science & Technology
ကမ္ဘာ့သိပ္ပံအဆင့်သတ်မှတ်ချက်များတွင် ပထမဆုံးအကြိမ်အဖြစ် တရုတ်မြို့ကြီးများ လွှမ်းမိုးထားကြောင်း Nature ဖော်ပြ
လန်ဒန်၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)
တရုတ်မြို့ကြီးများမှာ ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ထိပ်တန်းသိပ္ပံဆိုင်ရာ သုတေသနဗဟိုချက်နေရာဆယ်ခု၏ ထက်ဝက်ကျော်စာရင်းတွင် ပါဝင်နေကြောင်း နောက်ဆုံးထွက်ရှိလာသည့် ကမ္ဘာ့ထိပ်တန်းသိပ္ပံဂျာနယ် Nature ၏ Nature အညွှန်းကိန်းအချပ်ပိုဖော်ပြချက်အရ သိရသည်။ တရုတ်နိုင်ငံ မြို့တော်ပေကျင်းက ဦးဆောင်ကမ္ဘာ့သိပ္ပံမြို့အဖြစ် ၎င်း၏ရပ်တည်မှုကို ၂၀၁၆ ခုနှစ်မှစ၍ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။မကြာသေးမီက ထုတ်ပြန်ခဲ့သော “၂၀၂၅ ခုနှစ် Nature အညွှန်းကိန်း သိပ္ပံမြို့များ” နောက်ဆက်တွဲဖော်ပြချက်တွင် ကမ္ဘာ့ထိပ်တန်းဆယ်မြို့၌ တရုတ်မြို့အရေအတွက်က ၂၀၂၃ ခုနှစ်တွင် ငါးမြို့မှ ၂၀၂၄ ခုနှစ်တွင် ခြောက်မြို့အထိ မြင့်တက်လာခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်တွင် မြင့်တက်လာမှုမှာ တရုတ်နိုင်ငံအနေဖြင့် ယင်းအဆင့်သတ်မှတ်ချက်တွင် နေရာအများစုကို ပထမဆုံးအကြိမ် ပိုင်ဆိုင်ခြင်းဖြစ်သည်။
အဆိုပါအချပ်ပိုဖော်ပြချက်တွင် ၂၀၁၅ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ထုတ်ဝေခဲ့သော သုတေသနဆောင်းပါးများကို ခြေရာခံသည့် Nature အညွှန်းကိန်းဒေတာဘေ့စ်ကို အသုံးပြုထားခြင်းဖြစ်သည်။ ၎င်း၏ခွဲခြမ်းစိတ်ဖြာမှုသည် ထုတ်ဝေမှုများတွင် အဖွဲ့အစည်းဆိုင်ရာပံ့ပိုးကူညီမှုကို ထင်ဟပ်စေသော အပိုင်းအစဖြစ်သည့် “ဝေစု” ကို အဓိကမက်ထရစ်အဖြစ် အသုံးပြုထားပြီး အချိန်စီးရီးဒေတာများကို ၂၀၂၄ ခုနှစ် အဆင့်များနှင့် ချိန်ညှိထားသည်။ မြို့တစ်မြို့စီ၏ ဝေစုကို ထိုမြို့အတွင်းရှိ ဆက်စပ်အဖွဲ့အစည်းများအားလုံး၏ ပံ့ပိုးကူညီမှုများ ပေါင်းထည့်ခြင်းဖြင့် တွက်ချက်ခြင်းဖြစ်ကြောင်း သိရသည်။
Nature အညွှန်းကိန်းအရ ကမ္ဘာ့ထိပ်တန်းသိပ္ပံမြို့များမှာ ပေကျင်း၊ ရှန်ဟိုင်း၊ နယူးယောက်မက်ထရိုပိုလီတန်ဧရိယာ (အမေရိကန်)၊ ဘော့စတွန်မက်ထရိုပိုလီတန်ဧရိယာ (အမေရိကန်)၊ နန်ကျင်း (တရုတ်)၊ ကွမ်ကျိုး (တရုတ်)၊ ဆန်ဖရန်စစ္စကိုပင်လယ်အော်ဧရိယာ (အမေရိကန်)၊ ဝူဟန့် (တရုတ်)၊ ဘာလ်တီမိုး-ဝါရှင်တန်မက်ထရိုပိုလီတန်ဧရိယာ (အမေရိကန်) နှင့် ဟန်ကျိုး (တရုတ်) တို့ဖြစ်သည်။
ပေကျင်းမြို့က ၂၀၂၃ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း ချိန်ညှိထားသည့် ဝေစုမှာ ၉.၁၄ ရာခိုင်နှုန်း တိုးလာခြင်းဖြင့် ၎င်း၏ နံပါတ် ၁ အဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ ရှန်ဟိုင်း၏ ထုတ်လုပ်မှုကလည်း ၂၀ ရာခိုင်နှုန်း ပိုမိုသိသာမြန်ဆန်စွာ မြင့်တက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိပ်တန်း ၁၀ မြို့ရှိ အမေရိကန်မြို့အားလုံး၏ ပေါင်းစပ်ချိန်ညှိထားသော ဝေစုမှာမူ ကျဆင်းသွားခဲ့သည်။
“အမေရိကန်နိုင်ငံက နေရာရရှိမှု လျော့နည်းလာပြီး တရုတ်နိုင်ငံက သူ့ရဲ့ ဦးဆောင်မှုကို တိုးချဲ့လာတဲ့ အညွှန်းကိန်းစာရင်းမှာ မြို့တွေရဲ့ အရွေ့တွေဟာ ပိုမိုကျယ်ပြန့်တဲ့ လမ်းကြောင်းကို ထင်ဟပ်စေပါတယ်” ဟု အဆိုပါဂျာနယ်အချပ်ပိုတွင် ဖော်ပြထားသည်။
နောက်ထပ်ခွဲခြမ်းစိတ်ဖြာမှုအရ တရုတ်မြို့များသည် ဓာတုဗေဒ၊ ရူပဗေဒသိပ္ပံ၊ ကမ္ဘာမြေနှင့် ပတ်ဝန်းကျင်သိပ္ပံတို့တွင် အားသာချက်များစွာရှိပြီး နယ်ပယ်သုံးခုစလုံးတွင် ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ ဦးဆောင်နေကြောင်း ပြသနေသည်။ အထူးသဖြင့် တရုတ်မြို့များက ဓာတုဗေဒတွင် ထိပ်တန်း ၁၀ နေရာ အားလုံးကို ပထမဆုံးအကြိမ်အဖြစ် ရယူခဲ့ကြသည်။ အခြားဘာသာရပ်နှစ်ခုတွင်လည်း ၎င်းတို့က ထိပ်ဆုံး ၁၀ နေရာအနက် ခြောက်နေရာရရှိခဲ့ပြီး ပေကျင်းက နယ်ပယ်သုံးခုစလုံး၌ ကမ္ဘာတစ်ဝန်း ပထမနေရာ၌ ရပ်တည်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
————————-
(English Version)
Chinese cities dominate global science rankings for first time: Nature
LONDON, Nov. 17 (Xinhua) — For the first time, Chinese cities account for more than half of the world’s top ten scientific research hubs, according to the latest Nature Index supplement, with Beijing retaining its position as the leading global science city – a title it has held since 2016.
The newly released “Nature Index 2025 Science Cities” supplement shows that the number of Chinese cities in the global top ten rose from five in 2023 to six in 2024, marking the first time China holds a majority in the rankings.
The supplement draws on the Nature Index database, which tracks research articles published from 2015 to 2024. Its analysis uses “Share”, a fractional count reflecting institutional contribution to publications, as the primary metric, with time-series data adjusted to 2024 levels. Each city’s Share is calculated by summing the contributions of all affiliated institutions located within that city.
According to the Nature Index, the world’s leading science cities overall are: Beijing, Shanghai, New York metropolitan area (U.S.), Boston metropolitan area (U.S.), Nanjing (China), Guangzhou (China), San Francisco Bay Area (U.S.), Wuhan (China), Baltimore-Washington metropolitan area (U.S.), and Hangzhou (China).
Beijing maintained its No. 1 ranking, with its adjusted Share increasing by 9.14 percent between 2023 and 2024. Shanghai’s output rose even more sharply, by 20 percent. Meanwhile, the combined adjusted Share of all U.S. cities in the top ten declined.
