Connect with us

Science & Technology

တရုတ်နိုင်ငံတောင်ပိုင်းတွင် ကမ္ဘာ့ပထမဆုံး မိုးပျံကားစက်ရုံ စတင်စမ်းသပ်ထုတ်လုပ်

တရုတ်နိုင်ငံတောင်ပိုင်း ကွမ်တုန်းပြည်နယ် ကျူးဟိုင်မြို့တွင် တရုတ်နိုင်ငံ လျှပ်စစ်မော်တော်ယာဥ်ထုတ်လုပ်သူ XPENG ၏ မိုးပျံကား Land Aircraft Carrier ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၂ ရက်က တွေ့ရစဥ် (ဆင်ဟွာ)

ကွမ်ကျိုး၊ နိုဝင်ဘာ ၅ ရက် (ဆင်ဟွာ)

တရုတ်လျှပ်စစ်မော်တော်ယာဥ်ထုတ်လုပ်သူ XPENG ၏ မိတ်ဖက်ဖြစ်သည့် XPENG AEROHT က အနာဂတ်မျိုးဆက်သယ်ယူပို့ဆောင်ရေးလုပ်ငန်း၏ စီးပွားဖြစ်လုပ်ကိုင်နိုင်မှုမှတ်တိုင်တစ်ခုအဖြစ် မိုးပျံကားအမြောက်အမြားထုတ်လုပ်ရန်အတွက် ကမ္ဘာ့ပထမဆုံးသောဉာဏ်ရည်တုနည်းပညာစက်ရုံ၌ နိုဝင်ဘာ ၃ ရက်က စမ်းသပ်ထုတ်လုပ်မှု စတင်ခဲ့ကြောင်း သိရသည်။တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုန်းပြည်နယ် ကွမ်ကျိုးမြို့ ဟွမ်ဖူခရိုင်တွင် တည်ရှိပြီး စတုရန်းမီတာ ၁၂၀,၀၀၀ ကျယ်ဝန်းသည့် အဆိုပါစက်ရုံတွင် ၎င်း၏ ပထမဆုံး ဖြုတ်နိုင်တပ်နိုင်သော လျှပ်စစ်မိုးပျံယာဥ် “Land Aircraft Carrier” ကို ထုတ်လုပ်ခဲ့ပြီးဖြစ်သည်။

စက်ရုံအ‌ဆောက်အအုံကို နှစ်စဥ် ဖြုတ်တပ်နိုင်သောမိုးပျံယာဥ်အစိတ်အပိုင်း ပမာဏ ၁၀,၀၀၀ ထုတ်လုပ်နိုင်ရန် ဒီဇိုင်းဆွဲပုံစံထုတ်ထားပြီး ကနဦးတွင် အစင်းရေ ၅,၀၀၀ ထုတ်လုပ်မည်ဖြစ်သည်။ အဆိုပါစက်ရုံသည် ၎င်းအမျိုးအစား စက်ရုံများအနက် ထုတ်လုပ်နိုင်မှုပမာဏအကြီးမားဆုံးဖြစ်ပြီး လုပ်ငန်းအပြည့်အဝလည်ပတ်ချိန်တွင် မိနစ် ၃၀ လျှင် မိုးပျံယာဥ်တစ်စင်း တပ်ဆင်ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ထုတ်ကုန်မိတ်ဆက်မှုပြီးနောက် XPENG AEROHT သည် မိုးပျံကား အစီးရေ ၅,၀၀၀ နီးပါး မှာယူမှု လက်ခံရရှိထားပြီး ၂၀၂၆ ခုနှစ်တွင် အများအပြားထုတ်လုပ်၊ ပို့ဆောင်ရန် စီစဥ်ထားကြောင်း ကုမ္ပဏီက ပြောကြားခဲ့သည်။

မိုးပျံကား၌ အဓိကယာဥ် (mothership) အတွက် ရည်ညွှန်းသည့် မြေပြင်သုံး ဘီးခြောက်ဘီးနှင့် ဖြုတ်တပ်နိုင်သော ဒေါင်လိုက်အတက်အဆင်းပြုလုပ်နိုင်သည့် eVTOL လျှပ်စစ်မိုးပျံယာဥ် ဖွဲ့စည်းပါဝင်သည်။

eVTOL မိုးပျံယာဥ်သည် အလိုအလျောက်နှင့် ကိုယ်တိုင်ထိန်းချုပ်မောင်းနှင်နိုင်သည့် ပျံသန်းမှုနည်းလမ်းနှစ်ခုလုံး လုပ်ဆောင်နိုင်ပြီး အလိုအလျောက်နည်းလမ်းတွင် စမတ်လမ်းကြောင်းသတ်မှတ်ရွေးချယ်ခြင်းပါရှိပြီး ပျံတက်မှုနှင့် ဆင်းသက်မှုကို ခလုတ်တစ်ချက်နှိပ်ရုံဖြင့် လုပ်ဆောင်နိုင်ကြောင်းသိရသည်။၅.၅ မီတာခန့်အရှည်ရှိသည့် အဆိုပါ မိုးပျံကားကို အများပြည်သူသုံးလမ်းများတွင် ယာဥ်မောင်းလိုင်စင်ဖြင့် မောင်းနှင်နိုင်သလို ပုံမှန်ကားရပ်နားရာနေရာများ၌လည်း ရပ်နားနိုင်ကြောင်း သိရသည်။ (Xinhua)

……….
(English Version)
World’s first flying car factory begins trial production in south China
GUANGZHOU, Nov. 3 (Xinhua) — XPENG AEROHT, the flying car affiliate of Chinese electric vehicle maker XPENG, on Monday began trial production at the world’s first intelligent factory for mass-produced flying cars — a milestone in the commercialization of next-generation transport.
Located in the Huangpu district of Guangzhou, the capital of south China’s Guangdong Province, the 120,000-square-meter plant has already rolled out the first detachable electric aircraft of its modular flying car, the “Land Aircraft Carrier.”
The facility is designed to have an annual production capacity of 10,000 detachable aircraft modules, with an initial capacity of 5,000 units. It has the largest production capacity of any factory of its kind, and will be capable of assembling one aircraft every 30 minutes once fully operational.
XPENG AEROHT has secured orders for nearly 5,000 flying cars since its product release, and mass production and delivery are scheduled in 2026, the company said.

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.